ရွှေသန့်စင်လုပ်ငန်းများကို ရက်အကန့်အသတ်မရှိ ပိတ်ခိုင်းထားဟု ဆို

 151

Pearl (NP News) - မတ် ၃

ရွှေသန့်စင်ခန်းလုပ်ငန်းကို ရက်အကန့်အသတ်မရှိ ပိတ်ခိုင်းထားကြောင်း ရွှေဆိုင်လုပ်ငန်းရှင် တစ်ဦးက NP News သို့ ပြောသည်။
လက်ရှိတွင် ဒေါ်လာပေါက်ဈေး (၄၀၁၀) ဝန်းကျင်နှင့်အတူ ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စ လျှင် (၅၁၈၀.၇၃) ဒေါ်လာပေါက်ဈေးရှိပြီး ပြည်တွင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် (၁၀၇) သိန်းအထိ ဖြစ်ပေါ်နေရာ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီက (၁) ကျပ် သား (၁၆ ဒသမ ၃၂၉၃ ၂၅ဂရမ်)၏ ဈေးနှုန်းကို (၆၉၀ဝဝဝ၀ )ကျပ် သတ်မှတ်ထားသည်။
ထို့ကြောင့် ရွှေဆိုင်လုပ်ငန်းအချို့က အစိုးရသတ်မှတ်ဈေးအတိုင်း အရောင်းရပ်ထားပြီး အစိုးရ သတ်မှတ်ဈေးနှုန်းအတိုင်း ပြန်လည်ဝယ်ယူခြင်းသာ ဆောင်ရွက်နေသည့်အတွက် ရန်ကုန် တိုင်းအတွင်း ရှိ ‌ရွှေသန့်စင်လုပ်ငန်းများတွင် ရွှေသန့်စင်သည့် ရွှေကုန်သည်များလာကြောင်း သိရသည်။
“အခုဆိုရင် ဆိုင်သေးတွေ နယ်ကဆိုင်တွေကိုသာ တုံကင်ယူပြီး မနက်အစောထသွားရတယ်။ အစ်မတို့က (၂)လလောက်နေမှ တစ်တုံးချွတ်ရတာ လေ။ နောက်မှပေါ်လာတဲ့ဆိုင်တွေက အတုံးအများ ကြီးချွတ်နေလည်း သူတို့အချင်းချင်းဘယ်လိုနည်း လမ်းနဲ့သွားကြလဲ မသိဘူး။ သူတို့နဲ့ အဆင်ပြေတဲ့ လူ ကို ချွတ်ပေးပြီး အပြင်မှာ ပစ္စည်းရှားအောင် လုပ်တာမျိုးလေးတွေလည်းရှိတယ်။ ဈေးကွက်ထဲ အခေါက် နည်းတယ်ဆိုတာမျိုးပေါ့” ဟု ပြောသည်။
လက်ရှိတွင် အဆိုပါ ရွှေသန့်စင်လုပ်ငန်းများကိုလည်း တာဝန်ရှိသူများက အကန့်သတ်မရှိ ပိတ် ခိုင်းထားသည့်အတွက် ရွှေထည်အသစ်များရှားသွားနိုင်ကြောင်း သိရသည်။ . “ချွတ်ခန်းတွေကို ရက် အကန့်အသတ် မရှိပိတ်လိုက်ပြီ။ အဲဒီတော့ (၁၆) ပဲရည် အတုံးကတော့ ရှားသွားမှာပေါ့။ လည်ပတ်ဖို့ အတွက် ပစ္စည်းအသစ်မထွက်လာဘူးဖြစ်မှာပေါ့။ ရွှေအဟောင်းတွေပဲ ဖြစ်မှာပေါ့။ အားလုံးကို ပိတ်ရင် တော့ တစ်မျိုးပေါ့။ အားလုံးကို မပိတ်ဘဲနဲ့ သူတို့နဲ့နီးစပ်တဲ့လူတွေကို လက်သိပ်ထိုး ချွတ်ပေးနေရင်တော့ ကျန်တဲ့လူတွေက နစ်နာတာပေါ့။ ရွှေဈေးတော့ တက်မယ့်သဘောတော့ ဖြစ်သွားမှာပေါ့။ လူတွေက လည်း ရှားပြီဆိုရင် ပိုလိုချင်ကြမှာလေ” ဟု ပြောသည်။
