မြစ်ကြီးနားသို့ စစ်ဘေးရှောင်ပမာဏ တိုးလာပြီးနောက် အိမ်ခြံမြေဈေးမှာ လေးဆအထိ မြင့်တက်နေ

119

ထိုက်စံ (NP News)-မတ် ၂
ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ စစ်ဘေးရှောင်များ မြစ်ကြီးနားမြို့သို့ ဝင်ရောက်မှု များပြားလာပြီးသည့်နောက် မြစ်ကြီးနားတွင် အိမ်ခြံမြေဈေးမှာ လေးဆခန့်အထိမြင့်တက်နေကြောင်း ဒေ သခံများထံမှသိရသည်။
“စစ်ကိုင်းဘက်ကပါမယ်။ ဝိုင်းမော်ရဲ့ ဟို ဘက်က တာလောကြီးကလူတွေပေါ့။ နောက်ပြီး ရွှေဘို ဘက်လူတွေပေါ့။ ဗန်းမော်ဘက်ကလူတွေ လည်းတွေ့တယ်။ စစ်ကိုင်းဘက်က တချို့ရွာတွေလည်း လာ ကြတယ်” ဟု မြို့ခံတစ်ဦးက NP News သို့ပြောသည်။
ပြီးခဲ့သည့် (၂၀၂၃)ခုနှစ်ခန့်က မြစ်ကြီးနားမြို့ အစွန်ရပ်ကွက်များရှိ ပေ (၄၀x၆၀) မြေကွက် တစ် ကွက်လျှင် ကျပ်(၈၅)သိန်းခန့် ပေါက်ဈေးရှိခဲ့ သော်လည်း လက်ရှိတွင် ပေ(၄၀_၆၀)မြေကွက်တစ်ကွက် လျှင် ကျပ်သိန်း(၃၅၀)မှ သိန်း(၄၀ဝ)အထိ ပေါက်ဈေးရှိနေသဖြင့်(၄)ဆခန့်အထိ မြင့်တက်လာခြင်းဖြစ် ကြောင်းသိရသည်။
“အရင်က မြို့ထဲမှာ သိန်း(၂၅၀ဝ)လောက် ရှိတဲ့အိမ်ဝင်းက အခုဆိုရင်တော့ သိန်းပေါင်း သောင်း ချီသွားပြီပေါ့။ အခုက (၄)ဆလောက်တက်သွားပြီ ပေါ့။ အခု မြို့တွင်းမကျတဲ့နေရာ (၄၀ထ၆၀) တစ် ကွက်ကို အရင်က (၈၅)သိန်းပေါက်တယ်။ အခုက တော့ သိန်း(၃၅၀)၊ သိန်း(၄၀ဝ)လောက် ဖြစ်သွား ပြီ”ဟု ၎င်းကပြောသည်။
အလားတူ အိမ်ငှားရမ်းခဈေးနှုန်းများသည်လည်း ပြီးခဲ့သည့် (၂၀၂၃)ခုနှစ်နှင့်နှိုင်းယှဉ်ပါက လက် ရှိ (၂၀၂၆)ခုနှစ်တွင် (၄)ဆခန့်မြင့်တက်သွား ကြောင်းသိရသည်။ “အိမ်အငှားတွေကလည်း အရင်တုန်းက ဆိုရင် (၅၀ဝဝဝ)ပဲရှိတဲ့အိမ်ခန်းတွေက အခု (၁၅၀ဝဝဝ)။ (၄)ဆလောက်တက်တယ်။ မီးရော အိမ်ရော အပါပေါ့။ မြို့ထဲမှာတော့ အရင်(၂၀ဝဝဝ၀)ပဲ ရှိတဲ့ဟာက အခု (၇၀ဝဝဝ၀) လောက်ရှိတယ်။ ဆိုင်ခန်း လေးတစ်ခန်းတောင်မှ ငှားခက (၄၀ဝဝဝ၀)လောက်ရှိတယ်”ဟု ၎င်းကပြောသည်။ အဆိုပါ စစ်ဘေး ရှောင်လာသည့်ပြည်သူများမှာ မြို့စွန်ရပ်ကွက်များတွင် အဝယ်နှင့်အငှားများကြောင်းသိရသည်။
