၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်တွင် ကိုယ်ဝန်ဆောင်နှင့် အသက်နှစ်နှစ်အထိကလေး (၁) သိန်းကျော်အတွက် ထောက်ပံ့ငွေ ကျပ်သန်းပေါင်း (၁) သောင်းကျော်ကို ထောက်ပံ့ပေးနိုင်ခဲ့

110

စိမ့်စမ်းရေ (NP News) - ဖေဖော်ဝါရီ ၂၈
၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်တွင် ကိုယ်ဝန်ဆောင်နှင့် အသက်နှစ်နှစ်အထိကလေး (၁) သိန်းကျော်အတွက် လူ့ဘဝအစ ရက် (၁,၀၀၀) ကာလအတွင်း အာဟာရ နှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များပြည့်မီ၍ ကလေးသူငယ်များ၏ ဦးနှောက်နှင့် ခန္ဓာကိုယ် ကောင်းစွာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ထောက်ပံ့ငွေ ကျပ်သန်းပေါင်း (၁) သောင်းကျော်ကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီ၏အချက်အလက်အရ သိရသည်။
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးကို ယမန်နေ့ (ဖေဖော်ဝါရီ ၂၇ ရက်) က လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အစည်းအဝေးသို့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ကိုယ်ဝန်ဆောင်နှင့် အသက်(၂)နှစ်အထိ ကလေးများအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ် (MCCT) အကျိုးခံစားခွင့်ရှိသူ (၁၂၉၃၅၅) ဦးအတွက် ထောက်ပံ့ငွေစုစုပေါင်း (၁၂၀၁၆ ဒသမ ၃၉၅) ကျပ်သန်းကို မြန်မာ့စီးပွားရေးဘဏ်ခွဲများမှ တစ်ဆင့်ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မွေးစမှ အသက် (၈) နှစ်အထိ ရှေးဦးအရွယ်ကလေး သူငယ်များ စနစ်တကျဖွံ့ဖြိုးတိုးတက်စေရန် မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းခဲ့ပြီး ဌာနမူလတန်းကြိုကျောင်းများဖွင့်လှစ်ခြင်း၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ခြင်း၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများကို တည်ထောင်ခွင့်ပြုမိန့်များ ထုတ်ပေးပြီး ကြီးကြပ်ခြင်း၊ မိခင်ဝိုင်းများကို အားပေးအကူအညီပေးခြင်းနှင့် ပြစ်မှုကျူးလွန်သည့် ကလေးသူငယ်များအတွက်လည်း ကလေးအခွင့်အရေးများရရှိစေရန် ကလေးသူငယ်ကြီးကြပ်သူ အစီရင်ခံစာများ တင်ပြဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version;
၂၀၂၅- ၂၀၂၆ ဘ႑ာႏွစ္တြင္ ကိုယ္ဝန္ေဆာင္ႏွင့္ အသက္ႏွစ္ႏွစ္အထိကေလး (၁) သိန္းေက်ာ္အတြက္ ေထာက္ပံ့ေငြ က်ပ္သန္းေပါင္း (၁) ေသာင္းေက်ာ္ကို ေထာက္ပံ့ေပးႏိုင္ခဲ့
စိမ့္စမ္းေရ (NP News) - ေဖေဖာ္ဝါရီ ၂၈
၂၀၂၅- ၂၀၂၆ ဘ႑ာႏွစ္တြင္ ကိုယ္ဝန္ေဆာင္ႏွင့္ အသက္ႏွစ္ႏွစ္အထိကေလး (၁) သိန္းေက်ာ္အတြက္ လူ႔ဘဝအစ ရက္ (၁,၀၀၀) ကာလအတြင္း အာဟာရ ႏွင့္ က်န္းမာေရးဆိုင္ရာ လိုအပ္ခ်က္မ်ားျပည့္မီ၍ ကေလးသူငယ္မ်ား၏ ဦးေႏွာက္ႏွင့္ ခႏၶာကိုယ္ ေကာင္းစြာ ဖြံ႕ၿဖိဳးတိုးတက္ေစရန္ ရည္႐ြယ္ၿပီး ေထာက္ပံ့ေငြ က်ပ္သန္းေပါင္း (၁) ေသာင္းေက်ာ္ကို ေထာက္ပံ့ေပးႏိုင္ခဲ့ေၾကာင္း ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာအမ်ိဳးသားေကာ္မတီ၏အခ်က္အလက္အရ သိရသည္။
ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာ အမ်ိဳးသားေကာ္မတီအစည္းအေဝးကို ယမန္ေန႔ (ေဖေဖာ္ဝါရီ ၂၇ ရက္) က လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန စုေပါင္းအစည္းအေဝးခန္းမ၌ က်င္းပခဲ့ၿပီး အစည္းအေဝးသို႔ ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာ အမ်ိဳးသားေကာ္မတီဥကၠ႒ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာစိုးဝင္းႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
အစည္းအေဝးတြင္ ကိုယ္ဝန္ေဆာင္ႏွင့္ အသက္(၂)ႏွစ္အထိ ကေလးမ်ားအား ေငြေၾကးေထာက္ပံ့ျခင္း အစီအစဥ္ (MCCT) အက်ိဳးခံစားခြင့္ရွိသူ (၁၂၉၃၅၅) ဦးအတြက္ ေထာက္ပံ့ေငြစုစုေပါင္း (၁၂၀၁၆ ဒသမ ၃၉၅) က်ပ္သန္းကို ျမန္မာ့စီးပြားေရးဘဏ္ခြဲမ်ားမွ တစ္ဆင့္ေထာက္ပံ့ေပးႏိုင္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ေမြးစမွ အသက္ (၈) ႏွစ္အထိ ေရွးဦးအ႐ြယ္ကေလး သူငယ္မ်ား စနစ္တက်ဖြံ႕ၿဖိဳးတိုးတက္ေစရန္ ျမန္မာ့ေရွးဦးအ႐ြယ္ ကေလးသူငယ္ ျပဳစုပ်ိဳးေထာင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးဆိုင္ရာ မူဝါဒ၊ ဥပေဒ၊ နည္းဥပေဒမ်ား ျပ႒ာန္းခဲ့ၿပီး ဌာနမူလတန္းႀကိဳေက်ာင္းမ်ားဖြင့္လွစ္ျခင္း၊ ကိုယ့္အားကိုယ္ကိုး မူလတန္းႀကိဳေက်ာင္းမ်ားအား ေထာက္ပံ့ျခင္း၊ ပုဂၢလိကမူလတန္းႀကိဳေက်ာင္းမ်ားကို တည္ေထာင္ခြင့္ျပဳမိန႔္မ်ား ထုတ္ေပးၿပီး ႀကီးၾကပ္ျခင္း၊ မိခင္ဝိုင္းမ်ားကို အားေပးအကူအညီေပးျခင္းႏွင့္ ျပစ္မႈက်ဴးလြန္သည့္ ကေလးသူငယ္မ်ားအတြက္လည္း ကေလးအခြင့္အေရးမ်ားရရွိေစရန္ ကေလးသူငယ္ႀကီးၾကပ္သူ အစီရင္ခံစာမ်ား တင္ျပေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။