ထိုသို့ ပိတ်ခိုင်းထားမည့်အစား သတ္တုလုပ် ငန်းတွင် တရားဝင် လိုင်စင်ပြုလုပ်၍ ရွှေဆိုင်လုပ်ငန်း လုပ်ကိုင်သူများကို ရွှေသန့်စင်ခွင့်ပေးကာ အမည် စာရင်းများဖြင့် မှတ်တမ်းပြုလုပ်မည်ဆိုပါ တရားမဝင် ရွှေသန့်စင်ခြင်းများအပါအဝင် ရွှေလောကရှိ ပြဿနာအချို့ ပြေလည်သွားနိုင်ကြောင်းလည်း သိရ သည်။
“မပိတ်ဘဲနဲ့ ဘယ်သူတွေ လာချွတ်လဲ ဆိုတာ စာရင်းအတိအကျနဲ့ လိုင်စင်ရပြီးသွားသူတွေပဲ ချွတ်ခိုင်းရင် ပိုအဆင်ပြေတာပေါ့။ တစ်နေ့ကို ဘယ် လောက်ချွတ်လဲ၊ ဘယ်ဆိုင်က လာချွတ်လဲဆိုတာကို စာရင်းကောက်နိုင်ရင် အဖြေထွက်တယ်။ တရားမဝင် တူးနေတဲ့‌ရွှေတွေကလည်း သန့်စင်ရတာပဲလေ။ ရောင်းတန်းဝင်ဖို့က ချွတ်ခန်းကို သွားကိုသွားရမှာ။ အဲဒီချွတ်ခန်းတွေနဲ့ မနေ့တနေ့ကဝင်လာတဲ့ ရွှေ ဆိုင်လုပ်ငန်းကို စောင့်ကြည့်ရင်လည်း သိနိုင်တယ်” ဟု ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ရွှေဆိုင်လုပ်ငန်းအချို့အနေဖြင့် အစိုးရကသတ်မှတ်ထားသည့် ဈေးနှုန်းများ၊ အရောင်း/ အဝယ် ပြေစာများဖြင့် ရောင်းချခြင်းမရှိဘဲ အခြားပြေစာများဖြင့် ရွှေအလေးချိန်၊ ရွှေဈေးနှုန်းများကို မဖော်ပြဘဲ ကုတ်နံပါတ်အမှတ်အသားဖြင့် ရောင်းချခြင်းများကြောင့် လက်ရှိ ရွှေဈေးကွက်အတွင်း ရွှေကုန်သည်များ ခေါ်ယူစစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။
“တရားမဝင် ရွှေတွေ ဝင်တာတွေ၊ ပြင်ပကို ထုတ်နေတာကို လိုက်ချင်ရင် မိရိုးဖလာလုပ်နေတဲ့ ရွှေဆိုင်တွေထက် မနေ့တစ်နေ့ကမှ ‌ရွှေလောကထဲကို ဝင်လာပြီး နာမည်ကြီးနေတဲ့ဆိုင်တွေကို ပို စဉ်းစားသင့်တယ်။ ရွှေလောကကိုလည်း ငွေမည်းကို ငွေဖြူလုပ်ချင်လို့ ခွေးတိုးပေါက်က ဝင်လာတဲ့ လူတွေလည်း ရှိတယ်။ အဲဒါတွေကို Target ထားပြီး ပိုစစ်သင့်တယ်။ အဲဒါပြီးရင် ကုန်သည်တွေကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေးပြီး၊ အောက်ခြေက လူတွေကို ကြပ် ပြီးတော့ အပေါ်က လူတွေကို လုပ်ပိုင်ခွင့်ပေးပြီးတော့ နိုင်ငံတော်အနေနဲ့လည်း ရသင့်သလောက်မရတာတော့ မဖြစ်စေချင်ဘူး။ အားလုံး တန်းတူညီမျှ ဒီလိုင်စင်ယူထားရင် ဈေးနှုန်းကန့်သတ်တာတွေ ထိန်းချုပ်တာတွေ မလုပ်နဲ့။ ဖြစ်သင့်တဲ့ ကာလတန်ဖိုးနဲ့ အဲဒီအပေါ်မှာ တိကျစွာ ကောက်ခံရင်တော့ သူ့ဘာသာ ဖြစ်လာမှာပေါ့။ အခွန်တွေ တိကျစွာကောက်။ အဲဒီကျရင် အခွန်ဆောင်ထားပြီးရင် ပြန်ရောင်းရင် လည်း တိကျဈေး ရကိုရရမယ်။ မရရင် တိုင်ကြားခွင့်ရှိတယ်ဆိုရင် (၃)ဦး (၃) ဖလှယ် အကျိုးရှိတယ်” ဟု ၎င်းက ပြော သည်။
ရန်ကုန်တိုင်းဒေသကြီး အဖိုးတန်သတ္တု (ရွှေ)ရောင်းဝယ်သူများအသင်းမှ ဥက္ကဋ္ဌ ဦးမျိုး မြင့် (သိန်း သန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ(၁) ဦးမျိုးသူဝင်း(အကယ်ဒမီရွှေဆိုင်)နှင့် အတွင်းရေးမှူး ဦးနေ မျိုးထက်(ရွှေစင်အကယ်ဒမီရွှေဆိုင်)တို့သည် ရွှေဈေးနှုန်းတည်ငြိမ်စေရေးအတွက် ကြပ် မတ်ထိန်းသိမ်း ဆောင်ရွက်သွားရန် တာဝန်ရှိသူများဖြစ်လျက် ၎င်းတို့ကိုယ်တိုင် ရွှေဈေးကွက်မတည် မငြိမ်ဖြစ်စေရန် ရည်ရွယ်၍ ပြင်ပရွှေပေါက်ဈေးနှုန်းဖြင့် ရွှေတုံးရွှေခဲများကို ဝယ်ယူ/သိုလှောင်ခြင်း၊ အရောင်းအဝယ် ပြုလုပ်ခြင်းများဆောင်ရွက်ခဲ့သည့်အတွက်ဥပဒေအရ အရေးယူထားကြောင်းလည်း သိရသည်။

Zawgyi Version;
ေ႐ႊသန႔္စင္လုပ္ငန္းမ်ားကို ရက္အကန႔္အသတ္မရွိ ပိတ္ခိုင္းထားဟု ဆို
Pearl (NP News) - မတ္ ၃
ေ႐ႊသန႔္စင္ခန္းလုပ္ငန္းကို ရက္အကန႔္အသတ္မရွိ ပိတ္ခိုင္းထားေၾကာင္း ေ႐ႊဆိုင္လုပ္ငန္းရွင္ တစ္ဦးက NP News သို႔ ေျပာသည္။
လက္ရွိတြင္ ေဒၚလာေပါက္ေဈး (၄၀၁၀) ဝန္းက်င္ႏွင့္အတူ ကမာၻ႔ေ႐ႊေဈးသည္ တစ္ေအာင္စ လွ်င္ (၅၁၈၀.၇၃) ေဒၚလာေပါက္ေဈးရွိၿပီး ျပည္တြင္းအေခါက္ေ႐ႊေဈးသည္ တစ္က်ပ္သားလွ်င္ က်ပ္ (၁၀၇) သိန္းအထိ ျဖစ္ေပၚေနရာ ဓာတ္သတၱဳ (ေ႐ႊ) ရည္ၫႊန္းေဈး သတ္မွတ္ေရးေကာ္မတီက (၁) က်ပ္ သား (၁၆ ဒသမ ၃၂၉၃ ၂၅ဂရမ္)၏ ေဈးႏႈန္းကို (၆၉၀ဝဝဝ၀ )က်ပ္ သတ္မွတ္ထားသည္။
ထို႔ေၾကာင့္ ေ႐ႊဆိုင္လုပ္ငန္းအခ်ိဳ႕က အစိုးရသတ္မွတ္ေဈးအတိုင္း အေရာင္းရပ္ထားၿပီး အစိုးရ သတ္မွတ္ေဈးႏႈန္းအတိုင္း ျပန္လည္ဝယ္ယူျခင္းသာ ေဆာင္႐ြက္ေနသည့္အတြက္ ရန္ကုန္ တိုင္းအတြင္း ရွိ ‌ေ႐ႊသန႔္စင္လုပ္ငန္းမ်ားတြင္ ေ႐ႊသန႔္စင္သည့္ ေ႐ႊကုန္သည္မ်ားလာေၾကာင္း သိရသည္။
