ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ယာဉ်တိုက်မှုများကြောင့် လူ (၁၇၀) ကျော် သေဆုံးခဲ့

142
Pearl (NP News) - မတ် ၃
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ယာဉ်တိုက်မှုများကြောင့် လူ (၁၇၀) ကျော် သေဆုံးခဲ့ကြောင်း ပို့ဆောင်ဆက်သွယ် ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ယာဉ်တိုက်မှုပေါင်း (၃၂၅) ကြိမ်ဖြစ်ပွားခဲ့ပြီး (၄၄၈) ဦး ဒဏ်ရာရရှိခဲ့ကာ (၁၇၆) ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုများအနက် ရန်ကုန်တိုင်းဒေသကြီးတွင်အများဆုံးဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှု(၇၈) ကြိမ်ဖြစ်ပွား ၊ ဒဏ်ရာရရှိသူ (၁၂၇) ဦး ၊ သေဆုံးသူ (၄၃) ဦး ရှိခဲ့ကြောင်း သိရသည်။
ထို့အတူ ဧရာဝတီတိုင်းဒေသကြီးတွင် ဒုတိယ အများဆုံး ဖြစ်ပွားခဲ့ရာ ယာဉ်တိုက်မှုပေါင်း (၅၄) ကြိမ်၊ ဒဏ်ရာရရှိသူ (၅၈) ဦး၊ သေဆုံးသူ (၂၆) ဦး ရှိခဲ့ပြီး အမြန်လမ်းတွင် ယာဉ်တိုက်မှုပေါင်း (၁၆) မှု၊ ဒဏ်ရာရရှိသူ (၁၄) ဦး၊ သေဆုံးသူ (၈) ဦးရှိခဲ့ကြောင်း သိရသည်။
ယခင်နှစ် အလားတူကာလ၌ ယာဉ်တိုက်မှုပေါင်း (၂၉၂) ကြိမ်ဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူပေါင်း (၄၁၇)ဦး ရှိခဲ့ပြီး သေဆုံးသူပေါင်း (၃၂၅) ဦးရှိခဲ့သည့်အတွက် ယခုနှစ်နှင့်နှိုင်းယှဉ်ပါက ပိုများလာခဲ့ကြောင်း သိရသည်။
Zawgyi Version;
ၿပီးခဲ့သည့္ ဇန္နဝါရီလအတြင္း ယာဥ္တိုက္မႈမ်ားေၾကာင့္ လူ (၁၇၀) ေက်ာ္ ေသဆုံးခဲ့
Pearl (NP News) - မတ္ ၃
ၿပီးခဲ့သည့္ ဇန္နဝါရီလအတြင္း ယာဥ္တိုက္မႈမ်ားေၾကာင့္ လူ (၁၇၀) ေက်ာ္ ေသဆုံးခဲ့ေၾကာင္း ပို႔ေဆာင္ဆက္သြယ္ ေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
တစ္ႏိုင္ငံလုံးအတိုင္းအတာအေနျဖင့္ ယာဥ္တိုက္မႈေပါင္း (၃၂၅) ႀကိမ္ျဖစ္ပြားခဲ့ၿပီး (၄၄၈) ဦး ဒဏ္ရာရရွိခဲ့ကာ (၁၇၆) ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။
အဆိုပါ ယာဥ္တိုက္မႈမ်ားအနက္ ရန္ကုန္တိုင္းေဒသႀကီးတြင္အမ်ားဆုံးျဖစ္ပြားခဲ့ၿပီး ယာဥ္တိုက္မႈ(၇၈) ႀကိမ္ျဖစ္ပြား ၊ ဒဏ္ရာရရွိသူ (၁၂၇) ဦး ၊ ေသဆုံးသူ (၄၃) ဦး ရွိခဲ့ေၾကာင္း သိရသည္။
ထို႔အတူ ဧရာဝတီတိုင္းေဒသႀကီးတြင္ ဒုတိယ အမ်ားဆုံး ျဖစ္ပြားခဲ့ရာ ယာဥ္တိုက္မႈေပါင္း (၅၄) ႀကိမ္၊ ဒဏ္ရာရရွိသူ (၅၈) ဦး၊ ေသဆုံးသူ (၂၆) ဦး ရွိခဲ့ၿပီး အျမန္လမ္းတြင္ ယာဥ္တိုက္မႈေပါင္း (၁၆) မႈ၊ ဒဏ္ရာရရွိသူ (၁၄) ဦး၊ ေသဆုံးသူ (၈) ဦးရွိခဲ့ေၾကာင္း သိရသည္။
ယခင္ႏွစ္ အလားတူကာလ၌ ယာဥ္တိုက္မႈေပါင္း (၂၉၂) ႀကိမ္ျဖစ္ပြားခဲ့ရာ ထိခိုက္ဒဏ္ရာရရွိသူေပါင္း (၄၁၇)ဦး ရွိခဲ့ၿပီး ေသဆုံးသူေပါင္း (၃၂၅) ဦးရွိခဲ့သည့္အတြက္ ယခုႏွစ္ႏွင့္ႏႈိင္းယွဥ္ပါက ပိုမ်ားလာခဲ့ေၾကာင္း သိရသည္။