ကမ္ဘာ့ရေနံသယ်ပို့မှု နှလုံးသွေးကြော ဟော်မုဇ်ရေလက်ကြား ဘယ်လောက်ကြာကြာ နှောင့်နှေးနေနိုင်ပါသလဲ (အတွေးအမြင် ဆောင်းပါး)

 1341

HtayOung (NP News)-မတ် ၆
ကျွန်တော် အပြည်ပြည်ဆိုင်ရာ လှေထိုးသား စဖြစ်တဲ့ ၁၉၈၉-ခုနှစ်နှောင်းပိုင်းဝန်းကျင် ကမ္ဘာကြီးမှာ အပြောင်း အလဲများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။

ဆိုဗီယက်ကျူးကျော်မှု အာဖဂန်စစ်ပွဲမှာ အနိုင်ရရှိလိုက်တဲ့ အိုစမာဘင်လာဒင်တို့ရဲ့ နိုင်ငံစုံ အစ္စလာမ် မူ ဂျာဟီ ဒင်တို့က သူတို့ကို မွေးထုတ်ပေးခဲ့တဲ့ CIA နဲ့ အမေရိကန်ကို အံတုလာခြင်း၊ ကမ္ဘာ့နိုင်ငံအတော်များများမှာ တစ်ပါတီ ဗဟိုဦးစီးစနစ် ဆိုရှယ်လစ်နိုင်ငံ အစိုးရတို့ကျဆုံးခြင်း၊ အဲ့ဒီနောက် ၁၉၉၁-ခုနှစ် ဆိုဗီက်ယူနီယံ ပြို ကွဲပြီး ကမ္ဘာ့အရှေ့အနောက် စစ်အေးတိုက်ပွဲပြီးဆုံးသွားခြင်း၊ သြဇာလွှမ်းမိုးမှု တစ်ဦးတည်းပြိုင်ဖက်မရှိ ဖြစ် လာတဲ့ အမေရိကန်ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဦးစားပေးနိုင်ငံခြားရေးမူဝါဒ ပြောင်းလဲလာခြင်း၊ ကမ္ဘာ့ လူဦးရေအများဆုံး တရုတ်-အိန္ဒိယတို့မှာ ဈေးကွက်စီးပွားရေးစနစ် စတင်ကျင့်သုံးပြီး ၎င်းတို့ရဲ့ စီးပွားရေးတည် ဆောက်မှုများနဲ့အတူ မြန်မာအပါအဝင် အရှေ့တောင်အာရှဒေသ အရေးပါလာခြင်းတို့ဖြစ်ပါတယ်။

ကျွန်တော်ဟာ အသက်မွေးဝမ်းကျောင်းအရ ကမ္ဘာ့ အရှေ့အနောက် နိုင်ငံများကို လှည့်လည်သွားလာရင်း အဲ့ဒီ ပထဝီနိုင်ငံရေးအပြောင်းအလဲများကို ပိုက်ဆံတစ်ပြားမှ မကုန်ပဲ အခမဲ့ လှည့်လည်ကြည့်ရှု့ခွင့် ရရှိခဲ့ပါတယ်။ သမိုင်းနဲ့ ယဉ်ကျေးမှုရေးရာများကို စိတ်ဝင်စားတဲ့ ကျွန်တော်ဟာ အဲ့ဒီအချိန် ဟာသဝတ္တုတိုများနဲ့ သုတရေး ရာဆောင်းပါးများကို ရေးသားနေခိုက်ဖြစ်ပါတယ်။ မီဒီယာလောကသားတစ်ဦးအနေနဲ့ သွားလျင် ကျွန်တော့်ကို အထိန်းအမှတ် ဗိမာန်နဲ့ ပြတိုက်များကို လိုက်ပို့ကြပါလိမ့်မယ်။ ရင်ထဲက မဟုတ်တဲ့ ဝါဒဖြန့် ပေါ်လစီစကား လုံးတွေ ကြက်တူရွေးရွတ်သံကို ကြားရပါလိမ့်မယ်။ လှေထိုးသားတစ်ယောက်ကိုတော့ အရက်ဆိုင်နဲ့ ဖျာတန်း ကိုသာ လမ်းညွှန်သူရှိပါတယ်။ ဘယ်သူမှ ဂရုစိုက်လောက်သူ မဟုတ်တဲ့အတွက် သူတို့ပြည်သူစစ်စစ်အချို့ရဲ့ ပကတိရင်ထဲက စကားတွေကို ကြားခဲ့ရပါတယ်။ ကမ္ဘာကြီးရဲ့ အပေါ်ယံအမြင်နဲ့ ဒေသန္တရ လက်တွေ့အဖြစ်မှန် ကွာခြားတတ်ပုံ မျှခြေနားလည်တတ်ဖို့ သင်ယူခွင့် ရရှိပါတယ်။

