ပါကစ္စတန်၏ ရထားတိုက်မှုဖြစ်စဉ်တွင် သေဆုံးသူ ၆၃ ဦးထိ မြင့်တက်လာ
634
ရောင်နီ ( NP News ) - ဇွန် ၈
Sindh ပြည်နယ်၊ Daharki မြို့အနီးတွင် Millat Express အမြန်ရထားသည် Rawalpindi မှ ပြန်လာသည့် Sir Syed Express အမြန်ရထားနှင့် ဇွန်လ ၇ရက်က တိုက်မှုဖြစ်ပွားခဲ့သည်။ ယင်းမတော်တဆမှုကြောင့် လူပေါင်းဒါဇင်များစွာ သေဆုံးခဲ့ပြီး ပါကစ္စတန်၏ပျက်စီးယိုယွင်းနေသည့် ရထားလမ်းလုံခြုံရေးပြဿနာကို မီးမောင်းထိုး ပြသနေကြောင်းသိရသည်။
ပါကစ္စတန်အင်ဂျင်နီယာများ နှင့် စစ်တပ်က လယ်ယာမြေဒေသရှိ မီးရထားနှစ်စင်းတိုက်မိမှုဖြစ်ခဲ့သည့် နေ ရာတွင် အပျက်အစီးအပိုင်းအစများကို ဇွန်လ ၈ရက်က ဖယ်ရှားရှင်းလင်းနေပြီး ဂဟေဆော်သူများက ပျက်ဆီးသွားသည့် သံလမ်းများကို ပြုပြင်ပြီးဖြစ်ကြောင်းသိရသည်။ “တာဝန်ထမ်းဆောင်နေတဲ့ ၁ဝနှစ်တာကာလမှာ လူသေဆုံးမှု အများဆုံးမတော်တဆမှုပဲ”ဟု ရထားအင် ဂျင်နီယာ ဂျေဟန်ဇက်က AFP ကို ပြောကြားခဲ့သည်။
မတော်တဆမှုမှ လူ ၆၃ ယောက်သေဆုံးခဲ့ပြီး ၁၂ ဦး၏ အမည်ကိုမသိရှိရသေးကြောင်း ပါကစ္စတန်မီးရထား လမ်း အာဏာပိုင်များ၏ ပြောကြားချက်အရသိရသည်။ Millat Express လမ်းကြောင်းမှားလာရသည့် အကြောင်းရင်းကို မသိရသေးသော်လည်း ရထားလမ်းဝန်ကြီး ဟောင်း၊ ပြည်ထဲရေးဝန်ကြီး Sheikh Rashid က ရထားလမ်းကြောင်း ရှုပ်ထွေးမှုကြောင့်ဟုပြောဆိုခဲ့ပြီး လက်ရှိဝန်ကြီး Azam Swati က ယင်းသည်အလွန်အန္တရာယ်ရှိကြောင်းပြောသည်။
#NPNews