စစ်အင်အားတိုးမြှင့်ရန် မြောက်ကိုရီးယားခေါင်းဆောင်တိုက်တွန်း

 372

ဝတီ (NP News)- ဇွန် ၁၂
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက ဗဟိုစစ်ကော်မရှင်အစည်းအဝေးပွဲကိုတက်ရောက်ခဲ့ပြီး စစ်အင် အားတိုးမြှင့်ရန် ယင်းအစည်းအဝေးပွဲတွင် တိုက်တွန်းသွားခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရပိုင်သတင်းဌာနက ကြေညာသွားခဲ့သည်ဟု ဇွန်လ ၁၂ ရက် ရိုက်တာစ်သတင်းတွင်ဖော်ပြထားသည်။

သို့သော် မည်သို့သော စစ်ရေးလှုပ်ရှားမှုမျိုး စီစဉ်ထားကြောင်းအသေးစိတ်ကိုမူ မြောက်ကိုရီးယားသတင်းဌာနက ထည့်သွင်းကြေညာမသွားခဲ့ပေ။ ကိုရီးယားကျွန်းဆွယ်တွင် မကြာသေးမီက အခြေအနေအလျင်အမြန်ပြောင်းလဲခြင်းမျိုးဖြစ်ပွားခဲ့သဖြင့် သတိဝီရိယကြီးကြီးထားရန် အစည်းအဝေးပွဲတွင် ကင်ကထည့်သွင်းပြောကြားသွားသေးသည်။ ထို့ပြင်စစ်တပ်အဖွဲ့အစည်းအတွင်း အရာရှိများကို ထုတ်ပယ်ခြင်း၊ နေရာပြောင်း ရွှေ့ချထားခြင်း၊ အရာရှိအသစ်များ ခန့်အပ်ခြင်းဆိုသည့် ကိစ္စရပ်များကိုလည်း အစည်းအဝေးတက်ရောက် သူများက ဆွေးနွေးဆောင်ရွက်သွားခဲ့ကြောင်းသိရသည်။

နိုင်ငံတော်ကာကွယ်ရေးအတွက်ဆောင်ရွက်ရာတွင် အလှည့်အပြောင်းသစ်ရရှိရန်အလို့ငှာအရေးကြီးတာဝန်ရှိပြီး ထိုတာဝန်များကို ကင်ကဆွေးနွေးခဲ့ကြောင်း သတင်းကဆိုသော်လည်း အသေးစိတ်ကိုမူ ထည့်သွင်းကြေညာမသွားပေ။ မြောက်ကိုရီးယားအာဏာရပါတီ၏ ဗဟိုကော်မတီအစည်းအဝေးကို ယခုဇွန်လကုန်ပိုင်းတွင် ကျင်းပသွားရန်ရှိကြောင်း သိရသည်။
#NPNews

Related news

© 2021. All rights reserved.