ယနေ့မြန်မာအပါဝင် ကမ္ဘာ့နိုင်ငံများရဲ့ စက်သုံးဆီအကျပ်အတည်းကို ဖန်တီးလိုက်တဲ့ Hormuz Strait “ဟော် မုဇ်ရေလက်ကြား” ကို ကျွန်တော်ဟာ ပင်လယ်ကူးသင်္ဘောနဲ့ အကြိမ်ကြိမ်ဖြတ်သန်းခဲ့ဖူးပါတယ်။ ‌ဖေဖော်ဝါရီ ၂၈-ရက်နေ့စတင်ဖြစ်ပွားတဲ့ အစ္စရေး အမေရိကန်-အီရန်ပဋိပက္ခမှာ ဒရုန်းနဲ့ မစ်ဆိုင်းများထိမှန်တဲ့ အစ္စရေး ပင်လယ်ဆိမ်ကမ်းမြို့များ၊ လက်ဘနွန်၊ ဆော်ဒီအာရေးဗီးယား၊ ယူအေအီးနိုင်ငံ ဆိပ်ကမ်းမြို့များကို အကြိမ် ကြိမ်ရောက်ဖူးပါတယ်။ ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်ခြင်းကို ပထဝီနိုင်ငံရေးလက်နက်တစ်ခုအဖြစ် အီ ရန်က မကြာခဏအသုံးပြုခဲ့ဖူးပါတယ်။ ဒါပေမဲ့ ယနေ့အထိ သမိုင်းတလျောက် အပြည့်အ၀ ပိတ်သွားရ တယ်လို့ မရှိခဲ့ပါဘူး၊ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံများရဲ့ ပြင်းထန်တဲ့ စီးပွားရေး-စစ်ရေးအန္တရာယ်များကြောင့် ယေဘုယျအားဖြင့် လုံးဝပိတ်ဆို့သွားခြင်း မရှိခဲ့ပါ။

၁၉၈၀-၁၉၈၈ ခုနှစ် အထိ အီရန်-အီရတ် အိမ်နီးချင်း နှစ်နိုင်ငံအကြားစစ်ပွဲဖြစ်ပွားခဲ့ပါတယ်။ နှစ်နိုင်ငံစလုံးဟာ ရေလက်ကြားအတွင်းမှ အရပ်ဖက် ကုန်သွယ်ရေကြောင်းသင်္ဘောများကို ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် “ရေနံ တင်သင်္ဘောစစ်ပွဲ” လို့ အမည်တွင်ပါတယ်။ လက်နက်ထိမှန်ပြီး မြန်မာသင်္ဘောသားအချို့သေဆုံးခဲ့ဖူးပါတယ်။ ရေမြုပ်မိုင်းများကြောင့် ရေပြင်နေရာအချို့မှာ သွားလာမှု လုံးဝရပ်တန့်ပေမယ့် လက်တွေ့လုပ်ကိုင်ပုံအရ ရေ လက်ကြားအနေနဲ့ ပွင့်လင်းနေဆဲဖြစ်ပါတယ်။ အန္တရာယ်များပေမယ့် ကုန်ကူးသွားလာမှုကို ဆက်လက်လုပ် ဆောင်နေပါတယ်။

နိုင်ငံတကာ အသိအမှတ်ပြု မဟုတ်ပေမယ့် ဟော်မုဇ်ရေလက်ကြား ရပ်တန့်သွားရေးကို အီရန်က ဦးစားပေးပါ တယ်။ ဖြတ်သွားဖြတ်လာသင်္ဘောများကို VHF ဆက်သွယ်ရေးစက်မှတဆင့် သတိပေးချက်များ ထုတ်ပြန် ခြိမ်း ခြောက်နေပါတယ်။ ဒီအတွက် လုံခြူံရေးအာမခံ ပရီမီယံကြေးများ မြင့်တက်လက်လာပြီး ထင်ရှားတဲ့ သင်္ဘောလိုင်း အချို့က ဖြတ်သန်းခုတ်မောင်းမှုကို ရှောင်ရှားနေပါတယ်။

