မက္ကဆီကိုက မူးယစ်ဒုစရိုက်ဂိုဏ်းများကို နှစ် ၂၀ မျှနှိမ်နင်းသော်လည်း မအောင်မြင်ရခြင်း၏ အကြောင်းရင်းများ (ဘာသာပြန် အတွေးအမြင် ဆောင်းပါး)

311

HtayOung (NP News)-မတ် ၂
မက္ကဆီကိုနိုင်ငံဟာ “ကာတယ်လ်” ခေါ် “မူးယစ်ဒုစရိုက်ဂိုဏ်းများ” ကို ဆယ်စုနှစ် နှစ်ခုနီးပါး ဖြိုခွင်းနေခဲ့ပေမယ့် အစိုးရအဆက်ဆက် မဟာဗျူဟာ မှားယွင်းမှုများကြောင့် ဂိုဏ်းများရဲ့ ဩဇာလွှမ်းမိုးမှုကို ယခုတိုင် ခံစားနေရဆဲ ဖြစ်တယ်လို့ နိုင်ငံတကာ သတင်းထောက်များ အယ်ဒီတာများရဲ့ ဝေဖန်သုံးသပ်များကို ဖော်ပြပေးတဲ့ သြစတြေးလျအခြေစိုက် “ကွန်ဗာဇေးရှင်း” (27 February 2026) မှာ ဖတ်ရှု့ရပါတယ်။
စနစ်တကျ ကျူးလွန်သော ရာဇဝတ်မှုများဆိုင်ရာ နိုင်ငံတကာ အညွှန်းကိန်းမှာ ၂၀၂၁-ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ မက္ကဆီကိုက တတိယနေရာမှာ အိန္ဒြေရ တည်မြဲနေပါတယ်။
လွန်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၂-ရက်နေ့မှာ မက္ကဆီကိုစစ်တပ်က ဟာလက်စ်ကို မျိုးဆက်သစ် မူးယစ်ဒုစရိုက်ဂိုဏ်း (CJNG) ခေါင်းဆောင် “အယ်လ်မန်ချို”ကို အသေဖမ်းဆီးခဲ့ပါတယ်။ အယ်လ်မန်ချို လို့ လူသိများတဲ့ အသက် ၅၉-နှစ်အရွယ် “နီမာစီယို အိုစီဂူရာ ဆီဗန်တီ”သေဆုံးရခြင်းကို လက်တုန့်ပြန်တဲ့ မူးယစ်ဒုစရိုက်သမားတို့က နိုင်ငံအနှံ့မြိ့ရွာများမှာ လမ်းပိတ်ဆို့ခြင်း၊ မော်တော်ယာဉ်များကို ပြန်ပေးဆွဲ မီးရှို့ခြင်းနဲ့ အကျဉ်းထောင်များကို စီးနင်းပြီး အကျဉ်းသားများကို လွှတ်ပေးခဲ့ပါတယ်။ ဘတ်စ်ကားလိုင်းများ၊ လေဆိပ်များမှာ လုံခြုံရေးခြိမ်းခြောက် ခံရတဲ့အတွက် ပြည်တွင်း-ပြည်ပလေယာဉ်ခရီးစဉ်များ ရပ်ဆိုင်းသွားပြီး မငြိမ်သက်မှုများကြောင့် မက္တဆီကို အစိုးရက နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာရတဲ့အထိ ဒုစရိုက်သမားများက ရဲနဲ့ စစ်တပ်ကို အသက်ရှိတယ်လို့တောင် သဘောမထားကြောင်း ညွှန်ပြနေပါတယ်။
