ဒေါ်အောင်ဆန်းစုကြည်၏ အမှုစုံစမ်းစစ်ဆေးမှုများကို အိန္ဒိယက အနီးကပ်စောင့်ကြည့်မည်ဟုဆို

 796

ဂျန်ဇက် (NP News) - ဇွန် ၈
အိန္ဒိယအစိုးရသည် လာမည့်သီတင်းပတ်တွင်လုပ်ဆောင်မည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ အမှုစုံစမ်းစစ်ဆေးမှုများကို အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းများကို ချိုးဖောက်ခဲ့မှု၊ လိုင်စင်မရှိသည့် walkie-talkies ကိုင်ဆောင်မှုအပါအဝင် စွဲချက်၆ခုဖြင့် တရားစွဲဆိုခံ ထားရခြင်းဖြစ်သည်။ မြန် မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်ကကျင်းပခဲ့သည့် ရွေးကောက်ပွဲကာလအတွင်း မဲမသမာမှုဖြစ်ပေါ်ခဲ့သည့်အတွက် ၂ဝ၂၁ ခုနှစ်ဖေဖော်ဝါရီလက စစ်တပ်ကအာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံတော်အကြီးအကဲများကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ယင်းနောက် မြန်မာနိုင်ငံအနှံ့တွင် နေ့စဉ်ဆန္ဒပြပွဲများဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။

အိန္ဒိယနိုင်ငံသည် လက်ရှိအချိန်တွင် စစ်ကောင်စီနှင့်ဒေါ်အောင်ဆန်းစုကြည်ကြား ဟန်ချက်ညီအောင်လုပ်ဆောင်နေပြီး နှစ်ဖက်လုံးအတွက် တန်းတူညီမျှဖြစ်အောင် ကြိုးပမ်းနေကြောင်း သိရသည်။ ထို့ပြင် အာဆီယံအဖွဲ့က မြန် မာနိုင်ငံတွင်ဖြစ်နေသည့်အခက်အခဲများဖြေရှင်းနိုင်ရန်ဆောင်ရွက်နေမှုများအပေါ်တွင်လည်း ချိတ်ဆက်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

အိန္ဒိယအစိုးရသည် အဓိကအိမ်နီးချင်းနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို စောင့်ကြည့်လျက်ရှိကြောင်း အိန္ဒိယအစိုးရနှင့်နီးစပ်သူတစ်ဦးကပြောသည်။ အိန္ဒိယအစိုးရက စစ်ကောင်စီကို ပြိုင်ဘက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံဘက် ယိမ်းယိုင်းသွားမည်ကို မလိုလားကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏အမှုကို ရက်ပေါင်း ၁၈ဝ အတွင်းအပြီးစစ်ဆေးသွားမည်ဖြစ်သည့်အတွက် လာမည့် ဇူလိုင်လအတွင်း ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
#NPNews

Related news

© 2021. All rights reserved.