ရန်ကုန်တိုင်းအတွင်း စားသုံးဆီကို G3G Application ဖြင့် အိမ်တိုင်ရာရောက်စနစ်ဖြင့် စတင်ဝယ်ယူနိုင်

269

သန့်မင်းအိမ် (NP News) - မတ် ၁၈
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူများအနေဖြင့် အခြေခံစားသုံးဆီကို သင့်တင့်သောဈေးနှုန်းဖြင့် အိမ်တိုင်ရာရောက် (Door-to-Door) စနစ်ဖြင့် လွယ်ကူစွာ ဝယ်ယူနိုင်ရန် G3G Application ကို အသုံးပြု၍ တရားဝင်ဖြန့်ဖြူးရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ Application နှင့် ပတ်သက်သည့်ရှင်းလင်းပွဲကို မတ်လ ၁၆ ရက်က လမ်းမတော်မြို့နယ်ရှိ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ၌ ကျင်းပခဲ့ပြီး Golden Gate Global Myanmar Pte., Ltd မှ တာဝန်ရှိသူများက နည်းပညာပိုင်းဆိုင်ရာများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ယခု G3G Application ကို နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားသူ မည်သူမဆို အသုံးပြုနိုင်မည်ဖြစ်ပြီး ကြားခံစရိတ်များ လျှော့ချကာ စားသုံးသူများထံ တိုက်ရိုက်ရောက်ရှိစေရန် ရည်ရွယ်ခြင်းဖြစ်သည်။
ယခုကဲ့သို့ Door-to-Door စနစ်ဖြင့် ဖြန့်ဖြူးပေးခြင်းကြောင့် ပြည်သူများအတွက် စားသုံးဆီ ဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့လာမည်ဖြစ်ပြီး နောင်တွင်လည်း ယခုထက်ပိုမိုကျယ်ပြန့်သော ဖြန့်ဖြူးရေးကွန်ရက်ဖြစ်ပေါ်လာစေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် စားသုံးဆီဖြန်ဖြူးရောင်းချရေး ကော်မတီက စာသုံးသူများအဆင်ပြေစေရန်အတွက် တစ်လလျှင် ဖုန်းနံပါတ် တစ်လုံးစာအတွက် (၇၅) ကျပ်သာ ပါဝင်သော ဆီတစ်ဗူးနှုန်းဖြင့် ရောင်းချပေးနေကြောင်း သိရသည်။

Zawgyi Version;
ရန္ကုန္တိုင္းအတြင္း စားသုံးဆီကို G3G Application ျဖင့္ အိမ္တိုင္ရာေရာက္စနစ္ျဖင့္ စတင္ဝယ္ယူႏိုင္
သန႔္မင္းအိမ္ (NP News) - မတ္ ၁၈
ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ စားသုံးသူမ်ားအေနျဖင့္ အေျခခံစားသုံးဆီကို သင့္တင့္ေသာေဈးႏႈန္းျဖင့္ အိမ္တိုင္ရာေရာက္ (Door-to-Door) စနစ္ျဖင့္ လြယ္ကူစြာ ဝယ္ယူႏိုင္ရန္ G3G Application ကို အသုံးျပဳ၍ တရားဝင္ျဖန႔္ျဖဴးေရာင္းခ်ေပးေနၿပီျဖစ္ေၾကာင္း သိရသည္။
အဆိုပါ Application ႏွင့္ ပတ္သက္သည့္ရွင္းလင္းပြဲကို မတ္လ ၁၆ ရက္က လမ္းမေတာ္ၿမိဳ႕နယ္ရွိ ကုန္သည္စက္မႈအသင္းခ်ဳပ္ (UMFCCI) ၌ က်င္းပခဲ့ၿပီး Golden Gate Global Myanmar Pte., Ltd မွ တာဝန္ရွိသူမ်ားက နည္းပညာပိုင္းဆိုင္ရာမ်ားကို ရွင္းလင္းတင္ျပခဲ့ၾကသည္။
ယခု G3G Application ကို ႏိုင္ငံသားစိစစ္ေရးကတ္ျပား ကိုင္ေဆာင္ထားသူ မည္သူမဆို အသုံးျပဳႏိုင္မည္ျဖစ္ၿပီး ၾကားခံစရိတ္မ်ား ေလွ်ာ့ခ်ကာ စားသုံးသူမ်ားထံ တိုက္႐ိုက္ေရာက္ရွိေစရန္ ရည္႐ြယ္ျခင္းျဖစ္သည္။
ယခုကဲ့သို႔ Door-to-Door စနစ္ျဖင့္ ျဖန႔္ျဖဴးေပးျခင္းေၾကာင့္ ျပည္သူမ်ားအတြက္ စားသုံးဆီ ဝယ္ယူရာတြင္ ပိုမိုအဆင္ေျပေခ်ာေမြ႕လာမည္ျဖစ္ၿပီး ေနာင္တြင္လည္း ယခုထက္ပိုမိုက်ယ္ျပန႔္ေသာ ျဖန႔္ျဖဴးေရးကြန္ရက္ျဖစ္ေပၚလာေစရန္ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရွိရသည္။
လက္ရွိတြင္ စားသုံးဆီျဖန္ျဖဴးေရာင္းခ်ေရး ေကာ္မတီက စာသုံးသူမ်ားအဆင္ေျပေစရန္အတြက္ တစ္လလွ်င္ ဖုန္းနံပါတ္ တစ္လုံးစာအတြက္ (၇၅) က်ပ္သာ ပါဝင္ေသာ ဆီတစ္ဗူးႏႈန္းျဖင့္ ေရာင္းခ်ေပးေနေၾကာင္း သိရသည္။