စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူ့ပါတီမှ အကြံပြုတင်ပြချက်များထုတ်ပြန်

889

Pearl (NP News) - မတ် ၅
စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူ့ပါတီမှ အကြံပြုတင်ပြချက်များကို ယနေ့ (မတ်လ ၅ရက်) တွင် ထုတ်ပြန်ထားသည်။
လက်ရှိကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရရှိစေရေးအတွက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ ၂၀၂၆ ခုနှစ်၊မတ်လ (၇) ရက်ပါရက်စွဲဖြင့် ပုဂ္ဂလိက မော်တော်ယာဉ် များ လိုက်နာဆောင်ရွက်ရန် ကြေငြာချက် ထုတ်ပြန်ခဲ့ပြီး အဆိုပါ ကြေငြာချက်တွင် မော်တော်ယာဉ်များ၊ဆိုင်ကယ်များအား စုံအက္ခရာ/မအက္ခရာခွဲ၍ စုံရက်/မရက်များ တွင်သာ မောင်းနှင်အသုံးပြုရန် ပါရှိကြောင်း သိရသည်။
အဆိုပါ ကြေငြာချက်နှင့်ပတ်သက်၍ ပြည်သူ့ပါတီမှ စက်သုံးဆီခြိုးခြုံချွေတာရေးနှင့်ဖူလုံမှုရရှိစေရေးအတွက် မော်တော်ယာဉ်များအား စုံရက်/ မရက်တွင် သာမောင်းနှင်စေခြင်းအစား ပိုမိုအကျိုးသက်ရောက်မှုရှိစေရန် စုံကား/မကားများကို စက်သုံးဆီအရောင်း ဆိုင်များတွင် စုံရက်/မရက် ခွဲ၍ စက်သုံးဆီဝယ်ယူသုံးစွဲခွင့်ပေးရန် အကြံပြု တင်ပြထားကြောင်း သိရသည်။
ထို့အပြင် မော်တော်ယာဉ်များ၊ ဆိုင်ကယ်များစက်သုံးဆီဝယ်ယူရာ၌လည်း ငွေကြေးသတ်မှတ်ချက်(သို့မဟုတ်) Liter သတ်မှတ်ချက်ထားပြီး ရောင်းချပေးလျှင် စက်သုံးဆီခြိုးခြုံချွေတာရေးနှင့်ဖူလုံစေရေးအတွက် ပိုမို ထိရောက်အကျိုးရှိနိုင်မည်ဟု ယူဆပါသဖြင့် အကြံပြုတင်ပြထားကြောင်း သိရသည်။
ပြည်သူများအနေနှင့်လည်း ကမ္ဘာနှင့်တဝှမ်း ရင်ဆိုင်နေရသော အကျပ်အတည်းဖြစ်ပါ၍ စက်သုံးဆီ ခြိုးခြံချွေတာနိုင်ရေးနှင့်ဖူလုံရေးအတွက် ဝိုင်ဝန်းပါဝင်ကူညီဆောင်ရွက်ပေးကြပါရန်နှင့် အစိုးရိမ်လွန်ပြီး ဝယ်ယူ သိုလှောင်ရောင်းဝယ်ခြင်း မပြုလုပ်ကြရန် ပြည်သူ့ပါတီက မေတ္တာရပ်ခံထားသည်။

Zawgyi Version:
စက္သုံးဆီၿခိဳးၿခံေခြၽတာသုံးစြဲေရးအတြက္ ျပည္သူ႔ပါတီမွ အႀကံျပဳတင္ျပခ်က္မ်ားထုတ္ျပန္
Pearl (NP News) - မတ္ ၅
စက္သုံးဆီၿခိဳးၿခံေခြၽတာသုံးစြဲေရးအတြက္ ျပည္သူ႔ပါတီမွ အႀကံျပဳတင္ျပခ်က္မ်ားကို ယေန႔ (မတ္လ ၅ရက္) တြင္ ထုတ္ျပန္ထားသည္။
လက္ရွိကမာၻ႔ႏိုင္ငံေရးအေျခအေနမ်ားအရ စက္သုံးဆီၿခိဳးၿခံေခြၽတာေရးႏွင့္ ဖူလုံမႈရရွိေစေရးအတြက္ အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီမွ ၂၀၂၆ ခုႏွစ္၊မတ္လ (၇) ရက္ပါရက္စြဲျဖင့္ ပုဂၢလိက ေမာ္ေတာ္ယာဥ္ မ်ား လိုက္နာေဆာင္႐ြက္ရန္ ေၾကျငာခ်က္ ထုတ္ျပန္ခဲ့ၿပီး အဆိုပါ ေၾကျငာခ်က္တြင္ ေမာ္ေတာ္ယာဥ္မ်ား၊ဆိုင္ကယ္မ်ားအား စုံအကၡရာ/မအကၡရာခြဲ၍ စုံရက္/မရက္မ်ား တြင္သာ ေမာင္းႏွင္အသုံးျပဳရန္ ပါရွိေၾကာင္း သိရသည္။
အဆိုပါ ေၾကျငာခ်က္ႏွင့္ပတ္သက္၍ ျပည္သူ႔ပါတီမွ စက္သုံးဆီၿခိဳးၿခဳံေခြၽတာေရးႏွင့္ဖူလုံမႈရရွိေစေရးအတြက္ ေမာ္ေတာ္ယာဥ္မ်ားအား စုံရက္/ မရက္တြင္ သာေမာင္းႏွင္ေစျခင္းအစား ပိုမိုအက်ိဳးသက္ေရာက္မႈရွိေစရန္ စုံကား/မကားမ်ားကို စက္သုံးဆီအေရာင္း ဆိုင္မ်ားတြင္ စုံရက္/မရက္ ခြဲ၍ စက္သုံးဆီဝယ္ယူသုံးစြဲခြင့္ေပးရန္ အႀကံျပဳ တင္ျပထားေၾကာင္း သိရသည္။
ထို႔အျပင္ ေမာ္ေတာ္ယာဥ္မ်ား၊ ဆိုင္ကယ္မ်ားစက္သုံးဆီဝယ္ယူရာ၌လည္း ေငြေၾကးသတ္မွတ္ခ်က္(သို႔မဟုတ္) Liter သတ္မွတ္ခ်က္ထားၿပီး ေရာင္းခ်ေပးလွ်င္ စက္သုံးဆီၿခိဳးၿခဳံေခြၽတာေရးႏွင့္ဖူလုံေစေရးအတြက္ ပိုမို ထိေရာက္အက်ိဳးရွိႏိုင္မည္ဟု ယူဆပါသျဖင့္ အႀကံျပဳတင္ျပထားေၾကာင္း သိရသည္။
ျပည္သူမ်ားအေနႏွင့္လည္း ကမာၻႏွင့္တဝွမ္း ရင္ဆိုင္ေနရေသာ အက်ပ္အတည္းျဖစ္ပါ၍ စက္သုံးဆီ ၿခိဳးၿခံေခြၽတာႏိုင္ေရးႏွင့္ဖူလုံေရးအတြက္ ဝိုင္ဝန္းပါဝင္ကူညီေဆာင္႐ြက္ေပးၾကပါရန္ႏွင့္ အစိုးရိမ္လြန္ၿပီး ဝယ္ယူ သိုေလွာင္ေရာင္းဝယ္ျခင္း မျပဳလုပ္ၾကရန္ ျပည္သူ႔ပါတီက ေမတၱာရပ္ခံထားသည္။