စစ်တပ် နှင့် တိုင်းရင်းသားလက်နက်ကိုင်များ၏ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ တစ်သိန်းခွဲကျော်ရှိလာ

 889

ရဲပြည့် (NP News) - ဇွန် ၂
မြန်မာနိုင်ငံတွင် စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ၏ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၁၅၁ဝဝဝ ခန့်ရှိလာကြောင်း UN OCHA Myanmarက ဇွန်လ ၂ ရက်တွင် ထုတ်ပြန်လိုက်သည်။

ကယားပြည်နယ်တွင် ဆက်လက်ဖြစ်ပွားနေသည့် တပ်မတော်နှင့် ကရင်နီတပ်မတော်၊ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်မတော်ကြားက တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးကြရသူ ၈၅ဝဝဝ မှ ၁ဝဝဝဝ ကြားရှိနေပြီး အဆိုပါဒေသတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် အရပ်သားများအား ဦးတည်တိုက်ခိုက်မှုများကြောင့် တိုက်ပွဲ ပြင်းထန်လျက်ရှိကြောင်း သိရသည်။ နေရပ်စွန့်ခွာသူများသည် ဒီမော့ ဆို၊ ဖရူဆိုနှင့် လွိုင်ကော်မြို့နယ်များအပြင် ဆီဆိုင်နှင့် ဖယ်ခုံမြို့နယ်များတွင် အများအားဖြင့် ယာယီနေထိုင်နေရကြောင်း သိရသည်။ ထို့ပြင် စစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ အကြားက တိုက်ပွဲများကြောင့် ကရင်ပြည်နယ်၊ မွန်နှင့် ပဲခူးအရှေ့ပိုင်းအပါအဝင် မြန်မာနိုင်ငံ၏အရှေ့‌ တောင်ပိုင်းတွင် တိုက်ပွဲရှောင် ပြည်သူ ၅၁၂ဝဝ ရှိကြောင်းသိရသည်။

အဆိုပါ တိုက်ပွဲအခြေအနေများကြောင့် နေရပ်စွန့်ခွာလာသူများအနေဖြင့် အစားအစာ၊ အမိုးအ ကာ၊ ဆေးဝါး၊ သောက်သုံးရေနှင့် မိလ္လာအသုံးပြုရန် လိုအပ်လျက်ရှိပြီး လုံခြုံရေးအခြေအနေ၊ လမ်းပိတ်ဆို့ ထားမှု၊ မြေမြှုပ်မိုင်းနှင့် ရှင်းလင်းမှုမရှိသည့် ခွင့်ပြုချက်လျှောက်ထားရမှုများကြောင့် အကူအညီရရှိရန် ခက်ခဲမှုများရှိနေကြောင်း သိရသည်။ မိတ်ဖက်များသည် နေရပ်စွန့်ခွာလာသူများနှင့် တိုက်ပွဲဒဏ်ခံစားရ သူများ၏ လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးရန် ကြိုးပမ်းလျက်ရှိနေကြောင်း သိရသည်။

Related news

© 2021. All rights reserved.