ရန်သူများကို ဖြိုခွင်းရန် မြို့များကို စစ်သားများ လေ့ကျင့်ရေးနေရာအဖြစ် အသုံးပြုဖွယ်ရှိကြောင်း ဒေါ်နယ်ထရမ့်ပြော

229

ဂျန်ဇက် (NP News) - အောက်တိုဘာ ၅
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံအတွင်းရှိ အတွင်းပိုင်းရန်သူများနှင့် စစ်ပွဲဆင်နွှဲရန် အမေရိကန်နိုင်ငံ၏ မြို့များကို အမေရိကန်စစ်သားများ လေ့ကျင့်ရေးကွင်းအဖြစ် ပြုလုပ်ဖွယ်ရှိနေကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။ အမေရိကန်သမ္မတသည် ပြီးခဲ့သောရက်ပိုင်းက ဗာဂျီးနီးယားပြည်နယ် ကွင်တီကိုမြို့တွင် ကျင်းပ ခဲ့သော ကမ္ဘာတစ်ဝန်းရှိ အမေရိကန်စစ်ဗိုလ်ချုပ်များနှင့် တွေ့ဆုံဆွေးနွေးချိန်အတွင်း ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
အမေရိကန်သမ္မတသည် အတွင်းပိုင်းရန်သူအဖြစ် သုံးနှုန်းခဲ့သော်လည်း အတိအကျပြောဆိုခဲ့ခြင်းမရှိခဲ့ကြောင်း သိရသည်။ သို့သော်လည်း အမေရိကန်သမ္မတ ရည်òန်းသည့်အတွင်းပိုင်းရန်သူဆိုသောအသုံးနှုန်းက ဒီမိုကရက်တစ်ပါတီ ဖြစ် ဖွယ်ရှိနေကြောင်း အမေရိကန်မီဒီယာများကသုံးသပ် ဖော်ပြကြသည်။
အမေရိကန်သမ္မတက အမေရိကန်စစ်ဗိုလ် ချုပ်များအနက် မကြိုက်နှစ်သက်သူများကိုတွေ့ရှိ မည်ဆိုလျှင် ရာထူးမှထုတ်ပယ်မည်ဖြစ်ကြောင်းပြောသည်။ အမေရိကန်သမ္မတက ‘အမေရိကန်စစ် ဗိုလ်ချုပ်များအနေနဲ့ ဒီခန်းမထဲမှာ ကျွန်တော်မိန့်ခွန်း ပြောဆိုနေတာတွေကို မကြိုက်နှစ်သက်ဘူးဆိုရင် အခန်းထဲက ထွက်သွားနိုင်တယ်။ အရာရာတိုင်းဟာ လုပ်ရပ်နဲ့ ကုသိုလ်တရားအပေါ်မှာ မူတည်နေပါတယ်။ နိုင်ငံရေးအကြောင်းပြချက်ကြောင့် ဒီရာထူး မျိုးကို ပေးမှာ မဟုတ်ဘူး၊ ကျွန်တော်ဟာခင်ဗျားတို့စစ် ဗိုလ်ချုပ်တွေနဲ့အတူရှိနေမှာပါ။ ကျွန်တော်ဟာ ခင်ဗျားတို့ကို ထောက်ခံအားပေး နေမှာပါ၊ ကျွန်တော်ဟာ နိုင်ငံသမ္မတတစ်ဦးဖြစ်တဲ့အတွက် ခင်ဗျားတို့ကို ရာနှုန်းပြည့်ထောက်ခံနေမှာပါ}ဟုပြောသည်။
ထို့ပြင် အမေရိကန်ကာကွယ်ရေးဝန်ကြီး ဟတ်ဆီကလည်းခန္ဓာကိုယ်ဝနေသော စစ်ဗိုလ်ချုပ် ကြီးများကို ဝေဖန်ပြစ်တင်ခဲ့ကြောင်း ရိုက်တာသတင်း တစ်ရပ်တွင်ထပ်မံဖော်ပြထားသည်။ အမေရိကန်ကာ ကွယ်ရေးဝန်ကြီးက ‘အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်အနေနဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး တိုင်တန်းမှုများကို ကိုင်တွယ်ဖြေရှင်းတဲ့ ပုံစံတဖြည်းဖြည်းပြောင်းလဲသွားမယ်။ အမှားယွင်းလုပ်ခဲ့တယ်လို့ စွပ်စွဲခံရသူတွေကို စုံစမ်းစစ်ဆေးမယ်။ လက်ရှိ စနစ်အရ အမေရိကန်စစ်ဗိုလ်ချုပ်တွေဟာ ကြက်ဥခွံပုံစံမျိုးလမ်းတွေလျှောက်နေရတယ်။ ပင်တဂွန် စစ်ဌာနချုပ်ခန်းမ ထဲမှာ ခန္ဓာကိုယ်ဝနေတဲ့ ဗိုလ်ချုပ်တွေနဲ့ ပြည့်နှက်နေတာမျိုးကို လက်မခံနိုင်ဘူး၊ ခန္ဓာ ကိုယ်ကြံ့ခိုင်မှုပုံစံကို စစ်ဆေး သတ်မှတ်မှာဖြစ်တယ်။ သန့်စင်မှု စံနှုန်းတွေကိုအလေးပေးတော့မှာဖြစ်တယ်။ ပရော်ဖက်ရှင်နယ်မပီသတဲ့နေထိုင် လုပ်ပိုင်ခွင့်ပေးတဲ့ ခေတ်က ကုန်သွားပြီလည်းဖြစ်ပါတယ်’ ဟုပြောသည်။ ဒီမိုကရက်တစ်ပါတီကတော့ ကမ္ဘာတစ်ဝန်းရှိ အမေရိကန်စစ်ဗိုလ်ချုပ်များကိုခေါ်ယူတွေ့ဆုံသည့်အမေရိကန်သမ္မတနှင့် ကာကွယ်ရေးဝန်ကြီး၏ လုပ်ရပ်များကို ဝေဖန်ပြစ်တင်ထားပြီး အမေရိကန် စစ်တပ်အတွင်း ပါတီနိုင်ငံရေးကို သွတ်သွင်းတဲ့လှုပ် ရှားမှုဖြစ်ကြောင်း ဝေဖန် ထားသည်။

