အီရန်စစ်ပွဲ ကြောင့် ဒီဇယ်နှင့် ဓာတ်ဆီ တင်ပို့မှုများ ရပ်ဆိုင်းရန် တရုတ်အစိုးရ ကအရေးပေါ် ညွှန်ကြားဟုဆို

306

Pika (NP News)-မတ် ၅
အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများ အရှိန်အဟုန် ပြင်းထန်လာမှုကြောင့် ပါရှန်းပင်လယ်ကွေ့အတွင်း ရေနံစိမ်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ကြီးမားစွာ အဟန့်အတား ဖြစ်လာလျက်ရှိရာ၊ တရုတ်အစိုးရသည် ၎င်း၏ အကြီးဆုံး ရေနံချက်စက်ရုံများအား ဒီဇယ်နှင့် ဓာတ်ဆီ ပြည်ပတင်ပို့မှုများကို ချက်ချင်းရပ်ဆိုင်းရန် အရေးပေါ် ညွှန်ကြားလိုက်ပြီ ဖြစ်ကြောင်းသိရသည်။တရုတ်နိုင်ငံ၏ ထိပ်တန်း စီးပွားရေးစီမံကိန်း ရေးဆွဲရေးအဖွဲ့ဖြစ်သော အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်မှ တာဝန်ရှိသူများသည် နိုင်ငံပိုင်နှင့် ပုဂ္ဂလိက ရေနံချက်စက်ရုံကြီးများ (PetroChina, Sinopec, နှင့် CNOOC စသည်) မှ အကြီးအကဲများနှင့် တွေ့ဆုံခဲ့ပြီး ရေနံထွက်ပစ္စည်း တင်ပို့မှုများကို ယာယီရပ်ဆိုင်းရန် နှညွှန်ကြားခဲ့ကြောင်းသိရသည်။
အဆိုပါညွှန်ကြားချက်အရ တရုတ်ရေနံကုမ္ပဏီများသည် ပို့ကုန်စာချုပ်သစ်များ ချုပ်ဆိုခြင်းကို ချက်ချင်းရပ်တန့်ရမည်ဖြစ်ပြီး၊ လက်ရှိ သဘောတူထားပြီးသော သင်္ဘောတင်ပို့ရေး အစီအစဉ်များကိုပါ ပြန်လည်ဖျက်သိမ်းရန် ညှိနှိုင်းမှုများ ပြုလုပ်ရဖွယ်ရှိနေကြောင်းသိရသည်။အရှေ့အလယ်ပိုင်း စစ်ရေးတင်းမာမှုကြောင့် ကမ္ဘာ့ရေနံထောက်ပံ့မှု၏ အဓိက သွေးကြောဖြစ်သော ဟော်မုဇ်ရေလက်ကြား အတွင်းဖြတ်သန်းသွားလာမှုများ ရပ်တန့်လုနီးပါး ဖြစ်နေရာ ကမ္ဘာ့ရေနံဈေးကွက်တွင် Brent ရေနံစိမ်းဈေးနှုန်းများမှာ တစ်စည်လျှင် $82 အထက်သို့ ခုန်တက်သွားခဲ့ကြောင်းသိရသည်။
တရုတ်နိုင်ငံအနေဖြင့် ပြည်တွင်းသုံးစွဲရန် လပိုင်းစာမျှ လုံလောက်သော မဟာဗျူဟာမြောက် ရေနံသိုလှောင်ထားမှု (Strategic Reserves) ရှိသော်လည်း နိုင်ငံ၏ စွမ်းအင်ဖူလုံရေးကို ကာကွယ်ရန် တင်းကျပ်သော သယံဇာတချွေတာရေး အစီအမံများကို ကြိုတင်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
တရုတ်အစိုးရ၏ဆုံးဖြတ်ချက်ကြောင့် တရုတ်နိုင်ငံ၏ လောင်စာဆီတင်ပို့မှုအပေါ် အဓိက မှီခိုနေရသော အာရှ-ပစိဖိတ် ဒေသတွင်း ရှိနိုင်ငံများတွင် ရေနံထွက်ပစ္စည်း ပြတ်လပ်မှုများ ဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း သိရသည်။

