စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်အား ပြည်သူများက အမှုဖွင့်တိုင်ကြားနိုင်ရန်စီမံထားကြောင်း NUG ထုတ်ပြန်

 947

ရဲပြည့် (NP News) ဇွန် - ၇
NUG ၏ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအနေဖြင့် စစ်ကောင်စီ၏ အကြမ်းဖက်လုပ် ရပ်များအားနိုင်ငံတကာရှေ့မှောက်တွင် တရားစီရင်နိုင်ရေးအတွက် မှန်ကန့်သည့်သတင်းအချက်အလက်များရရှိနိုင်ရန် ပြည်သူ များအနေဖြင့် အမှုဖွင့်တိုင်ကြားနိုင်စေရန်စီမံထားကြောင်း ဇွန်လ ၇ ရက် တွင် ထုတ်ပြန်လိုက်သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် မိမိကိုယ်တိုင် နှင့် မိမိ မိသားစုဝင်သော်လည်းကောင်း၊ မိမိအနီးပတ်ဝန်းကျင်တွင်သော်လည်းကောင်း စစ်ကောင်စီ၏ မတရားအနိုင်ကျင့်ဖမ်းဆီးသတ်ဖြတ်ခံရလျှင် သို့မဟုတ် အိုးအိမ်ပစ္စည်းပျက် စီးဆုံးရှုံးမှုများရှိလျှင် အထောက်အထားခိုင်ခိုင်လုံလုံဖြင့် အမှုဖွင့်တိုင်ကြားနိုင်ကြောင်းသိရသည်။ ပြည်သူလူထု၏ အမှုဖွင့်တိုင်ကြားချက်များသည် အကူးအပြောင်းကာလ တရားမျှတမှုဖော်ဆောင်ရေးအတွက် အထောက်အပံ့ပြုရန်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သန့်ရှင်းကောင်းမွန်၍ ပွင့်လင်းမြင်သာသော ဒီမိုကရက်တစ်အုပ်ချုပ်ရေးစနစ်ပေါ်ထွန်းရေးနှင့်ဖက်ဆစ် အုပ်ချုပ်ရေးစနစ်ကို အပြီးတိုင်ချုပ်ငြိမ်စေရေးအတွက် ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များဖော်ဆောင်ရာတွင် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်အားဖြည့်ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံပန်ကြားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။

#NPNews

Related news

© 2021. All rights reserved.