ရေလက်ကြားဟာ ကမ္ဘာ့ရေနံသယ်ယူပို့ဆောင်ရေးရဲ့ အဓိကရေလမ်းကြောင်း ဖြစ်ပါတယ်။ နိုင်ငံတကာ ပင် လယ်ရေကြောင်း ရေနံသယ်ပို့မှု အားလုံးရဲ့ ၂၀-၂၅% ခန့်နဲ့ သဘာဝဓာတ်ငွေ့ရည် (LNG) ၂၀% ခန့်တို့ နှစ်စဉ် ဖြတ်သန်းသွားလာလျက်ရှိပါတယ်။ တကယ်ပိတ်ဆို့သွားရင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ စီးပွားရေးပျက်ကပ် ဆိုက် ရောက်နိုင်ပါတယ်။ ယခုအခြေအနေဟာ ရက်အနည်းငယ်မှ တစ်လကျော်အထိ ကြာမြင့်နိုင်တယ်လို့ စစ်ရေး -နိုင်ငံရေးလေ့လာသူများနဲ့ ငွေကြေးအဖွဲ့အစည်းများက သုံးသပ်ပါတယ်။ တစ်လထက်နည်းမှာဖြစ်ကြောင်း လက်ရှိ အဆိုးရွားအခြေအနေဟာ ပင်လယ်ကွေ့ရေနံအပေါ် အလွန်အမင်းမှီခိုနေရတဲ့ တရုတ်ရဲ့ အီ ရန်အ ပေါ်ဖိအားပေးမှုကြောင့် ယခုလ ပထမပတ်အတွင်း ပြီးဆုံးးနိုင်တယ်လို့လည်း ခန့်မှန်းသူပေမယ့် ၅၀% သာ ထင်ကြေးရှိပါတယ်။

အီရန်က အရှေ့အလယ်ပိုင်း နိုင်ငံများကို မစ်ဆိုင်း-ဒရုန်းနဲ့ ဆက်လက်တိုက်ခိုက်နေမယ်ဆိုရင် အကျပ်အ တည်းဟာ လချီကြာမြင့်နိုင်ပြီး လက်ရှိ တစ်စည် ၇၆-၈၅ ဒေါ်လာ ကမ္ဘာ့ရေနံဈေးကို ဂဏန်း ၃-လုံး ဖြစ်အောင် ထိုးတင်ပါလိမ့်မယ်။

အမေရိကန်ဟာ အီရန်နိုင်ငံအတွင်း ကျုးကျော်တိုက်ခိုက်ပြီး အစိုးရကို ဖြုတ်ချမယ်လို့ ကြုံးဝါးနေပေမယ့် လက် တွေ့မှာ အလွန်ခက်ပါတယ်။ အတိတ်ကာလ အီရတ်-အာဖဂန်မှာ ငွေကုန်သွေးမြေကျခြင်းသာအဖတ်တင်ခဲ့တဲ့ သင်ခန်းစာ ရှိပါတယ်။ အီရန်ဟာ လူဦးရေ ၈၅-သန်း၊ သမားရိုးကျ စစ်အင်အား ၆-သိန်းရှိပြီး နိုင်ငံရဲ့ ပထဝီ အ နေအထားဟာ စစ်ချီတက်ရန် ခက်ခဲပါတယ်။