မက္ကဆီကိုအစိုးရက ဂိုဏ်းခေါင်းဆောင်များကို ဖမ်းဆီးခြင်း- လုပ်ကြံသတ်ဖြတ်ခြင်းနည်းလမ်းကို နှစ်ပေါင်းများ စွာ ကျင့်သုံးခဲ့ပေမယ့် ထိရောက်မှု မရှိခဲ့ပါ။ ဘာ့ကြောင့်လဲဆိုတော့ ခေါင်းဆောင်တစ်ဦး ဖမ်းဆီး-ဖျောက်ဖျက် ခံရသည်နဲ့တပြိုင်နက် အစားထိုးသူများ ချက်ချင်းပေါ်ပေါက်လာပြီး ဒုစရိုက် ဂိုဏ်းအချင်းချင်း နယ်မြေလုပွဲများ ပိုမိုပြင်းထန်လာခြင်းသာ အဖတ်တင်လို့ ဖြစ်တယ်။
လက်တင်အမေရိကနိုင်ငံတွေမှာ ကွန်မြူနစ်သူပုန်များရှိနေပါတယ်။ သောင်းကျန်းသူတွေဟာ အရင်းရှင်-အာ ဏာရှင်တိုက်ဖျက်ရေးနဲ့ ဆင်းရဲသားဘုံဝါဒအကြောင်း ပါးစပ်က အမြှုပ်ထွက်အောင် ပြောနေကြပေမယ့် လက် တွေ့မှာတော့ သူတို့အတွက် ရံပုံငွေနဲ့ ခေတ်မီလက်နက်ဖြည့်တင်းနိုင်ဖို့ မူးယစ်ဆေးကုန်ကူမှုနဲ့ အပင်လိမ်ကြ တာချည့်ပါပဲ။
ကိုလံဘီယာနိုင်ငံမှာဆိုရင် အင်အားအကြီးဆုံး လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ FARC က ၂၀၁၆-ခုနှစ်မှာ ကိုလံဘီယာအစိုးရနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုရရှိခဲ့ပြီး ကုလသမဂ္ဂရဲ့ ကြီးကြပ်မှုအောက်မှာ လက်နက်ဖြုတ် သိမ်းခဲ့ကြပါတယ်။ ၁၉၆၄-ခုနှစ်မှာ စတင်ခဲ့ပြီး လက်တင်အမေရိကရဲ့ သက်တမ်းအရှည်ဆုံး အင်အားအကြီး ဆုံး FARC တစ်ဖွဲ့လုံး တရားဝင်မြေ ပေါ်ပါတီအဖြစ် ငြိမ်းချမ်းစွာပြောင်းလဲသွားရာ ပြည်တွင်း ပဋိပက္ခများနဲ့ လုံးထွေးနေဆဲ နိုင်ငံများအတွက် အတုယူ အားကျဖွယ်ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် FARC ခွဲထွက် အင်အား ၂၀၀၀-၂၅၀၀ ခန်တို့က ဗင်နီဇွဲလားနယ်စပ်မှာ “အမျိုးသားလွတ်မြောက်ရေးတပ်” ELN ကို ထူထောင်ပြီး ကို လံဘီယာအစိုးရနဲ့ စစ်တပ်ကို ဆန့်ကျင် တိုက်ခိုက်နေပါတယ်။ အစိုးရရဲ့ အကျင့်ပျက်ခြစားမှုနဲ့ နိုင်ငံရေး မကျေ နပ်ချက်များကို ဖော်ပြထားပေမယ့် လက်နက်ကိုင် မူးယစ်ကုန်ကူးမှုများမှာ ဆက်လက် လုပ်ကိုင်နေပါတယ်။
