ဝေါမြို့နယ်တွင် ရပ်ထားသည့် (၁၂)ဘီးကား၏ အနောက်ခြမ်းအား အရှိန်ဖြင့်ဝင်တိုက်မိသည့် ကားပေါ်မှ လူ(၃)ဦး ပွဲချင်းပြီး သေဆုံး

799

ထိုက်စံ (NP News) - မတ် ၃၀
ပဲခူတိုင်းဒေသကြီး ၊ ဝေါမြို့နယ် ၊ ညောင်ခါးရှည်ဂိတ်အနီးတွင် ရပ်ထားသည့်(၁၂)ဘီးကား၏အနောက်ခြမ်းအား အရှိန်ဖြင့် ဝင်တိုက်မိသည့် ကားပေါ်မှ လူ(၃)ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း အနာဂတ် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၏ တာဝန်ရှိသူ တစ်ဦးထံ ဆက်သွယ်မေးမြန်းချက်အရ သိရသည်။
ဖြစ်စဉ်မှာ ယမန့်နေ့ ( မတ် ၂၉ ရက်) ၊ ညပိုင်း (၇)နာရီ (၃၀) မိနစ် အချိန်ခန့်က ဝေါမြို့နယ်၊ ညောင်ခါးရှည်ဂိတ်အနီးတွင် Toyota fielder Taxi တစ်စီးမှ ရပ်ထားသည့် (၁၂)ဘီးကားအား အနောက်မှ ဝင်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကားကို အနောက်ကနေတိုက်တာ။ (၁၂)ဘီးကားကို အနောက်ကနေ ဝင်တိုက်တာပေါ့။ ကားပေါ်မှာ (၃)ယောက်ပါတာ။ (၃)ယောက်လုံး ကတော့ ဆုံးသွားတာပေါ့။ ကျား(၁) ၊ မ(၂)။ (၃)ယောက်လုံးကတော့ ခေါင်းပွင့်နေတာ။ အကုန်းလုံးဦးခေါင်းထိပြီးတော့ ဆုံးသွားတာပေါ့” ဟု ၎င်းကပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် ဝင်တိုက်သည့် ယာဉ်တွင် လိုက်ပါလာသည့် အသက်(၄၀)အရွယ်ရှိ အမျိုးသား တစ်ဦး ၊ အသက် (၆၀)ခန့်အရွယ်ရှိသည့် အမျိုးသမီးတစ်ဦး နှင့် အသက် (၂၀) အရွယ် အမျိုးသမီးတစ်ဦး တို့သည် ဦးခေါင်းဒဏ်ရာများဖြင့် နေရာတွင်သေဆုံးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် သေဆုံးသူရုပ်အလောင်းအား အနာဂါတ်လူမှုကယ်ဆယ်ရေး အဖွဲ့နှင့် ညောင်ခါးရှည်လူမှုကူညီရေး အသင်းတို့မှ ညောင်ခါးရှည် တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Zawgyi version:
ပဲခူတိုင္းေဒသႀကီး ၊ ေဝါၿမိဳ႕နယ္ ၊ ေညာင္ခါးရွည္ဂိတ္အနီးတြင္ ရပ္ထားသည့္(၁၂)ဘီးကား၏အေနာက္ျခမ္းအား အရွိန္ျဖင့္ ဝင္တိုက္မိသည့္ ကားေပၚမွ လူ(၃)ဦး ပြဲခ်င္းၿပီး ေသဆုံးခဲ့ေၾကာင္း အနာဂတ္ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕၏ တာဝန္ရွိသူ တစ္ဦးထံ ဆက္သြယ္ေမးျမန္းခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ ယမန႔္ေန႔ ( မတ္ ၂၉ ရက္) ၊ ညပိုင္း (၇)နာရီ (၃၀) မိနစ္ အခ်ိန္ခန႔္က ေဝါၿမိဳ႕နယ္၊ ေညာင္ခါးရွည္ဂိတ္အနီးတြင္ Toyota fielder Taxi တစ္စီးမွ ရပ္ထားသည့္ (၁၂)ဘီးကားအား အေနာက္မွ ဝင္တိုက္မိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
“ကားကို အေနာက္ကေနတိုက္တာ။ (၁၂)ဘီးကားကို အေနာက္ကေန ဝင္တိုက္တာေပါ့။ ကားေပၚမွာ (၃)ေယာက္ပါတာ။ (၃)ေယာက္လုံး ကေတာ့ ဆုံးသြားတာေပါ့။ က်ား(၁) ၊ မ(၂)။ (၃)ေယာက္လုံးကေတာ့ ေခါင္းပြင့္ေနတာ။ အကုန္းလုံးဦးေခါင္းထိၿပီးေတာ့ ဆုံးသြားတာေပါ့” ဟု ၎ကေျပာသည္။
အဆိုပါျဖစ္စဥ္ေၾကာင့္ ဝင္တိုက္သည့္ ယာဥ္တြင္ လိုက္ပါလာသည့္ အသက္(၄၀)အ႐ြယ္ရွိ အမ်ိဳးသား တစ္ဦး ၊ အသက္ (၆၀)ခန႔္အ႐ြယ္ရွိသည့္ အမ်ိဳးသမီးတစ္ဦး ႏွင့္ အသက္ (၂၀) အ႐ြယ္ အမ်ိဳးသမီးတစ္ဦး တို႔သည္ ဦးေခါင္းဒဏ္ရာမ်ားျဖင့္ ေနရာတြင္ေသဆုံးခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ေသဆုံးသူ႐ုပ္အေလာင္းအား အနာဂါတ္လူမႈကယ္ဆယ္ေရး အဖြဲ႕ႏွင့္ ေညာင္ခါးရွည္လူမႈကူညီေရး အသင္းတို႔မွ ေညာင္ခါးရွည္ တိုက္နယ္ ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။