အီရန်ပတ်ဝန်းကျင်မှာ အမေရိကန်နဲ့ ဒေသတွင်း ဆွန်နီနိုင်ငံတွေ မွေးမြုူထားတဲ့ ကာ့ဒ်လက်နက်ကိုင် ၄-ဖွဲ့ အင်အား ၁၅,၀၀၀ ခန့်ရှိပါတယ်။ ဒါပေမဲ့ အီရန်က သွယ်ဝိုက်မွေးမြူထားတဲ့ ဟားမတ်စ်-ဟစ်ဇ်ဘိုလာ-ဟူသီ လက်နက်ကိုင် ၂၅၀,၀၀ မှ ၄၀၀,၀၀၀-ခန့်ရှိပါတယ်။ သူတို့ဟာ ခေတ်မီလက်နက်များတပ်ဆင်ထားကြပြီး ဒ ရုန်း-မစ်ဆိုင်းစင်းရေ သိန်းချီပိုင်ဆိုင်ဖွယ်ရှိပါတယ်။ အီရန်ဟာ ကျူးကျော်လာတဲ့ အမေရိကန်ကို တိုက်ရိုက် စစ်မတိုက်ပဲ Proxy များနဲ့ ခုခံစစ်ခင်းနိုင်ပါတယ်။ ဒါကြောင့် အီရန်အိမ်နီးချင်း တိုင်းပြည်အားလုံးက သူတို့နိုင်ငံ နယ်မြေမှတဆင့် အီရန်ကို စစ်တိုက်ခွင့် မပေးနိုင်ခြင်းဖြစ်ပါတယ်။

အထူးသဖြင့် ဒေသတွင်း အင်အားကြီး တူရကီနဲ့ တရုတ်-ရုရှားတို့က စစ်ပွဲအမြန်ဆုံးရပ်တန့်နိုင်ရေး ကြိုးစား နေကြပါတယ်။

Zawgyi Version:
ကမာၻ႔ေရနံသယ္ပို႔မႈ ႏွလုံးေသြးေၾကာ ေဟာ္မုဇ္ေရလက္ၾကား ဘယ္ေလာက္ၾကာၾကာ ေႏွာင့္ေႏွးေနႏိုင္ပါသလဲ
(အေတြးအျမင္ ေဆာင္းပါး)
HtayOung (NP News)-မတ္ ၆
ကြၽန္ေတာ္ အျပည္ျပည္ဆိုင္ရာ ေလွထိုးသား စျဖစ္တဲ့ ၁၉၈၉-ခုႏွစ္ေႏွာင္းပိုင္းဝန္းက်င္ ကမာၻႀကီးမွာ အေျပာင္း အလဲမ်ားစြာ ျဖစ္ေပၚခဲ့ပါတယ္။

ဆိုဗီယက္က်ဴးေက်ာ္မႈ အာဖဂန္စစ္ပြဲမွာ အႏိုင္ရရွိလိုက္တဲ့ အိုစမာဘင္လာဒင္တို႔ရဲ႕ ႏိုင္ငံစုံ အစၥလာမ္ မူ ဂ်ာဟီ ဒင္တို႔က သူတို႔ကို ေမြးထုတ္ေပးခဲ့တဲ့ CIA နဲ႔ အေမရိကန္ကို အံတုလာျခင္း၊ ကမာၻ႔ႏိုင္ငံအေတာ္မ်ားမ်ားမွာ တစ္ပါတီ ဗဟိုဦးစီးစနစ္ ဆိုရွယ္လစ္ႏိုင္ငံ အစိုးရတို႔က်ဆုံးျခင္း၊ အဲ့ဒီေနာက္ ၁၉၉၁-ခုႏွစ္ ဆိုဗီက္ယူနီယံ ၿပိဳ ကြဲၿပီး ကမာၻ႔အေရွ႕အေနာက္ စစ္ေအးတိုက္ပြဲၿပီးဆုံးသြားျခင္း၊ ၾသဇာလႊမ္းမိုးမႈ တစ္ဦးတည္းၿပိဳင္ဖက္မရွိ ျဖစ္ လာတဲ့ အေမရိကန္ရဲ႕ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရး ဦးစားေပးႏိုင္ငံျခားေရးမူဝါဒ ေျပာင္းလဲလာျခင္း၊ ကမာၻ႔ လူဦးေရအမ်ားဆုံး တ႐ုတ္-အိႏၵိယတို႔မွာ ေဈးကြက္စီးပြားေရးစနစ္ စတင္က်င့္သုံးၿပီး ၎တို႔ရဲ႕ စီးပြားေရးတည္ ေဆာက္မႈမ်ားနဲ႔အတူ ျမန္မာအပါအဝင္ အေရွ႕ေတာင္အာရွေဒသ အေရးပါလာျခင္းတို႔ျဖစ္ပါတယ္။