လက်တင်အမေရိက မူးယစ်ဂိုဏ်းတွေဟာ လူမျိုးစု ကိုယ်ပိုင်အုပ်ချုပ်ခွင့် သို့မဟုတ် အာဏာရှင်တော်လှန်ရေး စသဖြင့် နိုင်ငံရေး အကြောင်းပြချက်များနဲ့စတင်ပေါ်ပေါက်လာခြင်းတော့ မဟုတ်ပါဘူး။ စီးပွားရေးအကျိုး အ မြတ်အတွက်သာ အဓိကဖြစ်ပါတယ်။ ဒါပေမဲ့ မူးယစ်ဂိုဏ်းများရဲ့ လှုပ်ရှားမှုတွေဟာ ဒေသခံ လူမှုအဖွဲ့အ စည်းများနဲ့ ရှုပ်ထွေးစွာ ဆက်နွယ်နေပြီး အချို့ကိစ္စရပ်များမှာ နိုင်ငံရေး အင်အားစုများနဲ့ ပေါင်းစပ်မိတဲ့အထိ ဖြစ်သွားတတ်ပါတယ်။
မက္ကဆီကို မူးယစ်ဒုစရိုင်ဂိုဏ်းများ အင်အားကြီးမားရခြင်း၏ အဓိကအကြောင်းရင်းများမှာ-
၁။ တရားစီရင်ရေးမှာ အဂတိလိုက်စားမှုရှိနေပြီး ပြစ်မှုကျူးလွန်သူ ၉၅% ခန့်ဟာ အပြစ်ပေး မခံရယုံမက ဂုဏ်သရေရှိ လူကြီးလူကောင်းပမာ စီးပွားရေး နိုင်ငံရေးမှာ သြှဇာလွှမ်းမိုးပါတယ်။
၂။ လူငယ် လူရွယ်တို့ အလုပ်လက်မဲ့နှုန်းက ဆယ်စုနှစ်ပေါင်းများစွာ မြင့်မားနေခဲ့တယ်။
၃။ ဒုစရိုက်ဂိုဏ်းသားတွေဟာ လူ့အသက်ကို တန်ဖိုးမထားကြပါဘူး၊ သွေးချောင်းစီး ရက်ရက်စက်စက် လုပ်ပြခြင်းဖြင့် လူထုကို အကြောက်တရားနဲ့ ချုပ်ကိုင်ပါတယ်။
လက်ရှိသမ္မတ ကလော်ဒီယာ ရှိန်းဘောမ်ကတော့ "ပလန်မက္ကဆီကို" အစီအစဉ် အရ လူငယ်အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန် ကြိုးပမ်းနေပေမယ့် စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးမှုကြောင့် အခက်အ ခဲများနဲ့ လုံးထွေးနေပါတယ်။
အတိုချုပ်ဆိုရလျင် မက္ကဆီကိုဟာ စစ်ရေးနည်းလမ်းအရ မူးယစ်ဒုစရိုက်ဂိုဏ်းများကို နှိမ်နင်းယုံနဲ့ မလုံလောက် ကြောင်း၊ ဆင်းရဲမွဲတေမှု၊ ဆင်းရဲချမ်းသာ ကွာဟလွန်းမှုတို့ကို ဖြည့်ဆည်းရန် လိုအပ်ကြောင်း ဖော်ပြနေတယ်။ ဝန်ထမ်းလောကမှာ အပြစ်ရှိသူကို ကြိုက်သလောက် လူပြောင်းပေမယ့် အကျင့်ပျက်ခြစားမှု အမြစ်တွယ်နေတဲ့ တရားရေး-ရဲ-စစ်တပ်လောကဟာ “ချဉ်ပတ်အိုးကြီး” လို ဖြစ်နေပြီး လာသမျှ “ချဉ်ပတ်” ဖြစ်နေကြပါတယ်။ အဲ့ ဒါတွေကို အခြေခံကျကျ ဖြေရှင်းမှသာ မက္ကဆီကိုအနေနဲ့ မူးယစ်ဒုစရိုက်ဂိုဏ်းများရဲ့ အနိုင်ကျင့် လွှမ်းမိုးမှုက လွတ်မြောက်နိုင်မယ်လို့ ကွန်ဗာဇေးရှင်းက ဆိုပါတယ်။