“မြို့တွင်းလည်းမကျ မြို့ပြင်လည်းမကျ တဲ့နေရာတွေ အဝယ်များတယ်။ တချို့နေရာတွေဆို လူတွေတော်တော်စည်သွားပြီ။ ပြီးခဲ့တဲ့ မြစ်ကြီးနား ရေကြီးသွားတာက တစ်မြို့လုံး မြုပ်သလိုဖြစ်သွား တော့ အတော်များများ ဆုံးရှုံးမှုများခဲ့ကြတာပေါ့။ အဲဒီအခါကျတော့ အဲဒီဘက်ကလူတွေက ရေမနစ် တဲ့နေရာတွေ အဝယ်များလာကြတယ်”ဟု ၎င်းကပြောသည်။
မြစ်ကြီးနားမြို့တစ်ဖက်ကမ်းရှိ ဝိုင်းမော် မြို့နယ်တွင် KIA တိုက်ပွဲဖော်ဆောင်ခြင်းအချို့ ရှိခဲ့ သည်တိုင် မြစ်ကြီးနားမြေဈေးကို မထိခိုက်ကြောင်း ၎င်းကဆိုသည်။ “အဆိုးဆုံးအခြေအနေပြောမယ် ဆိုရင် အခုထက် ဟိုအရင်တုန်းကပေါ့လေ။ (၅၈)တပ်ရင်း အတိုက်ခံရတာတွေ၊ ဟိုပမ္မတီးဘက်ကလေး တွေ တိုက်ခံရတာမျိုးတွေ အကြီးဆုံးပဲ ဖြစ်ဖူးတာ။ အဲဒီလို ဖြစ်နေတာတောင်မှ မြစ်ကြီးနားမြို့တွင်းမှာ အိမ်ခြံမြေတွေက ဖြစ်နေဆဲပဲ။ အရောင်းအဝယ်လည်း ဖြစ်နေကြတာပဲ။ ရပ်တန့်သွားတာမျိုးတော့ မရှိ ဘူး”ဟု ၎င်း ကပြောသည်။

Zawgyi Version:
ျမစ္ႀကီးနားသို႔ စစ္ေဘးေရွာင္ပမာဏ တိုးလာၿပီးေနာက္ အိမ္ၿခံေျမေဈးမွာ ေလးဆအထိ ျမင့္တက္ေန
ထိုက္စံ (NP News)-မတ္ ၂
ကခ်င္ျပည္နယ္ႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးမွ စစ္ေဘးေရွာင္မ်ား ျမစ္ႀကီးနားၿမိဳ႕သို႔ ဝင္ေရာက္မႈ မ်ားျပားလာၿပီးသည့္ေနာက္ ျမစ္ႀကီးနားတြင္ အိမ္ၿခံေျမေဈးမွာ ေလးဆခန႔္အထိျမင့္တက္ေနေၾကာင္း ေဒ သခံမ်ားထံမွသိရသည္။
“စစ္ကိုင္းဘက္ကပါမယ္။ ဝိုင္းေမာ္ရဲ႕ ဟို ဘက္က တာေလာႀကီးကလူေတြေပါ့။ ေနာက္ၿပီး ေ႐ႊဘို ဘက္လူေတြေပါ့။ ဗန္းေမာ္ဘက္ကလူေတြ လည္းေတြ႕တယ္။ စစ္ကိုင္းဘက္က တခ်ိဳ႕႐ြာေတြလည္း လာ ၾကတယ္” ဟု ၿမိဳ႕ခံတစ္ဦးက NP News သို႔ေျပာသည္။
ၿပီးခဲ့သည့္ (၂၀၂၃)ခုႏွစ္ခန႔္က ျမစ္ႀကီးနားၿမိဳ႕ အစြန္ရပ္ကြက္မ်ားရွိ ေပ (၄၀x၆၀) ေျမကြက္ တစ္ ကြက္လွ်င္ က်ပ္(၈၅)သိန္းခန႔္ ေပါက္ေဈးရွိခဲ့ ေသာ္လည္း လက္ရွိတြင္ ေပ(၄၀_၆၀)ေျမကြက္တစ္ကြက္ လွ်င္ က်ပ္သိန္း(၃၅၀)မွ သိန္း(၄၀ဝ)အထိ ေပါက္ေဈးရွိေနသျဖင့္(၄)ဆခန႔္အထိ ျမင့္တက္လာျခင္းျဖစ္ ေၾကာင္းသိရသည္။
