မတ်လအတွင်းပြည်တွင်းကြက်သွန်နီဈေးအတက်အကျမြန်နေ

215

ကိုဖြိုး(NP News) မတ်-၁၉
မတ်လအတွင်း ပြည်တွင်းဈေးကွက်တွင် ကြက်သွန်နီဈေးက အပြောင်းအလဲ၊ အတက်အကျများဖြင့် လှုပ်ခတ်မှု များနေကြောင်းသိရသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်က ရန်ကုန်ဈေးကွက်တွင် ဝယ်အားတရှိန်ထိုး တက်လာခြင်းကြောင့် ကြက်သွန်နီဈေး ဆက်တိုက်မြင့်တက်ခဲ့သော်လည်း ယခုရက်သတ္တပတ်တွင် ဈေးပြန်ပြုတ်ကျလာသည်။
လွန်ခဲ့သော ရက်သတ္တပတ် ကြက်သွန်နီဈေး မြင့်တက်မှုကြောင့် ယခုရက်သတ္တပတ် ဈေးကွက်စဖွင့်သည့် ပထမရက်များတွင် ရန်ကုန်သို့ ကြက်သွန်အဝင် ကုန်ချိန်ပိဿာ (၃၄၀,၀၀၀) ကျော်၊ ဒုတိယရက်တွင် ကုန်ချိန် ပိဿာ (၂၂၀,၀၀၀) ကျော်ဝင်ပြီး ကျန်ရက်များတွင် တစ်ရက်ကုန်ချိန်ပိဿာ (၁၅၀,၀၀၀) ဝန်းကျင်သာ အဝင်ရှိနေသည်။
ရန်ကုန်ဈေးကွက်သို့ ကြက်သွန်အဝင် ကုန်ချိန်များသည့် ရက်များတွင် ကြက်သွန်နီ လက္ကားဈေးက ဆိတ်ဖြူ (ရှယ်) တစ်ပိဿာ ကျပ် (၁,၄၀၀)၊ မြစ်သား (ရှယ်) တစ်ပိဿာ ကျပ် (၁,၈၀၀) ဈေးဖွင့်သည်။ ကြက်သွန်အဝင် ပုံမှန်သာရှိချိန်တွင် ရန်ကုန်ဈေးကွက်၌ လက္ကားကြက်သွန်နီဈေးက ဆိတ်ဖြူ (ရှယ်) တစ်ပိဿာ ကျပ် (၁,၆၀၀)၊ မြစ်သား (ရှယ်) တစ်ပိဿာ ကျပ် (၂,၀၀၀)၊ မြင်းခြံ (ရှယ်) တစ်ပိဿာ ကျပ် (၁,၅၀၀)၊ မုံရွာ (ရှယ်) တစ်ပိဿာ ကျပ် (၁,၈၀၀) ဈေးဖွင့်သည်။
ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ကြက်သွန်နီ ပြည်တွင်းဈေး အတက်၊ အကျများဖြင့် တည်ငြိမ်မှုမရှိသော်လည်း ပြည်ပကြက်သွန်နီဈေး ငြိမ်နေသည်။
ပြည်ပရောင်းချသည့် ကြက်သွန်နီ FOB ဈေးသည် အမျိုးအစား၊ အရည်အသွေးအလိုက် မြစ်သား 2026 crop တစ်တန် ဒေါ်လာ (၃၇၅ မှ ၄၂၀) ကြား ဈေးဖွင့်ပြီး နယ်စုံ ကြက်သွန်နီ 2026 crop တစ်တန် ဒေါ်လာ (၂၄၅ မှ ၃၄၅) အကြား ဈေးဖွင့်ကြောင်းသိရသည်။