“အခုဆိုရင္ ဆိုင္ေသးေတြ နယ္ကဆိုင္ေတြကိုသာ တုံကင္ယူၿပီး မနက္အေစာထသြားရတယ္။ အစ္မတို႔က (၂)လေလာက္ေနမွ တစ္တုံးခြၽတ္ရတာ ေလ။ ေနာက္မွေပၚလာတဲ့ဆိုင္ေတြက အတုံးအမ်ား ႀကီးခြၽတ္ေနလည္း သူတို႔အခ်င္းခ်င္းဘယ္လိုနည္း လမ္းနဲ႔သြားၾကလဲ မသိဘူး။ သူတို႔နဲ႔ အဆင္ေျပတဲ့ လူ ကို ခြၽတ္ေပးၿပီး အျပင္မွာ ပစၥည္းရွားေအာင္ လုပ္တာမ်ိဳးေလးေတြလည္းရွိတယ္။ ေဈးကြက္ထဲ အေခါက္ နည္းတယ္ဆိုတာမ်ိဳးေပါ့” ဟု ေျပာသည္။
လက္ရွိတြင္ အဆိုပါ ေ႐ႊသန႔္စင္လုပ္ငန္းမ်ားကိုလည္း တာဝန္ရွိသူမ်ားက အကန႔္သတ္မရွိ ပိတ္ ခိုင္းထားသည့္အတြက္ ေ႐ႊထည္အသစ္မ်ားရွားသြားႏိုင္ေၾကာင္း သိရသည္။ . “ခြၽတ္ခန္းေတြကို ရက္ အကန႔္အသတ္ မရွိပိတ္လိုက္ၿပီ။ အဲဒီေတာ့ (၁၆) ပဲရည္ အတုံးကေတာ့ ရွားသြားမွာေပါ့။ လည္ပတ္ဖို႔ အတြက္ ပစၥည္းအသစ္မထြက္လာဘူးျဖစ္မွာေပါ့။ ေ႐ႊအေဟာင္းေတြပဲ ျဖစ္မွာေပါ့။ အားလုံးကို ပိတ္ရင္ ေတာ့ တစ္မ်ိဳးေပါ့။ အားလုံးကို မပိတ္ဘဲနဲ႔ သူတို႔နဲ႔နီးစပ္တဲ့လူေတြကို လက္သိပ္ထိုး ခြၽတ္ေပးေနရင္ေတာ့ က်န္တဲ့လူေတြက နစ္နာတာေပါ့။ ေ႐ႊေဈးေတာ့ တက္မယ့္သေဘာေတာ့ ျဖစ္သြားမွာေပါ့။ လူေတြက လည္း ရွားၿပီဆိုရင္ ပိုလိုခ်င္ၾကမွာေလ” ဟု ေျပာသည္။
ထိုသို႔ ပိတ္ခိုင္းထားမည့္အစား သတၱဳလုပ္ ငန္းတြင္ တရားဝင္ လိုင္စင္ျပဳလုပ္၍ ေ႐ႊဆိုင္လုပ္ငန္း လုပ္ကိုင္သူမ်ားကို ေ႐ႊသန႔္စင္ခြင့္ေပးကာ အမည္ စာရင္းမ်ားျဖင့္ မွတ္တမ္းျပဳလုပ္မည္ဆိုပါ တရားမဝင္ ေ႐ႊသန႔္စင္ျခင္းမ်ားအပါအဝင္ ေ႐ႊေလာကရွိ ျပႆနာအခ်ိဳ႕ ေျပလည္သြားႏိုင္ေၾကာင္းလည္း သိရ သည္။
“မပိတ္ဘဲနဲ႔ ဘယ္သူေတြ လာခြၽတ္လဲ ဆိုတာ စာရင္းအတိအက်နဲ႔ လိုင္စင္ရၿပီးသြားသူေတြပဲ ခြၽတ္ခိုင္းရင္ ပိုအဆင္ေျပတာေပါ့။ တစ္ေန႔ကို ဘယ္ ေလာက္ခြၽတ္လဲ၊ ဘယ္ဆိုင္က လာခြၽတ္လဲဆိုတာကို စာရင္းေကာက္ႏိုင္ရင္ အေျဖထြက္တယ္။ တရားမဝင္ တူးေနတဲ့‌ေ႐ႊေတြကလည္း သန႔္စင္ရတာပဲေလ။ ေရာင္းတန္းဝင္ဖို႔က ခြၽတ္ခန္းကို သြားကိုသြားရမွာ။ အဲဒီခြၽတ္ခန္းေတြနဲ႔ မေန႔တေန႔ကဝင္လာတဲ့ ေ႐ႊ ဆိုင္လုပ္ငန္းကို ေစာင့္ၾကည့္ရင္လည္း သိႏိုင္တယ္” ဟု ေ႐ႊဆိုင္လုပ္ငန္းရွင္တစ္ဦးက ေျပာသည္။