“အရင္က ၿမိဳ႕ထဲမွာ သိန္း(၂၅၀ဝ)ေလာက္ ရွိတဲ့အိမ္ဝင္းက အခုဆိုရင္ေတာ့ သိန္းေပါင္း ေသာင္း ခ်ီသြားၿပီေပါ့။ အခုက (၄)ဆေလာက္တက္သြားၿပီ ေပါ့။ အခု ၿမိဳ႕တြင္းမက်တဲ့ေနရာ (၄၀ထ၆၀) တစ္ ကြက္ကို အရင္က (၈၅)သိန္းေပါက္တယ္။ အခုက ေတာ့ သိန္း(၃၅၀)၊ သိန္း(၄၀ဝ)ေလာက္ ျဖစ္သြား ၿပီ”ဟု ၎ကေျပာသည္။
အလားတူ အိမ္ငွားရမ္းခေဈးႏႈန္းမ်ားသည္လည္း ၿပီးခဲ့သည့္ (၂၀၂၃)ခုႏွစ္ႏွင့္ႏႈိင္းယွဥ္ပါက လက္ ရွိ (၂၀၂၆)ခုႏွစ္တြင္ (၄)ဆခန႔္ျမင့္တက္သြား ေၾကာင္းသိရသည္။ “အိမ္အငွားေတြကလည္း အရင္တုန္းက ဆိုရင္ (၅၀ဝဝဝ)ပဲရွိတဲ့အိမ္ခန္းေတြက အခု (၁၅၀ဝဝဝ)။ (၄)ဆေလာက္တက္တယ္။ မီးေရာ အိမ္ေရာ အပါေပါ့။ ၿမိဳ႕ထဲမွာေတာ့ အရင္(၂၀ဝဝဝ၀)ပဲ ရွိတဲ့ဟာက အခု (၇၀ဝဝဝ၀) ေလာက္ရွိတယ္။ ဆိုင္ခန္း ေလးတစ္ခန္းေတာင္မွ ငွားခက (၄၀ဝဝဝ၀)ေလာက္ရွိတယ္”ဟု ၎ကေျပာသည္။ အဆိုပါ စစ္ေဘး ေရွာင္လာသည့္ျပည္သူမ်ားမွာ ၿမိဳ႕စြန္ရပ္ကြက္မ်ားတြင္ အဝယ္ႏွင့္အငွားမ်ားေၾကာင္းသိရသည္။
“ၿမိဳ႕တြင္းလည္းမက် ၿမိဳ႕ျပင္လည္းမက် တဲ့ေနရာေတြ အဝယ္မ်ားတယ္။ တခ်ိဳ႕ေနရာေတြဆို လူေတြေတာ္ေတာ္စည္သြားၿပီ။ ၿပီးခဲ့တဲ့ ျမစ္ႀကီးနား ေရႀကီးသြားတာက တစ္ၿမိဳ႕လုံး ျမဳပ္သလိုျဖစ္သြား ေတာ့ အေတာ္မ်ားမ်ား ဆုံးရႈံးမႈမ်ားခဲ့ၾကတာေပါ့။ အဲဒီအခါက်ေတာ့ အဲဒီဘက္ကလူေတြက ေရမနစ္ တဲ့ေနရာေတြ အဝယ္မ်ားလာၾကတယ္”ဟု ၎ကေျပာသည္။
ျမစ္ႀကီးနားၿမိဳ႕တစ္ဖက္ကမ္းရွိ ဝိုင္းေမာ္ ၿမိဳ႕နယ္တြင္ KIA တိုက္ပြဲေဖာ္ေဆာင္ျခင္းအခ်ိဳ႕ ရွိခဲ့ သည္တိုင္ ျမစ္ႀကီးနားေျမေဈးကို မထိခိုက္ေၾကာင္း ၎ကဆိုသည္။ “အဆိုးဆုံးအေျခအေနေျပာမယ္ ဆိုရင္ အခုထက္ ဟိုအရင္တုန္းကေပါ့ေလ။ (၅၈)တပ္ရင္း အတိုက္ခံရတာေတြ၊ ဟိုပမၼတီးဘက္ကေလး ေတြ တိုက္ခံရတာမ်ိဳးေတြ အႀကီးဆုံးပဲ ျဖစ္ဖူးတာ။ အဲဒီလို ျဖစ္ေနတာေတာင္မွ ျမစ္ႀကီးနားၿမိဳ႕တြင္းမွာ အိမ္ၿခံေျမေတြက ျဖစ္ေနဆဲပဲ။ အေရာင္းအဝယ္လည္း ျဖစ္ေနၾကတာပဲ။ ရပ္တန႔္သြားတာမ်ိဳးေတာ့ မရွိ ဘူး”ဟု ၎ ကေျပာသည္။