ကြၽန္ေတာ္ဟာ အသက္ေမြးဝမ္းေက်ာင္းအရ ကမာၻ႔ အေရွ႕အေနာက္ ႏိုင္ငံမ်ားကို လွည့္လည္သြားလာရင္း အဲ့ဒီ ပထဝီႏိုင္ငံေရးအေျပာင္းအလဲမ်ားကို ပိုက္ဆံတစ္ျပားမွ မကုန္ပဲ အခမဲ့ လွည့္လည္ၾကည့္ရႈ႕ခြင့္ ရရွိခဲ့ပါတယ္။ သမိုင္းနဲ႔ ယဥ္ေက်းမႈေရးရာမ်ားကို စိတ္ဝင္စားတဲ့ ကြၽန္ေတာ္ဟာ အဲ့ဒီအခ်ိန္ ဟာသဝတၱဳတိုမ်ားနဲ႔ သုတေရး ရာေဆာင္းပါးမ်ားကို ေရးသားေနခိုက္ျဖစ္ပါတယ္။ မီဒီယာေလာကသားတစ္ဦးအေနနဲ႔ သြားလ်င္ ကြၽန္ေတာ့္ကို အထိန္းအမွတ္ ဗိမာန္နဲ႔ ျပတိုက္မ်ားကို လိုက္ပို႔ၾကပါလိမ့္မယ္။ ရင္ထဲက မဟုတ္တဲ့ ဝါဒျဖန႔္ ေပၚလစီစကား လုံးေတြ ၾကက္တူေ႐ြး႐ြတ္သံကို ၾကားရပါလိမ့္မယ္။ ေလွထိုးသားတစ္ေယာက္ကိုေတာ့ အရက္ဆိုင္နဲ႔ ဖ်ာတန္း ကိုသာ လမ္းၫႊန္သူရွိပါတယ္။ ဘယ္သူမွ ဂ႐ုစိုက္ေလာက္သူ မဟုတ္တဲ့အတြက္ သူတို႔ျပည္သူစစ္စစ္အခ်ိဳ႕ရဲ႕ ပကတိရင္ထဲက စကားေတြကို ၾကားခဲ့ရပါတယ္။ ကမာၻႀကီးရဲ႕ အေပၚယံအျမင္နဲ႔ ေဒသႏၲရ လက္ေတြ႕အျဖစ္မွန္ ကြာျခားတတ္ပုံ မွ်ေျခနားလည္တတ္ဖို႔ သင္ယူခြင့္ ရရွိပါတယ္။

ယေန႔ျမန္မာအပါဝင္ ကမာၻ႔ႏိုင္ငံမ်ားရဲ႕ စက္သုံးဆီအက်ပ္အတည္းကို ဖန္တီးလိုက္တဲ့ Hormuz Strait “ေဟာ္ မုဇ္ေရလက္ၾကား” ကို ကြၽန္ေတာ္ဟာ ပင္လယ္ကူးသေဘၤာနဲ႔ အႀကိမ္ႀကိမ္ျဖတ္သန္းခဲ့ဖူးပါတယ္။ ‌ေဖေဖာ္ဝါရီ ၂၈-ရက္ေန႔စတင္ျဖစ္ပြားတဲ့ အစၥေရး အေမရိကန္-အီရန္ပဋိပကၡမွာ ဒ႐ုန္းနဲ႔ မစ္ဆိုင္းမ်ားထိမွန္တဲ့ အစၥေရး ပင္လယ္ဆိမ္ကမ္းၿမိဳ႕မ်ား၊ လက္ဘႏြန္၊ ေဆာ္ဒီအာေရးဗီးယား၊ ယူေအအီးႏိုင္ငံ ဆိပ္ကမ္းၿမိဳ႕မ်ားကို အႀကိမ္ ႀကိမ္ေရာက္ဖူးပါတယ္။ ေဟာ္မုဇ္ေရလက္ၾကားကို ပိတ္ပစ္ျခင္းကို ပထဝီႏိုင္ငံေရးလက္နက္တစ္ခုအျဖစ္ အီ ရန္က မၾကာခဏအသုံးျပဳခဲ့ဖူးပါတယ္။ ဒါေပမဲ့ ယေန႔အထိ သမိုင္းတေလ်ာက္ အျပည့္အ၀ ပိတ္သြားရ တယ္လို႔ မရွိခဲ့ပါဘူး၊ ပါဝင္ပတ္သက္ေနတဲ့ ႏိုင္ငံမ်ားရဲ႕ ျပင္းထန္တဲ့ စီးပြားေရး-စစ္ေရးအႏၲရာယ္မ်ားေၾကာင့္ ေယဘုယ်အားျဖင့္ လုံးဝပိတ္ဆို႔သြားျခင္း မရွိခဲ့ပါ။

