(၄) နှစ်အတွင်း ချည်မျှင်ရှည်ဝါစိုက် ဧက (၆)သိန်းထိ တိုးချဲ့နိုင်ရန် ဆောင်ရွက်မည်

 73

ထိုက်စံ (NP News) -မတ် ၂
(၄) နှစ်အတွင်း ချည်မျှင်ရှည်ဝါစိုက် ဧက (၆)သိန်းထိ တိုးချဲ့နိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ တောင်သူလယ်သမားနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအရ သိရသည်။

လူတစ်ဦး တစ်နှစ်လိုအပ်သည့် ဝတ်ရေးဖူလုံစေရန် နှင့် ပိုလျှံသည်များအား ပြည်ပသို့တင်ပို့ရောင်းချပြီး သွင်းကုန်အစားထိုးရန် ရည်မှန်း၍ အရည်အသွေးအဆင့်အတန်းမီ ချည်မျှင်ရှည်ဝါများအား စိုက်ပျိုးထုတ်လုပ်ကြရန်လိုအပ်ပြီး ဘဏ္ဍာနှစ် (၂၀၂၄-၂၀၂၅ )ခုနှစ်မှ (၂၀၂၇-၂၀၂၈) ခုနှစ်ထိ (၄) နှစ်တာကာလအတွင်း စိုက်ဧရိယာဧက (၆) သိန်းထိ တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် တစ်ဧကပန်းတိုင်အထွက်နှုန်း ပိဿာ (၇၀၀) ရရှိရေးနှင့် အရည်အသွေးကောင်း ဝါနှင့်ဝါဂွမ်းများ ထုတ်လုပ်နိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိရာ ဝါစိုက်တောင်သူဦးကြီးများအနေဖြင့်လည်း တက်ကြွစွာပါဝင်ကြိုးစားကြရန် တိုက်တွန်းထားသည်။

နိုင်ငံတော်မှလည်း အရည်အသွေးမြင့် ဝါမျိုးကောင်းမျိုးသစ်များ ထုတ်လုပ်နိုင်ရန် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး ထွက်ရှိလာသော ဝါနှင့် ဝါဂွမ်းများကို စက်မှုဝန်ကြီးဌာနလက်အောက်ရှိ ဝါကြိတ်စက်များ၊ ချည်မျှင်စက်ရုံများ၏ ပြည်တွင်းကုန်ကြမ်း လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဟန်ချက်ညီ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး စီမံပေးထားပြီးဖြစ်ကြောင်း သိရသည်။

Zawgyi Version:
(၄) ႏွစ္အတြင္း ခ်ည္မွ်င္ရွည္ဝါစိုက္ ဧက (၆)သိန္းထိ တိုးခ်ဲ႕ႏိုင္ရန္ ေဆာင္႐ြက္မည္
ထိုက္စံ (NP News) -မတ္ ၂
(၄) ႏွစ္အတြင္း ခ်ည္မွ်င္ရွည္ဝါစိုက္ ဧက (၆)သိန္းထိ တိုးခ်ဲ႕ႏိုင္ရန္ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္မွ ေတာင္သူလယ္သမားေန႔အခမ္းအနားသို႔ ေပးပို႔သည့္ သဝဏ္လႊာအရ သိရသည္။

လူတစ္ဦး တစ္ႏွစ္လိုအပ္သည့္ ဝတ္ေရးဖူလုံေစရန္ ႏွင့္ ပိုလွ်ံသည္မ်ားအား ျပည္ပသို႔တင္ပို႔ေရာင္းခ်ၿပီး သြင္းကုန္အစားထိုးရန္ ရည္မွန္း၍ အရည္အေသြးအဆင့္အတန္းမီ ခ်ည္မွ်င္ရွည္ဝါမ်ားအား စိုက္ပ်ိဳးထုတ္လုပ္ၾကရန္လိုအပ္ၿပီး ဘ႑ာႏွစ္ (၂၀၂၄-၂၀၂၅ )ခုႏွစ္မွ (၂၀၂၇-၂၀၂၈) ခုႏွစ္ထိ (၄) ႏွစ္တာကာလအတြင္း စိုက္ဧရိယာဧက (၆) သိန္းထိ တိုးခ်ဲ႕စိုက္ပ်ိဳးႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ တစ္ဧကပန္းတိုင္အထြက္ႏႈန္း ပိႆာ (၇၀၀) ရရွိေရးႏွင့္ အရည္အေသြးေကာင္း ဝါႏွင့္ဝါဂြမ္းမ်ား ထုတ္လုပ္ႏိုင္ေရးကို အေလးထားေဆာင္႐ြက္လ်က္ရွိရာ ဝါစိုက္ေတာင္သူဦးႀကီးမ်ားအေနျဖင့္လည္း တက္ႂကြစြာပါဝင္ႀကိဳးစားၾကရန္ တိုက္တြန္းထားသည္။

ႏိုင္ငံေတာ္မွလည္း အရည္အေသြးျမင့္ ဝါမ်ိဳးေကာင္းမ်ိဳးသစ္မ်ား ထုတ္လုပ္ႏိုင္ရန္ ျဖည့္ဆည္းေဆာင္႐ြက္ေပးလ်က္ရွိၿပီး ထြက္ရွိလာေသာ ဝါႏွင့္ ဝါဂြမ္းမ်ားကို စက္မႈဝန္ႀကီးဌာနလက္ေအာက္ရွိ ဝါႀကိတ္စက္မ်ား၊ ခ်ည္မွ်င္စက္႐ုံမ်ား၏ ျပည္တြင္းကုန္ၾကမ္း လိုအပ္ခ်က္မ်ား ျဖည့္ဆည္းေပးႏိုင္ရန္ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားႏွင့္ ဟန္ခ်က္ညီ ေပါင္းစပ္ေဆာင္႐ြက္ႏိုင္ေရး စီမံေပးထားၿပီးျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.