Zawgyi Version:
မကၠဆီကိုက မူးယစ္ဒုစ႐ိုက္ဂိုဏ္းမ်ားကို ႏွစ္ ၂၀ မွ်ႏွိမ္နင္းေသာ္လည္း မေအာင္ျမင္ရျခင္း၏ အေၾကာင္းရင္းမ်ား
(ဘာသာျပန္ အေတြးအျမင္ ေဆာင္းပါး)
HtayOung (NP News)-မတ္ ၂
မကၠဆီကိုႏိုင္ငံဟာ “ကာတယ္လ္” ေခၚ “မူးယစ္ဒုစ႐ိုက္ဂိုဏ္းမ်ား” ကို ဆယ္စုႏွစ္ ႏွစ္ခုနီးပါး ၿဖိဳခြင္းေနခဲ့ေပမယ့္ အစိုးရအဆက္ဆက္ မဟာဗ်ဴဟာ မွားယြင္းမႈမ်ားေၾကာင့္ ဂိုဏ္းမ်ားရဲ႕ ဩဇာလႊမ္းမိုးမႈကို ယခုတိုင္ ခံစားေနရဆဲ ျဖစ္တယ္လို႔ ႏိုင္ငံတကာ သတင္းေထာက္မ်ား အယ္ဒီတာမ်ားရဲ႕ ေဝဖန္သုံးသပ္မ်ားကို ေဖာ္ျပေပးတဲ့ ၾသစေၾတးလ်အေျခစိုက္ “ကြန္ဗာေဇးရွင္း” (27 February 2026) မွာ ဖတ္ရႈ႕ရပါတယ္။
စနစ္တက် က်ဴးလြန္ေသာ ရာဇဝတ္မႈမ်ားဆိုင္ရာ ႏိုင္ငံတကာ အၫႊန္းကိန္းမွာ ၂၀၂၁-ခုႏွစ္မွ ၂၀၂၅ ခုႏွစ္အထိ မကၠဆီကိုက တတိယေနရာမွာ အိေျႏၵရ တည္ၿမဲေနပါတယ္။
လြန္ခဲ့တဲ့ ေဖေဖာ္ဝါရီ ၂၂-ရက္ေန႔မွာ မကၠဆီကိုစစ္တပ္က ဟာလက္စ္ကို မ်ိဳးဆက္သစ္ မူးယစ္ဒုစ႐ိုက္ဂိုဏ္း (CJNG) ေခါင္းေဆာင္ “အယ္လ္မန္ခ်ိဳ”ကို အေသဖမ္းဆီးခဲ့ပါတယ္။ အယ္လ္မန္ခ်ိဳ လို႔ လူသိမ်ားတဲ့ အသက္ ၅၉-ႏွစ္အ႐ြယ္ “နီမာစီယို အိုစီဂူရာ ဆီဗန္တီ”ေသဆုံးရျခင္းကို လက္တုန႔္ျပန္တဲ့ မူးယစ္ဒုစ႐ိုက္သမားတို႔က ႏိုင္ငံအႏွံ႔ၿမိ့႐ြာမ်ားမွာ လမ္းပိတ္ဆို႔ျခင္း၊ ေမာ္ေတာ္ယာဥ္မ်ားကို ျပန္ေပးဆြဲ မီးရႈိ႕ျခင္းနဲ႔ အက်ဥ္းေထာင္မ်ားကို စီးနင္းၿပီး အက်ဥ္းသားမ်ားကို လႊတ္ေပးခဲ့ပါတယ္။ ဘတ္စ္ကားလိုင္းမ်ား၊ ေလဆိပ္မ်ားမွာ လုံၿခဳံေရးၿခိမ္းေျခာက္ ခံရတဲ့အတြက္ ျပည္တြင္း-ျပည္ပေလယာဥ္ခရီးစဥ္မ်ား ရပ္ဆိုင္းသြားၿပီး မၿငိမ္သက္မႈမ်ားေၾကာင့္ မကၱဆီကို အစိုးရက ႏိုင္ငံေတာ္အေရးေပၚအေျခအေနေၾကညာရတဲ့အထိ ဒုစ႐ိုက္သမားမ်ားက ရဲနဲ႔ စစ္တပ္ကို အသက္ရွိတယ္လို႔ေတာင္ သေဘာမထားေၾကာင္း ၫႊန္ျပေနပါတယ္။