၁၉၈၀-၁၉၈၈ ခုႏွစ္ အထိ အီရန္-အီရတ္ အိမ္နီးခ်င္း ႏွစ္ႏိုင္ငံအၾကားစစ္ပြဲျဖစ္ပြားခဲ့ပါတယ္။ ႏွစ္ႏိုင္ငံစလုံးဟာ ေရလက္ၾကားအတြင္းမွ အရပ္ဖက္ ကုန္သြယ္ေရေၾကာင္းသေဘၤာမ်ားကို ပစ္ခတ္တိုက္ခိုက္ခဲ့တဲ့အတြက္ “ေရနံ တင္သေဘၤာစစ္ပြဲ” လို႔ အမည္တြင္ပါတယ္။ လက္နက္ထိမွန္ၿပီး ျမန္မာသေဘၤာသားအခ်ိဳ႕ေသဆုံးခဲ့ဖူးပါတယ္။ ေရျမဳပ္မိုင္းမ်ားေၾကာင့္ ေရျပင္ေနရာအခ်ိဳ႕မွာ သြားလာမႈ လုံးဝရပ္တန႔္ေပမယ့္ လက္ေတြ႕လုပ္ကိုင္ပုံအရ ေရ လက္ၾကားအေနနဲ႔ ပြင့္လင္းေနဆဲျဖစ္ပါတယ္။ အႏၲရာယ္မ်ားေပမယ့္ ကုန္ကူးသြားလာမႈကို ဆက္လက္လုပ္ ေဆာင္ေနပါတယ္။

ႏိုင္ငံတကာ အသိအမွတ္ျပဳ မဟုတ္ေပမယ့္ ေဟာ္မုဇ္ေရလက္ၾကား ရပ္တန႔္သြားေရးကို အီရန္က ဦးစားေပးပါ တယ္။ ျဖတ္သြားျဖတ္လာသေဘၤာမ်ားကို VHF ဆက္သြယ္ေရးစက္မွတဆင့္ သတိေပးခ်က္မ်ား ထုတ္ျပန္ ၿခိမ္း ေျခာက္ေနပါတယ္။ ဒီအတြက္ လုံၿခဴံေရးအာမခံ ပရီမီယံေၾကးမ်ား ျမင့္တက္လက္လာၿပီး ထင္ရွားတဲ့ သေဘၤာလိုင္း အခ်ိဳ႕က ျဖတ္သန္းခုတ္ေမာင္းမႈကို ေရွာင္ရွားေနပါတယ္။

ေရလက္ၾကားဟာ ကမာၻ႔ေရနံသယ္ယူပို႔ေဆာင္ေရးရဲ႕ အဓိကေရလမ္းေၾကာင္း ျဖစ္ပါတယ္။ ႏိုင္ငံတကာ ပင္ လယ္ေရေၾကာင္း ေရနံသယ္ပို႔မႈ အားလုံးရဲ႕ ၂၀-၂၅% ခန႔္နဲ႔ သဘာဝဓာတ္ေငြ႕ရည္ (LNG) ၂၀% ခန႔္တို႔ ႏွစ္စဥ္ ျဖတ္သန္းသြားလာလ်က္ရွိပါတယ္။ တကယ္ပိတ္ဆို႔သြားရင္ ကမာၻ႔ႏိုင္ငံအသီးသီးမွာ စီးပြားေရးပ်က္ကပ္ ဆိုက္ ေရာက္ႏိုင္ပါတယ္။ ယခုအေျခအေနဟာ ရက္အနည္းငယ္မွ တစ္လေက်ာ္အထိ ၾကာျမင့္ႏိုင္တယ္လို႔ စစ္ေရး -ႏိုင္ငံေရးေလ့လာသူမ်ားနဲ႔ ေငြေၾကးအဖြဲ႕အစည္းမ်ားက သုံးသပ္ပါတယ္။ တစ္လထက္နည္းမွာျဖစ္ေၾကာင္း လက္ရွိ အဆိုး႐ြားအေျခအေနဟာ ပင္လယ္ေကြ႕ေရနံအေပၚ အလြန္အမင္းမွီခိုေနရတဲ့ တ႐ုတ္ရဲ႕ အီ ရန္အ ေပၚဖိအားေပးမႈေၾကာင့္ ယခုလ ပထမပတ္အတြင္း ၿပီးဆုံးးႏိုင္တယ္လို႔လည္း ခန႔္မွန္းသူေပမယ့္ ၅၀% သာ ထင္ေၾကးရွိပါတယ္။

