မအူပင်မြို့တွင် ဓါတ်အားပြတ်တောက်မှုကိုဖြေရှင်းရန် လျှပ်စစ်ဝန်ထမ်းများအတွက် စက်သုံးဆီလောက်ငှစွာ မရလျှင် ဓါတ်အားပြန်ရဖို့ ကြန့်ကြာနိုင်

282

ပြည့်ဖြိုးပိုင် (မအူပင်) (NP News) - မတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့တွင် မတ်လ (၂၇)ရက် ည(၁၁)နာရီကျော်အချိန်ခန့်မှ စတင်ကာလျှပ်စစ်ဓါတ်အား ပြတ်တောက်သွားခဲ့ပြီး မတ်လ (၂၈)ရက် နံနက် (၁၁)နာရီအချိန်ခန့်အထိ လျှပ်စစ်မီးပြန်လည်မရရှိသေးဘဲ ဓါတ်အားပြတ်တောက်မှုကိုဖြေရှင်းရန် လျှပ်စစ်ဝန်ထမ်းများအတွက် စက်သုံးဆီလောက်ငှစွာမရလျှင် ကြန့်ကြာနိုင်ကြောင်း မအူပင်မြို့နယ်လျှပ်စစ်ဖြန့်ဖြူးရေးဌာနမှ တာဝန်ရှိသူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။
" ကျိုက်လတ်-မအူပင် ၃၃ကေဗွီလိုင်းအပြစ်ဖြင့် ဓါတ်အားပြတ်တောက်။ လိုင်း အပြစ်ရှာဖို့အတွက် ဆီအလွယ်တကူ ထည့်လို့ရမည်ဆိုရင် မြန်ပါမယ် ခင်ဗျာ။ တန်းစီစနစ်အတိုင်း ဝင်တန်းရရင်တော့ မီးပြတ်ချိန် အနည်းငယ် ကြန့်ကြာနိုင်ပါကြောင်းနှင့် အသွားအပြန် ဆီရရှိမှုလောက်ငှမှသာ လျှပ်စစ်၀န်ထမ်းများအတွက် အဆင်ပြေမည်ဖြစ်ပါသဖြင့် ဓါတ်အားပြတ်တောက်မှုအား သိရှိနားလည်ပေးနိုင်ပါရန် လေးစားစွာဖြင့် အသိပေးအပ်ပါသည်ခင်ဗျား" ဟု မအူပင်မြို့နယ်လျှပ်စစ်ဖြန့်ဖြူးရေးဌာနမှ တာဝန်ရှိသူ ဦးအေးမင်းသန့်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
မအူပင်မြို့တွင် လျှပ်စစ်မီးအချိန်ကြာမြင့်စွာပြတ်တောက်ခြင်းနှင့် လောင်စာဆီ ဝယ်ယူရခက်ခဲမှုများကြောင့် လုပ်ငန်းရှင်တစ်ချို့အခက်အခဲများဖြင့် ရင်ဆိုင်နေရကြောင်းလည်း သိရသည်။

Zawgyi Version;
မအူပင္ၿမိဳ႕တြင္ လွ်ပ္စစ္ဓါတ္အား (၁၀)နာရီေက်ာ္ၾကာျပတ္ေတာက္ၿပီးေနာက္ ဓါတ္အားျပတ္ေတာက္မႈကို ေျဖရွင္းရန္ လွ်ပ္စစ္ဝန္ထမ္းမ်ားအတြက္ စက္သုံးဆီေလာက္ငွစြာ မရလွ်င္ ဓါတ္အားျပန္ရဖို႔ ၾကန႔္ၾကာႏိုင္
ျပည့္ၿဖိဳးပိုင္ (မအူပင္) (NP News) - မတ္ ၂၈
ဧရာဝတီတိုင္းေဒသႀကီး မအူပင္ၿမိဳ႕တြင္ မတ္လ (၂၇)ရက္ ည(၁၁)နာရီေက်ာ္အခ်ိန္ခန႔္မွ စတင္ကာလွ်ပ္စစ္ဓါတ္အား ျပတ္ေတာက္သြားခဲ့ၿပီး မတ္လ (၂၈)ရက္ နံနက္ (၁၁)နာရီအခ်ိန္ခန႔္အထိ လွ်ပ္စစ္မီးျပန္လည္မရရွိေသးဘဲ ဓါတ္အားျပတ္ေတာက္မႈကိုေျဖရွင္းရန္ လွ်ပ္စစ္ဝန္ထမ္းမ်ားအတြက္ စက္သုံးဆီေလာက္ငွစြာမရလွ်င္ ၾကန္႔ၾကာႏိုင္ေၾကာင္း မအူပင္ၿမိဳ႕နယ္လွ်ပ္စစ္ျဖန႔္ျဖဴးေရးဌာနမွ တာဝန္ရွိသူ၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေဖာ္ျပထားခ်က္အရ သိရသည္။
" က်ိဳက္လတ္-မအူပင္ ၃၃ေကဗြီလိုင္းအျပစ္ျဖင့္ ဓါတ္အားျပတ္ေတာက္။ လိုင္း အျပစ္ရွာဖို႔အတြက္ ဆီအလြယ္တကူ ထည့္လို႔ရမည္ဆိုရင္ ျမန္ပါမယ္ ခင္ဗ်ာ။ တန္းစီစနစ္အတိုင္း ဝင္တန္းရရင္ေတာ့ မီးျပတ္ခ်ိန္ အနည္းငယ္ ၾကန႔္ၾကာႏိုင္ပါေၾကာင္းႏွင့္ အသြားအျပန္ ဆီရရွိမႈေလာက္ငွမွသာ လွ်ပ္စစ္၀န္ထမ္းမ်ားအတြက္ အဆင္ေျပမည္ျဖစ္ပါသျဖင့္ ဓါတ္အားျပတ္ေတာက္မႈအား သိရွိနားလည္ေပးႏိုင္ပါရန္ ေလးစားစြာျဖင့္ အသိေပးအပ္ပါသည္ခင္ဗ်ား" ဟု မအူပင္ၿမိဳ႕နယ္လွ်ပ္စစ္ျဖန႔္ျဖဴးေရးဌာနမွ တာဝန္ရွိသူ ဦးေအးမင္းသန႔္က ၎၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေဖာ္ျပထားသည္။
မအူပင္ၿမိဳ႕တြင္ လွ်ပ္စစ္မီးအခ်ိန္ၾကာျမင့္စြာျပတ္ေတာက္ျခင္းႏွင့္ ေလာင္စာဆီ ဝယ္ယူရခက္ခဲမႈမ်ားေၾကာင့္ လုပ္ငန္းရွင္တစ္ခ်ိဳ႕အခက္အခဲမ်ားျဖင့္ ရင္ဆိုင္ေနရေၾကာင္းလည္း သိရသည္။