ေ႐ႊဆိုင္လုပ္ငန္းအခ်ိဳ႕အေနျဖင့္ အစိုးရကသတ္မွတ္ထားသည့္ ေဈးႏႈန္းမ်ား၊ အေရာင္း/ အဝယ္ ေျပစာမ်ားျဖင့္ ေရာင္းခ်ျခင္းမရွိဘဲ အျခားေျပစာမ်ားျဖင့္ ေ႐ႊအေလးခ်ိန္၊ ေ႐ႊေဈးႏႈန္းမ်ားကို မေဖာ္ျပဘဲ ကုတ္နံပါတ္အမွတ္အသားျဖင့္ ေရာင္းခ်ျခင္းမ်ားေၾကာင့္ လက္ရွိ ေ႐ႊေဈးကြက္အတြင္း ေ႐ႊကုန္သည္မ်ား ေခၚယူစစ္ေဆးေမးျမန္းမႈမ်ား ျပဳလုပ္ေနေၾကာင္းလည္း သိရသည္။
“တရားမဝင္ ေ႐ႊေတြ ဝင္တာေတြ၊ ျပင္ပကို ထုတ္ေနတာကို လိုက္ခ်င္ရင္ မိ႐ိုးဖလာလုပ္ေနတဲ့ ေ႐ႊဆိုင္ေတြထက္ မေန႔တစ္ေန႔ကမွ ‌ေ႐ႊေလာကထဲကို ဝင္လာၿပီး နာမည္ႀကီးေနတဲ့ဆိုင္ေတြကို ပို စဥ္းစားသင့္တယ္။ ေ႐ႊေလာကကိုလည္း ေငြမည္းကို ေငြျဖဴလုပ္ခ်င္လို႔ ေခြးတိုးေပါက္က ဝင္လာတဲ့ လူေတြလည္း ရွိတယ္။ အဲဒါေတြကို Target ထားၿပီး ပိုစစ္သင့္တယ္။ အဲဒါၿပီးရင္ ကုန္သည္ေတြကို လြတ္လပ္စြာ လုပ္ကိုင္ခြင့္ေပးၿပီး၊ ေအာက္ေျခက လူေတြကို ၾကပ္ ၿပီးေတာ့ အေပၚက လူေတြကို လုပ္ပိုင္ခြင့္ေပးၿပီးေတာ့ ႏိုင္ငံေတာ္အေနနဲ႔လည္း ရသင့္သေလာက္မရတာေတာ့ မျဖစ္ေစခ်င္ဘူး။ အားလုံး တန္းတူညီမွ် ဒီလိုင္စင္ယူထားရင္ ေဈးႏႈန္းကန႔္သတ္တာေတြ ထိန္းခ်ဳပ္တာေတြ မလုပ္နဲ႔။ ျဖစ္သင့္တဲ့ ကာလတန္ဖိုးနဲ႔ အဲဒီအေပၚမွာ တိက်စြာ ေကာက္ခံရင္ေတာ့ သူ႔ဘာသာ ျဖစ္လာမွာေပါ့။ အခြန္ေတြ တိက်စြာေကာက္။ အဲဒီက်ရင္ အခြန္ေဆာင္ထားၿပီးရင္ ျပန္ေရာင္းရင္ လည္း တိက်ေဈး ရကိုရရမယ္။ မရရင္ တိုင္ၾကားခြင့္ရွိတယ္ဆိုရင္ (၃)ဦး (၃) ဖလွယ္ အက်ိဳးရွိတယ္” ဟု ၎က ေျပာ သည္။
ရန္ကုန္တိုင္းေဒသႀကီး အဖိုးတန္သတၱဳ (ေ႐ႊ)ေရာင္းဝယ္သူမ်ားအသင္းမွ ဥကၠ႒ ဦးမ်ိဳး ျမင့္ (သိန္း သန္း စိန္ေ႐ႊရတနာဆိုင္)၊ ဒုတိယဥကၠ႒(၁) ဦးမ်ိဳးသူဝင္း(အကယ္ဒမီေ႐ႊဆိုင္)ႏွင့္ အတြင္းေရးမႉး ဦးေန မ်ိဳးထက္(ေ႐ႊစင္အကယ္ဒမီေ႐ႊဆိုင္)တို႔သည္ ေ႐ႊေဈးႏႈန္းတည္ၿငိမ္ေစေရးအတြက္ ၾကပ္ မတ္ထိန္းသိမ္း ေဆာင္႐ြက္သြားရန္ တာဝန္ရွိသူမ်ားျဖစ္လ်က္ ၎တို႔ကိုယ္တိုင္ ေ႐ႊေဈးကြက္မတည္ မၿငိမ္ျဖစ္ေစရန္ ရည္႐ြယ္၍ ျပင္ပေ႐ႊေပါက္ေဈးႏႈန္းျဖင့္ ေ႐ႊတုံးေ႐ႊခဲမ်ားကို ဝယ္ယူ/သိုေလွာင္ျခင္း၊ အေရာင္းအဝယ္ ျပဳလုပ္ျခင္းမ်ားေဆာင္႐ြက္ခဲ့သည့္အတြက္ဥပေဒအရ အေရးယူထားေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.