အီရန္က အေရွ႕အလယ္ပိုင္း ႏိုင္ငံမ်ားကို မစ္ဆိုင္း-ဒ႐ုန္းနဲ႔ ဆက္လက္တိုက္ခိုက္ေနမယ္ဆိုရင္ အက်ပ္အ တည္းဟာ လခ်ီၾကာျမင့္ႏိုင္ၿပီး လက္ရွိ တစ္စည္ ၇၆-၈၅ ေဒၚလာ ကမာၻ႔ေရနံေဈးကို ဂဏန္း ၃-လုံး ျဖစ္ေအာင္ ထိုးတင္ပါလိမ့္မယ္။

အေမရိကန္ဟာ အီရန္ႏိုင္ငံအတြင္း က်ဳးေက်ာ္တိုက္ခိုက္ၿပီး အစိုးရကို ျဖဳတ္ခ်မယ္လို႔ ႀကဳံးဝါးေနေပမယ့္ လက္ ေတြ႕မွာ အလြန္ခက္ပါတယ္။ အတိတ္ကာလ အီရတ္-အာဖဂန္မွာ ေငြကုန္ေသြးေျမက်ျခင္းသာအဖတ္တင္ခဲ့တဲ့ သင္ခန္းစာ ရွိပါတယ္။ အီရန္ဟာ လူဦးေရ ၈၅-သန္း၊ သမား႐ိုးက် စစ္အင္အား ၆-သိန္းရွိၿပီး ႏိုင္ငံရဲ႕ ပထဝီ အ ေနအထားဟာ စစ္ခ်ီတက္ရန္ ခက္ခဲပါတယ္။

အီရန္ပတ္ဝန္းက်င္မွာ အေမရိကန္နဲ႔ ေဒသတြင္း ဆြန္နီႏိုင္ငံေတြ ေမြးျမဳူထားတဲ့ ကာ့ဒ္လက္နက္ကိုင္ ၄-ဖြဲ႕ အင္အား ၁၅,၀၀၀ ခန႔္ရွိပါတယ္။ ဒါေပမဲ့ အီရန္က သြယ္ဝိုက္ေမြးျမဴထားတဲ့ ဟားမတ္စ္-ဟစ္ဇ္ဘိုလာ-ဟူသီ လက္နက္ကိုင္ ၂၅၀,၀၀ မွ ၄၀၀,၀၀၀-ခန႔္ရွိပါတယ္။ သူတို႔ဟာ ေခတ္မီလက္နက္မ်ားတပ္ဆင္ထားၾကၿပီး ဒ ႐ုန္း-မစ္ဆိုင္းစင္းေရ သိန္းခ်ီပိုင္ဆိုင္ဖြယ္ရွိပါတယ္။ အီရန္ဟာ က်ဴးေက်ာ္လာတဲ့ အေမရိကန္ကို တိုက္႐ိုက္ စစ္မတိုက္ပဲ Proxy မ်ားနဲ႔ ခုခံစစ္ခင္းႏိုင္ပါတယ္။ ဒါေၾကာင့္ အီရန္အိမ္နီးခ်င္း တိုင္းျပည္အားလုံးက သူတို႔ႏိုင္ငံ နယ္ေျမမွတဆင့္ အီရန္ကို စစ္တိုက္ခြင့္ မေပးႏိုင္ျခင္းျဖစ္ပါတယ္။

အထူးသျဖင့္ ေဒသတြင္း အင္အားႀကီး တူရကီနဲ႔ တ႐ုတ္-႐ုရွားတို႔က စစ္ပြဲအျမန္ဆုံးရပ္တန႔္ႏိုင္ေရး ႀကိဳးစား ေနၾကပါတယ္။

Related news

© 2021. All rights reserved.