Zawgyi Version:
အီရန္စစ္ပြဲ ေၾကာင့္ ဒီဇယ္ႏွင့္ ဓာတ္ဆီ တင္ပို႔မႈမ်ား ရပ္ဆိုင္းရန္ တ႐ုတ္အစိုးရ ကအေရးေပၚ ၫႊန္ၾကားဟုဆို
Pika (NP News)-မတ္ ၅
အေမရိကန္၊ အစၥေရးႏွင့္ အီရန္တို႔ၾကား ျဖစ္ပြားေနေသာ စစ္ေရးပဋိပကၡမ်ား အရွိန္အဟုန္ ျပင္းထန္လာမႈေၾကာင့္ ပါရွန္းပင္လယ္ေကြ႕အတြင္း ေရနံစိမ္း သယ္ယူပို႔ေဆာင္ေရး လုပ္ငန္းမ်ား ႀကီးမားစြာ အဟန႔္အတား ျဖစ္လာလ်က္ရွိရာ၊ တ႐ုတ္အစိုးရသည္ ၎၏ အႀကီးဆုံး ေရနံခ်က္စက္႐ုံမ်ားအား ဒီဇယ္ႏွင့္ ဓာတ္ဆီ ျပည္ပတင္ပို႔မႈမ်ားကို ခ်က္ခ်င္းရပ္ဆိုင္းရန္ အေရးေပၚ ၫႊန္ၾကားလိုက္ၿပီ ျဖစ္ေၾကာင္းသိရသည္။တ႐ုတ္ႏိုင္ငံ၏ ထိပ္တန္း စီးပြားေရးစီမံကိန္း ေရးဆြဲေရးအဖြဲ႕ျဖစ္ေသာ အမ်ိဳးသား ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ျပဳျပင္ေျပာင္းလဲေရး ေကာ္မရွင္မွ တာဝန္ရွိသူမ်ားသည္ ႏိုင္ငံပိုင္ႏွင့္ ပုဂၢလိက ေရနံခ်က္စက္႐ုံႀကီးမ်ား (PetroChina, Sinopec, ႏွင့္ CNOOC စသည္) မွ အႀကီးအကဲမ်ားႏွင့္ ေတြ႕ဆုံခဲ့ၿပီး ေရနံထြက္ပစၥည္း တင္ပို႔မႈမ်ားကို ယာယီရပ္ဆိုင္းရန္ ႏွၫႊန္ၾကားခဲ့ေၾကာင္းသိရသည္။
အဆိုပါၫႊန္ၾကားခ်က္အရ တ႐ုတ္ေရနံကုမၸဏီမ်ားသည္ ပို႔ကုန္စာခ်ဳပ္သစ္မ်ား ခ်ဳပ္ဆိုျခင္းကို ခ်က္ခ်င္းရပ္တန႔္ရမည္ျဖစ္ၿပီး၊ လက္ရွိ သေဘာတူထားၿပီးေသာ သေဘၤာတင္ပို႔ေရး အစီအစဥ္မ်ားကိုပါ ျပန္လည္ဖ်က္သိမ္းရန္ ညႇိႏႈိင္းမႈမ်ား ျပဳလုပ္ရဖြယ္ရွိေနေၾကာင္းသိရသည္။အေရွ႕အလယ္ပိုင္း စစ္ေရးတင္းမာမႈေၾကာင့္ ကမာၻ႔ေရနံေထာက္ပံ့မႈ၏ အဓိက ေသြးေၾကာျဖစ္ေသာ ေဟာ္မုဇ္ေရလက္ၾကား အတြင္းျဖတ္သန္းသြားလာမႈမ်ား ရပ္တန႔္လုနီးပါး ျဖစ္ေနရာ ကမာၻ႔ေရနံေဈးကြက္တြင္ Brent ေရနံစိမ္းေဈးႏႈန္းမ်ားမွာ တစ္စည္လွ်င္ $82 အထက္သို႔ ခုန္တက္သြားခဲ့ေၾကာင္းသိရသည္။
တ႐ုတ္ႏိုင္ငံအေနျဖင့္ ျပည္တြင္းသုံးစြဲရန္ လပိုင္းစာမွ် လုံေလာက္ေသာ မဟာဗ်ဴဟာေျမာက္ ေရနံသိုေလွာင္ထားမႈ (Strategic Reserves) ရွိေသာ္လည္း ႏိုင္ငံ၏ စြမ္းအင္ဖူလုံေရးကို ကာကြယ္ရန္ တင္းက်ပ္ေသာ သယံဇာတေခြၽတာေရး အစီအမံမ်ားကို ႀကိဳတင္ခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
တ႐ုတ္အစိုးရ၏ဆုံးျဖတ္ခ်က္ေၾကာင့္ တ႐ုတ္ႏိုင္ငံ၏ ေလာင္စာဆီတင္ပို႔မႈအေပၚ အဓိက မွီခိုေနရေသာ အာရွ-ပစိဖိတ္ ေဒသတြင္း ရွိႏိုင္ငံမ်ားတြင္ ေရနံထြက္ပစၥည္း ျပတ္လပ္မႈမ်ား ျဖစ္လာႏိုင္ဖြယ္ရွိေနေၾကာင္း သိရသည္။