မကၠဆီကိုအစိုးရက ဂိုဏ္းေခါင္းေဆာင္မ်ားကို ဖမ္းဆီးျခင္း- လုပ္ႀကံသတ္ျဖတ္ျခင္းနည္းလမ္းကို ႏွစ္ေပါင္းမ်ား စြာ က်င့္သုံးခဲ့ေပမယ့္ ထိေရာက္မႈ မရွိခဲ့ပါ။ ဘာ့ေၾကာင့္လဲဆိုေတာ့ ေခါင္းေဆာင္တစ္ဦး ဖမ္းဆီး-ေဖ်ာက္ဖ်က္ ခံရသည္နဲ႔တၿပိဳင္နက္ အစားထိုးသူမ်ား ခ်က္ခ်င္းေပၚေပါက္လာၿပီး ဒုစ႐ိုက္ ဂိုဏ္းအခ်င္းခ်င္း နယ္ေျမလုပြဲမ်ား ပိုမိုျပင္းထန္လာျခင္းသာ အဖတ္တင္လို႔ ျဖစ္တယ္။
လက္တင္အေမရိကႏိုင္ငံေတြမွာ ကြန္ျမဴနစ္သူပုန္မ်ားရွိေနပါတယ္။ ေသာင္းက်န္းသူေတြဟာ အရင္းရွင္-အာ ဏာရွင္တိုက္ဖ်က္ေရးနဲ႔ ဆင္းရဲသားဘုံဝါဒအေၾကာင္း ပါးစပ္က အျမႇဳပ္ထြက္ေအာင္ ေျပာေနၾကေပမယ့္ လက္ ေတြ႕မွာေတာ့ သူတို႔အတြက္ ရံပုံေငြနဲ႔ ေခတ္မီလက္နက္ျဖည့္တင္းႏိုင္ဖို႔ မူးယစ္ေဆးကုန္ကူမႈနဲ႔ အပင္လိမ္ၾက တာခ်ည့္ပါပဲ။
ကိုလံဘီယာႏိုင္ငံမွာဆိုရင္ အင္အားအႀကီးဆုံး လက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕ FARC က ၂၀၁၆-ခုႏွစ္မွာ ကိုလံဘီယာအစိုးရနဲ႔ ၿငိမ္းခ်မ္းေရး သေဘာတူညီမႈရရွိခဲ့ၿပီး ကုလသမဂၢရဲ႕ ႀကီးၾကပ္မႈေအာက္မွာ လက္နက္ျဖဳတ္ သိမ္းခဲ့ၾကပါတယ္။ ၁၉၆၄-ခုႏွစ္မွာ စတင္ခဲ့ၿပီး လက္တင္အေမရိကရဲ႕ သက္တမ္းအရွည္ဆုံး အင္အားအႀကီး ဆုံး FARC တစ္ဖြဲ႕လုံး တရားဝင္ေျမ ေပၚပါတီအျဖစ္ ၿငိမ္းခ်မ္းစြာေျပာင္းလဲသြားရာ ျပည္တြင္း ပဋိပကၡမ်ားနဲ႔ လုံးေထြးေနဆဲ ႏိုင္ငံမ်ားအတြက္ အတုယူ အားက်ဖြယ္ျဖစ္ခဲ့ရပါတယ္။ ဒါေပမယ့္ FARC ခြဲထြက္ အင္အား ၂၀၀၀-၂၅၀၀ ခန္တို႔က ဗင္နီဇြဲလားနယ္စပ္မွာ “အမ်ိဳးသားလြတ္ေျမာက္ေရးတပ္” ELN ကို ထူေထာင္ၿပီး ကို လံဘီယာအစိုးရနဲ႔ စစ္တပ္ကို ဆန႔္က်င္ တိုက္ခိုက္ေနပါတယ္။ အစိုးရရဲ႕ အက်င့္ပ်က္ျခစားမႈနဲ႔ ႏိုင္ငံေရး မေက် နပ္ခ်က္မ်ားကို ေဖာ္ျပထားေပမယ့္ လက္နက္ကိုင္ မူးယစ္ကုန္ကူးမႈမ်ားမွာ ဆက္လက္ လုပ္ကိုင္ေနပါတယ္။
