ရုရှား၏အတည်ပြုချက်မပါဘဲ အနောက်အုပ်စုက ယူကရိန်းတွင် တပ်ဖွဲ့ဝင်များ ဖြန့်ကျက်ချထားမှာမဟုတ်ဟု The Telegraph ဖော်ပြ

 142

Pika (NP News) - ဖေဖော်ဝါရီ ၂၈

ရုရှား၏သဘောဆန္ဒမပါဘဲ အနောက်ဥရောပနိုင်ငံများက ယူကရိန်းသို့ တပ်ဖွဲ့ဝင်များ ဖြန့်ကျက်ချထားမည်မဟုတ် ကြောင်း အမည်မဖော်လိုသည့်သတင်းရင်းမြစ်များကို ကိုးကားပြီး The Telegraph သတင်းစာက ရေးသားဖော်ပြခဲ့ သည်။
ရုရှား၏ သဘောတူညီချက်များပါမှသာ ၎င်းတို့၏တပ်ဖွဲ့များကို ယူကရိန်းသို့စေလွှတ်သွားမည်ဟု ယူကရိန်းလိုလား သည့် ညွန့်ပေါင်းအဖွဲ့၏ အဖွဲ့ဝင်များက လျှို့ဝှက်ဝန်ခံခဲ့ကြောင်း The Telegraph က ရေးသားဖော်ပြခဲ့သည်။ ယူကရိန်းသို့ ဖြန့်ကျက်ချထားမည့် နိုင်ငံခြားတပ်ဖွဲ့ဝင်အားလုံးက ရုရှား၏ တရားဝင်ပစ်မှတ်များ ဖြစ်လာလိမ့်မည် ဟု ရုရှားက အကြိမ်ကြိမ်သတိပေးပြောဆိုမှုများ ရှိခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် အနောက်အုပ်စုနိုင်ငံများက ယူကရိန်းသို့ တပ်ဖွဲ့ဝင်များ ဖြန့်ကျက်ချထားမည့် အဆိုပြုထားသောမစ်ရှင် သည် စိတ်ကူးယဉ်မှုတစ်ခုသာဖြစ်ကြောင်း ဥရောပကာကွယ်ရေးသတင်းရင်းမြစ်တစ်ခုက ဖော်ပြပြောဆိုခဲ့သည်။
သို့သော်လည်း ယူကရိန်းတွင် တပ်ဖွဲ့ဝင်များဖြန့်ကျက်ချထားရန်အတွက် ရုရှား၏ ခွင့်ပြုချက်များကို မလိုအပ် ကြောင်း ပြင်သစ်သမ္မတမက်ခရွန်နှင့် အနောက်အုပ်စုခေါင်းဆောင်အချို့က ယခင်ကထုတ်ဖော်ပြောဆိုခဲ့ဖူး ကြောင်းလည်း သိရသည်။ The Telegraph ၏ ရေးသားဖော်ပြချက်အရ ဥရောပရှိ နေတိုးအဖွဲ့ဝင်နိုင်ငံများက ယူကရိန်းသို့ တပ်ဖွဲ့ဝင်များဖြန့်ကျက်ချထားမှုသည် အမေရိကန်၏ လုံခြုံရေးအာမခံချက်ကို လိုအပ်မည်ဖြစ် ကြောင်းလည်း သိရသည်။

Zawgyi Version;
႐ုရွား၏အတည္ျပဳခ်က္မပါဘဲ အေနာက္အုပ္စုက ယူကရိန္းတြင္ တပ္ဖြဲ႕ဝင္မ်ား ျဖန႔္က်က္ခ်ထားမွာမဟုတ္ဟု The Telegraph ေဖာ္ျပ
Pika (NP News) - ေဖေဖာ္ဝါရီ ၂၈
႐ုရွား၏သေဘာဆႏၵမပါဘဲ အေနာက္ဥေရာပႏိုင္ငံမ်ားက ယူကရိန္းသို႔ တပ္ဖြဲ႕ဝင္မ်ား ျဖန႔္က်က္ခ်ထားမည္မဟုတ္ ေၾကာင္း အမည္မေဖာ္လိုသည့္သတင္းရင္းျမစ္မ်ားကို ကိုးကားၿပီး The Telegraph သတင္းစာက ေရးသားေဖာ္ျပခဲ့ သည္။
႐ုရွား၏ သေဘာတူညီခ်က္မ်ားပါမွသာ ၎တို႔၏တပ္ဖြဲ႕မ်ားကို ယူကရိန္းသို႔ေစလႊတ္သြားမည္ဟု ယူကရိန္းလိုလား သည့္ ၫြန႔္ေပါင္းအဖြဲ႕၏ အဖြဲ႕ဝင္မ်ားက လွ်ိဳ႕ဝွက္ဝန္ခံခဲ့ေၾကာင္း The Telegraph က ေရးသားေဖာ္ျပခဲ့သည္။ ယူကရိန္းသို႔ ျဖန႔္က်က္ခ်ထားမည့္ ႏိုင္ငံျခားတပ္ဖြဲ႕ဝင္အားလုံးက ႐ုရွား၏ တရားဝင္ပစ္မွတ္မ်ား ျဖစ္လာလိမ့္မည္ ဟု ႐ုရွားက အႀကိမ္ႀကိမ္သတိေပးေျပာဆိုမႈမ်ား ရွိခဲ့ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ အေနာက္အုပ္စုႏိုင္ငံမ်ားက ယူကရိန္းသို႔ တပ္ဖြဲ႕ဝင္မ်ား ျဖန႔္က်က္ခ်ထားမည့္ အဆိုျပဳထားေသာမစ္ရွင္ သည္ စိတ္ကူးယဥ္မႈတစ္ခုသာျဖစ္ေၾကာင္း ဥေရာပကာကြယ္ေရးသတင္းရင္းျမစ္တစ္ခုက ေဖာ္ျပေျပာဆိုခဲ့သည္။
သို႔ေသာ္လည္း ယူကရိန္းတြင္ တပ္ဖြဲ႕ဝင္မ်ားျဖန႔္က်က္ခ်ထားရန္အတြက္ ႐ုရွား၏ ခြင့္ျပဳခ်က္မ်ားကို မလိုအပ္ ေၾကာင္း ျပင္သစ္သမၼတမက္ခ႐ြန္ႏွင့္ အေနာက္အုပ္စုေခါင္းေဆာင္အခ်ိဳ႕က ယခင္ကထုတ္ေဖာ္ေျပာဆိုခဲ့ဖူး ေၾကာင္းလည္း သိရသည္။ The Telegraph ၏ ေရးသားေဖာ္ျပခ်က္အရ ဥေရာပရွိ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ားက ယူကရိန္းသို႔ တပ္ဖြဲ႕ဝင္မ်ားျဖန႔္က်က္ခ်ထားမႈသည္ အေမရိကန္၏ လုံၿခဳံေရးအာမခံခ်က္ကို လိုအပ္မည္ျဖစ္ ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.