အိန္ဒိယနိုင်ငံဘက်ကို မြန်မာဘက်မှလူသောင်းချီထွက်ပြေးခိုလှုံမှု အိန္ဒိယအစိုးရစိုးရိမ်မှုမြင့်တက်နေ

 613

ဂျန်ဇက်(NP News)- ဇွန် ၁၂
အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းရှိ မီဇိုရမ်၊ မဏိပူရ၊ နာဂလမ်ပြည်နယ်များကို မြန်မာနိုင်ငံသား ၁၆ဝဝဝ ထွက်ပြေးလာခဲ့ရာ ဒေသအတွင်းမတည်ငြိမ်မှုဖြစ်လာမည်ကို အိန္ဒိယကစိုးရိမ်နေကြောင်း အယ်လ်ဂျားစီးရားသတင်းဖော်ပြချက်အရသိရသည်။

အဆိုပါပြည်နယ်များထံ မြန်မာနိုင်ငံဘက်ကထွက်ပြေးလာသည့် အရေအတွက်သည် လာမည့်လများအတွင်း ပိုမိုမြင့်တက်လာဖွယ်ရှိနေကြောင်း အိန္ဒိယအစိုးရတာဝန်ရှိသူများနှင့် အရပ်ဖက်ဆိုင်ရာအဖွဲ့အ စည်းများကခန့်မှန်းထားသည်။

မြန်မာနိုင်ငံသားအများဆုံးထွက် ပြေးခိုလှုံနေသည့် မီဇိုရမ်ပြည်နယ်တာဝန်ရှိသူများသည် ပြည်နယ်အတွင်းရှိ ဒုက္ခသည်များထံ ဒီမိုကရေစီလိုလားသည့် မြန်မာလက်နက်ကိုင်အဖွဲ့များ ပူးပေါင်းလာမှုအပေါ်အနီးကပ်စောင့်ကြည့်နေကြောင်းသိရသည်။ မြန်မာနိုင်ငံမှ ထွက်ပြေးလာသူများသည် အိန္ဒိယနိုင်ငံ Tiauမြစ်ကို ဖြတ်သန်းကာ နယ် စပ်ဒေသတောများကိုဖြတ်သန်းပြီး အိန္ဒိယအရှေ့မြောက်ဘက်ပြည်နယ်များကို ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယအစိုးရတာဝန်ရှိသူများကပြောသည်။

အိန္ဒိယ မီဇိုရမ်ပြည်နယ်အစိုးရအကြံပေးက "ကျွန်တော်တို့ဟာ အခြေအနေတွေကို အသေးစိတ်စောင့်ကြည့်နေတယ်။ မြန်မာလက်နက်ကိုင်အဖွဲ့အစည်းအချို့ဟာ အိန္ဒိယနိုင်ငံရှိပြည်သူတွေရဲ့ ကူညီမှုနဲ့အတူ နယ်စပ်ဒေသဖြတ်ကျော်ဝင်ရောက်လာခဲ့တယ်။ မီဇိုရမ်ပြည်နယ်အတွင်း စစ်ရေးလေ့ကျင့်ခန်းလုပ်တာတွေကို ဘယ်တော့မှခွင့်ပြုမှာမ ဟုတ်ဘူး။ မြန်မာလက်နက်ကိုင်အဖွဲ့တွေဟာ မီဇိုရမ်ပြည်နယ်အတွင်း အနှောက်ယှက်ပေးလာမယ်ဆိုရင် ဒုက္ခ သည်တွေအတွက်အခက်အခဲဖြစ်လာနိုင်တယ်” ဟု ပြောသည်။

မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက မေလအစောပိုင်းတွင် မြန်မာနိုင်ငံမှလူပေါင်း ၅ဝပါဝင်သည့် အဖွဲ့အ စည်းတစ်ခုသည် မီဇိုရမ်ပြည်နယ်အတွင်းရှိ လေ့ကျင့်ရေးစခန်းတွင် စစ်ရေးလေ့ကျင့်ခြင်း မျိုးရှိခဲ့ကြောင်းပြော သည်။ အိန္ဒိယစစ်တပ်၏ စုံစမ်းချက်အရ အဆိုပါလေ့ကျင့်ခန်းအစီအစဉ်တွင် လက်နက်အသုံးပြုလေ့ကျင့်ခြင်းမျိုးမရှိကြောင်း၊ လေ့ကျင့်ခန်းအစီအစဉ်တွင်ပါဝင်သည့် မြန်မာလူငယ်များက မြန်မာနိုင်ငံဘက်ပြန်သွားခဲ့ကြောင်း ပြောသည်။
#NPNews

Related news

© 2021. All rights reserved.