လက္တင္အေမရိက မူးယစ္ဂိုဏ္းေတြဟာ လူမ်ိဳးစု ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ သို႔မဟုတ္ အာဏာရွင္ေတာ္လွန္ေရး စသျဖင့္ ႏိုင္ငံေရး အေၾကာင္းျပခ်က္မ်ားနဲ႔စတင္ေပၚေပါက္လာျခင္းေတာ့ မဟုတ္ပါဘူး။ စီးပြားေရးအက်ိဳး အ ျမတ္အတြက္သာ အဓိကျဖစ္ပါတယ္။ ဒါေပမဲ့ မူးယစ္ဂိုဏ္းမ်ားရဲ႕ လႈပ္ရွားမႈေတြဟာ ေဒသခံ လူမႈအဖြဲ႕အ စည္းမ်ားနဲ႔ ရႈပ္ေထြးစြာ ဆက္ႏြယ္ေနၿပီး အခ်ိဳ႕ကိစၥရပ္မ်ားမွာ ႏိုင္ငံေရး အင္အားစုမ်ားနဲ႔ ေပါင္းစပ္မိတဲ့အထိ ျဖစ္သြားတတ္ပါတယ္။
မကၠဆီကို မူးယစ္ဒုစ႐ိုင္ဂိုဏ္းမ်ား အင္အားႀကီးမားရျခင္း၏ အဓိကအေၾကာင္းရင္းမ်ားမွာ-
၁။ တရားစီရင္ေရးမွာ အဂတိလိုက္စားမႈရွိေနၿပီး ျပစ္မႈက်ဴးလြန္သူ ၉၅% ခန႔္ဟာ အျပစ္ေပး မခံရယုံမက ဂုဏ္သေရရွိ လူႀကီးလူေကာင္းပမာ စီးပြားေရး ႏိုင္ငံေရးမွာ ၾသႇဇာလႊမ္းမိုးပါတယ္။
၂။ လူငယ္ လူ႐ြယ္တို႔ အလုပ္လက္မဲ့ႏႈန္းက ဆယ္စုႏွစ္ေပါင္းမ်ားစြာ ျမင့္မားေနခဲ့တယ္။
၃။ ဒုစ႐ိုက္ဂိုဏ္းသားေတြဟာ လူ႔အသက္ကို တန္ဖိုးမထားၾကပါဘူး၊ ေသြးေခ်ာင္းစီး ရက္ရက္စက္စက္ လုပ္ျပျခင္းျဖင့္ လူထုကို အေၾကာက္တရားနဲ႔ ခ်ဳပ္ကိုင္ပါတယ္။
လက္ရွိသမၼတ ကေလာ္ဒီယာ ရွိန္းေဘာမ္ကေတာ့ "ပလန္မကၠဆီကို" အစီအစဥ္ အရ လူငယ္အလုပ္အကိုင္ အခြင့္အလမ္းမ်ား ဖန္တီးေပးရန္ ႀကိဳးပမ္းေနေပမယ့္ စီးပြားေရးတိုးတက္မႈႏႈန္း ေႏွးေကြးမႈေၾကာင့္ အခက္အ ခဲမ်ားနဲ႔ လုံးေထြးေနပါတယ္။
အတိုခ်ဳပ္ဆိုရလ်င္ မကၠဆီကိုဟာ စစ္ေရးနည္းလမ္းအရ မူးယစ္ဒုစ႐ိုက္ဂိုဏ္းမ်ားကို ႏွိမ္နင္းယုံနဲ႔ မလုံေလာက္ ေၾကာင္း၊ ဆင္းရဲမြဲေတမႈ၊ ဆင္းရဲခ်မ္းသာ ကြာဟလြန္းမႈတို႔ကို ျဖည့္ဆည္းရန္ လိုအပ္ေၾကာင္း ေဖာ္ျပေနတယ္။ ဝန္ထမ္းေလာကမွာ အျပစ္ရွိသူကို ႀကိဳက္သေလာက္ လူေျပာင္းေပမယ့္ အက်င့္ပ်က္ျခစားမႈ အျမစ္တြယ္ေနတဲ့ တရားေရး-ရဲ-စစ္တပ္ေလာကဟာ “ခ်ဥ္ပတ္အိုးႀကီး” လို ျဖစ္ေနၿပီး လာသမွ် “ခ်ဥ္ပတ္” ျဖစ္ေနၾကပါတယ္။ အဲ့ ဒါေတြကို အေျခခံက်က် ေျဖရွင္းမွသာ မကၠဆီကိုအေနနဲ႔ မူးယစ္ဒုစ႐ိုက္ဂိုဏ္းမ်ားရဲ႕ အႏိုင္က်င့္ လႊမ္းမိုးမႈက လြတ္ေျမာက္ႏိုင္မယ္လို႔ ကြန္ဗာေဇးရွင္းက ဆိုပါတယ္။