Zawgyi Version:
မတ္လအတြင္းျပည္တြင္းၾကက္သြန္နီေဈးအတက္အက်ျမန္ေန
ကိုၿဖိဳး(NP News) မတ္-၁၉
မတ္လအတြင္း ျပည္တြင္းေဈးကြက္တြင္ ၾကက္သြန္နီေဈးက အေျပာင္းအလဲ၊ အတက္အက်မ်ားျဖင့္ လႈပ္ခတ္မႈ မ်ားေနေၾကာင္းသိရသည္။
ၿပီးခဲ့သည့္ ရက္သတၱပတ္က ရန္ကုန္ေဈးကြက္တြင္ ဝယ္အားတရွိန္ထိုး တက္လာျခင္းေၾကာင့္ ၾကက္သြန္နီေဈး ဆက္တိုက္ျမင့္တက္ခဲ့ေသာ္လည္း ယခုရက္သတၱပတ္တြင္ ေဈးျပန္ျပဳတ္က်လာသည္။
လြန္ခဲ့ေသာ ရက္သတၱပတ္ ၾကက္သြန္နီေဈး ျမင့္တက္မႈေၾကာင့္ ယခုရက္သတၱပတ္ ေဈးကြက္စဖြင့္သည့္ ပထမရက္မ်ားတြင္ ရန္ကုန္သို႔ ၾကက္သြန္အဝင္ ကုန္ခ်ိန္ပိႆာ (၃၄၀,၀၀၀) ေက်ာ္၊ ဒုတိယရက္တြင္ ကုန္ခ်ိန္ ပိႆာ (၂၂၀,၀၀၀) ေက်ာ္ဝင္ၿပီး က်န္ရက္မ်ားတြင္ တစ္ရက္ကုန္ခ်ိန္ပိႆာ (၁၅၀,၀၀၀) ဝန္းက်င္သာ အဝင္ရွိေနသည္။
ရန္ကုန္ေဈးကြက္သို႔ ၾကက္သြန္အဝင္ ကုန္ခ်ိန္မ်ားသည့္ ရက္မ်ားတြင္ ၾကက္သြန္နီ လကၠားေဈးက ဆိတ္ျဖဴ (ရွယ္) တစ္ပိႆာ က်ပ္ (၁,၄၀၀)၊ ျမစ္သား (ရွယ္) တစ္ပိႆာ က်ပ္ (၁,၈၀၀) ေဈးဖြင့္သည္။ ၾကက္သြန္အဝင္ ပုံမွန္သာရွိခ်ိန္တြင္ ရန္ကုန္ေဈးကြက္၌ လကၠားၾကက္သြန္နီေဈးက ဆိတ္ျဖဴ (ရွယ္) တစ္ပိႆာ က်ပ္ (၁,၆၀၀)၊ ျမစ္သား (ရွယ္) တစ္ပိႆာ က်ပ္ (၂,၀၀၀)၊ ျမင္းၿခံ (ရွယ္) တစ္ပိႆာ က်ပ္ (၁,၅၀၀)၊ မုံ႐ြာ (ရွယ္) တစ္ပိႆာ က်ပ္ (၁,၈၀၀) ေဈးဖြင့္သည္။
ယခုရက္သတၱပတ္ ရန္ကုန္ေဈးကြက္တြင္ ၾကက္သြန္နီ ျပည္တြင္းေဈး အတက္၊ အက်မ်ားျဖင့္ တည္ၿငိမ္မႈမရွိေသာ္လည္း ျပည္ပၾကက္သြန္နီေဈး ၿငိမ္ေနသည္။
ျပည္ပေရာင္းခ်သည့္ ၾကက္သြန္နီ FOB ေဈးက အမ်ိဳးအစား၊ အရည္အေသြးအလိုက္ ျမစ္သား 2026 crop တစ္တန္ ေဒၚလာ (၃၇၅ မွ ၄၂၀) ၾကား ေဈးဖြင့္ၿပီး နယ္စုံ ၾကက္သြန္နီ 2026 crop တစ္တန္ ေဒၚလာ (၂၄၅ မွ ၃၄၅) အၾကား ေဈးဖြင့္ေၾကာင္းသိရသည္။