အီရန်မှာ ဒုံးကျည်လောင်ချာတွေနဲ့ ဒုံးကျည်ပစ်လွှတ်မယ့်နေရာတွေ ကုန်လုနီးပါးဖြစ်နေပြီလို့ ဒေါ်နယ်ထရမ့်ထုတ်ပြောလာ

571

Pika(NP News)-မတ် ၅
အီရန်ရဲ့ စစ်ရေးစွမ်းရည်တွေဟာ အရင်တွေနဲ့မတူဘဲ တစ်ဖြည်းဖြည်းယိုယွင်းနိမ့်ကျလာနေတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ဒါ့ပြင် Operation Epic Furyစစ်ဆင်ရေးရဲ့ ပထမရက်တိုက်ခိုက်မှုတွေကနေ လွတ်မြောက်သွားခဲ့တဲ့ အီရန်အရာရှိအချို့နဲ့ လက်တွဲလုပ်ဆောင်ဖို့ လမ်းဖွင့်ထားတယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ဒါပေမယ့်လည်း အီရန်က အချိန်ခနတာလောက်အထိတော့ ဒုံးကျည်တွေ ဆက်လက်ပစ်လွှတ်နေနိုင်သေးတယ်လို့ ဒေါ်နယ်ထရမ့်က မှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။ဒေါ်နယ်ထရမ့်က”အီရန်က တောက်လျှောက်ဖျက်ဆီးခံနေရတဲ့အတွက် သူတို့မှာ ဒုံးကျည်ပစ်လွှတ်စရာနေရာတွေ သိပ်မကျန်တော့ပါဘူး။ပြီးတော့ အီရန်မှာ ဒုံးကျည်လောင်ချာတွေလည်း သိပ်မရှိတော့ပါဘူး။”လို့ပြောဆိုခဲ့ပါတယ်။ဒါပေမယ့်လည်း ဆက်ဆံရေးပိုင်းနဲ့ပတ်သက်ပြီး အီရန်အစိုးရအသစ်နဲ့ ဆက်သွယ်မှုတွေလုပ်ဆောင်သွားဖို့ အမေရိကန်က အဆင်သင့်ရှိတယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ဒေါ်နယ်ထရမ့်က”အချိန်မနှောင်းသေးပါဘူး။အီရန်အကြီးတန်းခေါင်းဆောင်(၄၉)ဦးသေဆုံံးသွားပြီဆိုတာကို မမေ့ပါနဲ့။အီရန်ရဲ့ခေါင်းဆောင်အသစ်ဖြစ်လာမယ့်လူတွေထဲက တစ်ချို့က ကောင်းမွန်မယ်လို့ ထင်ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။

Zawgyi Version :
အီရန္မွာ ဒုံးက်ည္ေလာင္ခ်ာေတြနဲ႔ ဒုံးက်ည္ပစ္လႊတ္မယ့္ေနရာေတြ ကုန္လုနီးပါးျဖစ္ေနၿပီလို႔ ေဒၚနယ္ထရမ့္ထုတ္ေျပာလာ
Pika(NP News)-မတ္ ၅
အီရန္ရဲ႕ စစ္ေရးစြမ္းရည္ေတြဟာ အရင္ေတြနဲ႔မတူဘဲ တစ္ျဖည္းျဖည္းယိုယြင္းနိမ့္က်လာေနတယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ဒါ့ျပင္ Operation Epic Furyစစ္ဆင္ေရးရဲ႕ ပထမရက္တိုက္ခိုက္မႈေတြကေန လြတ္ေျမာက္သြားခဲ့တဲ့ အီရန္အရာရွိအခ်ိဳ႕နဲ႔ လက္တြဲလုပ္ေဆာင္ဖို႔ လမ္းဖြင့္ထားတယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ဒါေပမယ့္လည္း အီရန္က အခ်ိန္ခနတာေလာက္အထိေတာ့ ဒုံးက်ည္ေတြ ဆက္လက္ပစ္လႊတ္ေနႏိုင္ေသးတယ္လို႔ ေဒၚနယ္ထရမ့္က မွတ္ခ်က္ျပဳေျပာဆိုခဲ့ပါတယ္။ေဒၚနယ္ထရမ့္က”အီရန္က ေတာက္ေလွ်ာက္ဖ်က္ဆီးခံေနရတဲ့အတြက္ သူတို႔မွာ ဒုံးက်ည္ပစ္လႊတ္စရာေနရာေတြ သိပ္မက်န္ေတာ့ပါဘူး။ၿပီးေတာ့ အီရန္မွာ ဒုံးက်ည္ေလာင္ခ်ာေတြလည္း သိပ္မရွိေတာ့ပါဘူး။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါေပမယ့္လည္း ဆက္ဆံေရးပိုင္းနဲ႔ပတ္သက္ၿပီး အီရန္အစိုးရအသစ္နဲ႔ ဆက္သြယ္မႈေတြလုပ္ေဆာင္သြားဖို႔ အေမရိကန္က အဆင္သင့္ရွိတယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ေဒၚနယ္ထရမ့္က”အခ်ိန္မေႏွာင္းေသးပါဘူး။အီရန္အႀကီးတန္းေခါင္းေဆာင္(၄၉)ဦးေသဆုံံးသြားၿပီဆိုတာကို မေမ့ပါနဲ႔။အီရန္ရဲ႕ေခါင္းေဆာင္အသစ္ျဖစ္လာမယ့္လူေတြထဲက တစ္ခ်ိဳ႕က ေကာင္းမြန္မယ္လို႔ ထင္ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။