ဖေဖော်ဝါရီလအတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် တစ်သိန်းကျော် တင်ပို့ခဲ့သော်လည်း ပြီးခဲ့သည့်လထက် (၃)သောင်းကျော်လျော့ကျ

994

စော(NP News)- မတ် ၅
၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်၊ ဖေဖော်ဝါရီလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် (၁၇၈၁၉၁ဒဿမ၅)တန် တင်ပို့ခဲ့နိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ အချက်အလက်များအရ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလက (၂၀၈၈၄၇)တန်ချိန် တင်ပို့နိုင်ခဲ့သဖြင့် ၎င်းလနှင့်နှိုင်းယှဉ်ပါက တန်ချိန် (၃)သောင်းကျော်လျော့ကျခဲ့ကြောင်း သိရသည်။
ထိုသို့ ဖေဖော်ဝါရီလအတွင်း ဆန်တင်ပို့မှုအနေဖြင့် မက်ထရစ်တန်ချိန် (၁၀၄၈၆၁ဒဿမ၅)တန်ရှိခဲ့၍ ဆန်ကွဲတင်ပို့မှုသည် မက်ထရစ်တန်ချိန် (၇၃၃၃၀) တန်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါတင်ပို့မှုများအနက် ပင်လယ်ရေကြောင်းမှတဆင့် မက်ထရစ်တန်ချိန် (၁၇၈၁၉၁ဒဿမ၅)တန်ကို တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ အချက်အလက်များအရ သိရသည်။
အဆိုပါတင်ပို့မှုအတွင်း တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု အများဆုံးဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ၊ စပိန်၊ ပိုလန်၊မက်ဒါဂါစကာ၊ ချက်၊ နယ်သာလန်၊ တူရကီ၊ မလေးရှား၊ ဘယ်လ်ဂျီယံ တို့အပြင် နိုင်ငံပေါင်း (၂၀)နိုင်ငံသို့ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဆန်ကွဲတင်ပို့မှုသည်လည်း တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ခဲ့ပြီး ဘယ်လ်ဂျီယံ ၊အမေရိကန်၊ ပိုလန်၊ နယ်သာလန်၊ စပိန်၊ အီတလီ၊ ချက်၊ ပေါ်တူဂီ ၊ ဗီယက်နမ် နိုင်ငံတို့အပြင် အခြားနိုင်ငံ (၅)ကို တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
ယခုဘဏ္ဍာနှစ် (၂၀၂၅-၂၀၂၆)၊ ဧပြီလမှ ဖေဖော်ဝါရီလအထိ ဆန်နှင့်ဆန်ကွဲ ပြည်ပသို့ (၂၅၀၆၀၄၉)တန် တင်ပို့နိုင်ခဲ့ပြီး ဒေါ် လာ (၇၉၀) သန်း ရရှိခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေဖေဖာ္ဝါရီလအတြင္း ျပည္ပႏိုင္ငံမ်ားသို႔ ဆန္ႏွင့္ဆန္ကြဲတန္ခ်ိန္ တစ္သိန္းေက်ာ္ တင္ပို႔ခဲ့ေသာ္လည္း ၿပီးခဲ့သည့္လထက္ (၃)ေသာင္းေက်ာ္ေလ်ာ့က်
ေစာ(NP News)- မတ္ ၅
၂၀၂၅-၂၀၂၆ဘ႑ာေရးႏွစ္၊ ေဖေဖာ္ဝါရီလအတြင္း ျပည္ပသို႔ ဆန္ႏွင့္ဆန္ကြဲတန္ခ်ိန္ (၁၇၈၁၉၁ဒႆမ၅)တန္ တင္ပို႔ခဲ့ႏိုင္ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္၏ အခ်က္အလက္မ်ားအရ သိရသည္။
ၿပီးခဲ့သည့္ ဇန္နဝါရီလက (၂၀၈၈၄၇)တန္ခ်ိန္ တင္ပို႔ႏိုင္ခဲ့သျဖင့္ ၎လႏွင့္ႏႈိင္းယွဥ္ပါက တန္ခ်ိန္ (၃)ေသာင္းေက်ာ္ေလ်ာ့က်ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ေဖေဖာ္ဝါရီလအတြင္း ဆန္တင္ပို႔မႈအေနျဖင့္ မက္ထရစ္တန္ခ်ိန္ (၁၀၄၈၆၁ဒႆမ၅)တန္ရွိခဲ့၍ ဆန္ကြဲတင္ပို႔မႈသည္ မက္ထရစ္တန္ခ်ိန္ (၇၃၃၃၀) တန္ရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါတင္ပို႔မႈမ်ားအနက္ ပင္လယ္ေရေၾကာင္းမွတဆင့္ မက္ထရစ္တန္ခ်ိန္ (၁၇၈၁၉၁ဒႆမ၅)တန္ကို တင္ပို႔ခဲ့ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္၏ အခ်က္အလက္မ်ားအရ သိရသည္။
အဆိုပါတင္ပို႔မႈအတြင္း တ႐ုတ္ႏိုင္ငံသို႔ ဆန္တင္ပို႔မႈ အမ်ားဆုံးျဖစ္ၿပီး ဖိလစ္ပိုင္ႏိုင္ငံ၊ စပိန္၊ ပိုလန္၊မက္ဒါဂါစကာ၊ ခ်က္၊ နယ္သာလန္၊ တူရကီ၊ မေလးရွား၊ ဘယ္လ္ဂ်ီယံ တို႔အျပင္ ႏိုင္ငံေပါင္း (၂၀)ႏိုင္ငံသို႔ တင္ပို႔ႏိုင္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ဆန္ကြဲတင္ပို႔မႈသည္လည္း တ႐ုတ္ႏိုင္ငံသို႔ အမ်ားဆုံးတင္ပို႔ခဲ့ၿပီး ဘယ္လ္ဂ်ီယံ ၊အေမရိကန္၊ ပိုလန္၊ နယ္သာလန္၊ စပိန္၊ အီတလီ၊ ခ်က္၊ ေပၚတူဂီ ၊ ဗီယက္နမ္ ႏိုင္ငံတို႔အျပင္ အျခားႏိုင္ငံ (၅)ကို တင္ပို႔ႏိုင္ခဲ့ေၾကာင္း သိရသည္။
ယခုဘ႑ာႏွစ္ (၂၀၂၅-၂၀၂၆)၊ ဧၿပီလမွ ေဖေဖာ္ဝါရီလအထိ ဆန္ႏွင့္ဆန္ကြဲ ျပည္ပသို႔ (၂၅၀၆၀၄၉)တန္ တင္ပို႔ႏိုင္ခဲ့ၿပီး ေဒၚ လာ (၇၉၀) သန္း ရရွိခဲ့ေၾကာင္း သိရသည္။