အီရန်ကို တိုက်ခိုက်ဖို့အတွက် အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်ရဲ့ပထမဆုံး ကာမီကာဇဲဒရုန်းတပ်ဖွဲ့က အဆင်သင့်ဖြစ်နေပြီလို့ဆို

182

Pika (NP News) - ဖေဖော်ဝါရီ ၂၈
အီရန်ကို တိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဆုံးဖြတ်ခဲ့မယ်ဆိုရင် အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်ရဲ့ပထမဆုံးကာမီကာဇဲဒရုန်းတပ်ဖွဲ့က ပါဝင်တိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ အမေရိကန်အရာရှိတွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
Task Force Scorpion လို့ လူသိများတဲ့ ကာမီကာဇဲဒရုန်းတပ်ဖွဲ့ဟာ အမေရိကန်ရဲ့စစ်ဘက်ဆိုင်ရာဒရုန်းတပ်ဖွဲ့တစ်ခုကနေ ဆင့်ကဲပြောင်းလဲလာတာဖြစ်တယ်လို့လည်း သိရပါတယ်။
လက်ရှိအချိန်မှာတော့ ကာမီကာဇဲဒရုန်းတပ်ဖွဲ့က စစ်ဆင်ရေးတွေအတွက် အဆင်သင့်ဖြစ်နေပြီလို့လည်း အမေရိကန်ဗဟိုကွပ်ကဲမှုဌာနချုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူ တင်မ်ဟော့ကင်းစ်က ပြောကြားခဲ့ပါတယ်။
တင်မ်ဟော့ကင်းစ်က "ကျွန်တော်တို့ရဲ့တပ်ဖွဲ့တွေကို ဆက်လက်တိုးတက်ပြောင်းလဲနေတဲ့ တိုက်ခိုက်ရေးဒရုန်းစွမ်းရည်အသစ်တွေ လျင်မြန်စွာတပ်ဆင်ပေးနိုင်ဖို့အတွက် ပြီးခဲ့တဲ့နှစ်မှာ ဒီတပ်ခွဲကို တည်ထောင်ခဲ့တာပါ” လို့ ပြောခဲ့ပါတယ်။
အီရန်နဲ့အမေရိကန်ကြား တင်းမာမှုတွေမြင့်တက်နေချိန်မှာပဲ ယခုလိုမျိုးသတင်းတွေ ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အမေရိကန်နဲ့အီရန်တို့ဟာ တင်းမာမှုမြင့်တက်နေတဲ့အခြေအနေမှာရှိနေတာဖြစ်ပြီး ဆွေးနွေးပွဲတွေ ဆက်တိုက်လုပ်ဆောင်နေပေမယ့်လည်း သိသာထင်ရှားတဲ့ တိုးတက်ပြောင်းလဲမှုတွေတော့ မရှိသေးဘူးလို့ သိရပါတယ်။

Zawgyi Version;
အီရန္ကို တိုက္ခိုက္ဖို႔အတြက္ အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္ရဲ႕ပထမဆုံး ကာမီကာဇဲဒ႐ုန္းတပ္ဖြဲ႕က အဆင္သင့္ျဖစ္ေနၿပီလို႔ဆို
Pika (NP News) - ေဖေဖာ္ဝါရီ ၂၈
အီရန္ကို တိုက္ခိုက္မႈေတြလုပ္ေဆာင္ဖို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ဆုံးျဖတ္ခဲ့မယ္ဆိုရင္ အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္ရဲ႕ပထမဆုံးကာမီကာဇဲဒ႐ုန္းတပ္ဖြဲ႕က ပါဝင္တိုက္ခိုက္မႈေတြလုပ္ေဆာင္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ အေမရိကန္အရာရွိေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
Task Force Scorpion လို႔ လူသိမ်ားတဲ့ ကာမီကာဇဲဒ႐ုန္းတပ္ဖြဲ႕ဟာ အေမရိကန္ရဲ႕စစ္ဘက္ဆိုင္ရာဒ႐ုန္းတပ္ဖြဲ႕တစ္ခုကေန ဆင့္ကဲေျပာင္းလဲလာတာျဖစ္တယ္လို႔လည္း သိရပါတယ္။
လက္ရွိအခ်ိန္မွာေတာ့ ကာမီကာဇဲဒ႐ုန္းတပ္ဖြဲ႕က စစ္ဆင္ေရးေတြအတြက္ အဆင္သင့္ျဖစ္ေနၿပီလို႔လည္း အေမရိကန္ဗဟိုကြပ္ကဲမႈဌာနခ်ဳပ္ရဲ႕ေျပာေရးဆိုခြင့္ရွိသူ တင္မ္ေဟာ့ကင္းစ္က ေျပာၾကားခဲ့ပါတယ္။
တင္မ္ေဟာ့ကင္းစ္က "ကြၽန္ေတာ္တို႔ရဲ႕တပ္ဖြဲ႕ေတြကို ဆက္လက္တိုးတက္ေျပာင္းလဲေနတဲ့ တိုက္ခိုက္ေရးဒ႐ုန္းစြမ္းရည္အသစ္ေတြ လ်င္ျမန္စြာတပ္ဆင္ေပးႏိုင္ဖို႔အတြက္ ၿပီးခဲ့တဲ့ႏွစ္မွာ ဒီတပ္ခြဲကို တည္ေထာင္ခဲ့တာပါ” လို႔ ေျပာခဲ့ပါတယ္။
အီရန္နဲ႔အေမရိကန္ၾကား တင္းမာမႈေတြျမင့္တက္ေနခ်ိန္မွာပဲ ယခုလိုမ်ိဳးသတင္းေတြ ထြက္ေပၚလာခဲ့တာပဲျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ အေမရိကန္နဲ႔အီရန္တို႔ဟာ တင္းမာမႈျမင့္တက္ေနတဲ့အေျခအေနမွာရွိေနတာျဖစ္ၿပီး ေဆြးေႏြးပြဲေတြ ဆက္တိုက္လုပ္ေဆာင္ေနေပမယ့္လည္း သိသာထင္ရွားတဲ့ တိုးတက္ေျပာင္းလဲမႈေတြေတာ့ မရွိေသးဘူးလို႔ သိရပါတယ္။