Zawgyi Version:
ရန္သူမ်ားကို ၿဖိဳခြင္းရန္ ၿမိဳ႕မ်ားကို စစ္သားမ်ား ေလ့က်င့္ေရးေနရာအျဖစ္ အသုံးျပဳဖြယ္ရွိေၾကာင္း ေဒၚနယ္ထရမ့္ေျပာ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၅
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က အေမရိကန္ႏိုင္ငံအတြင္းရွိ အတြင္းပိုင္းရန္သူမ်ားႏွင့္ စစ္ပြဲဆင္ႏႊဲရန္ အေမရိကန္ႏိုင္ငံ၏ ၿမိဳ႕မ်ားကို အေမရိကန္စစ္သားမ်ား ေလ့က်င့္ေရးကြင္းအျဖစ္ ျပဳလုပ္ဖြယ္ရွိေနေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလိုက္သည္။ အေမရိကန္သမၼတသည္ ၿပီးခဲ့ေသာရက္ပိုင္းက ဗာဂ်ီးနီးယားျပည္နယ္ ကြင္တီကိုၿမိဳ႕တြင္ က်င္းပ ခဲ့ေသာ ကမာၻတစ္ဝန္းရွိ အေမရိကန္စစ္ဗိုလ္ခ်ဳပ္မ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးခ်ိန္အတြင္း ထည့္သြင္းေျပာဆိုခဲ့ျခင္း ျဖစ္သည္။
အေမရိကန္သမၼတသည္ အတြင္းပိုင္းရန္သူအျဖစ္ သုံးႏႈန္းခဲ့ေသာ္လည္း အတိအက်ေျပာဆိုခဲ့ျခင္းမရွိခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္လည္း အေမရိကန္သမၼတ ရည္òန္းသည့္အတြင္းပိုင္းရန္သူဆိုေသာအသုံးႏႈန္းက ဒီမိုကရက္တစ္ပါတီ ျဖစ္ ဖြယ္ရွိေနေၾကာင္း အေမရိကန္မီဒီယာမ်ားကသုံးသပ္ ေဖာ္ျပၾကသည္။
အေမရိကန္သမၼတက အေမရိကန္စစ္ဗိုလ္ ခ်ဳပ္မ်ားအနက္ မႀကိဳက္ႏွစ္သက္သူမ်ားကိုေတြ႕ရွိ မည္ဆိုလွ်င္ ရာထူးမွထုတ္ပယ္မည္ျဖစ္ေၾကာင္းေျပာသည္။ အေမရိကန္သမၼတက ‘အေမရိကန္စစ္ ဗိုလ္ခ်ဳပ္မ်ားအေနနဲ႔ ဒီခန္းမထဲမွာ ကြၽန္ေတာ္မိန႔္ခြန္း ေျပာဆိုေနတာေတြကို မႀကိဳက္ႏွစ္သက္ဘူးဆိုရင္ အခန္းထဲက ထြက္သြားႏိုင္တယ္။ အရာရာတိုင္းဟာ လုပ္ရပ္နဲ႔ ကုသိုလ္တရားအေပၚမွာ မူတည္ေနပါတယ္။ ႏိုင္ငံေရးအေၾကာင္းျပခ်က္ေၾကာင့္ ဒီရာထူး မ်ိဳးကို ေပးမွာ မဟုတ္ဘူး၊ ကြၽန္ေတာ္ဟာခင္ဗ်ားတို႔စစ္ ဗိုလ္ခ်ဳပ္ေတြနဲ႔အတူရွိေနမွာပါ။ ကြၽန္ေတာ္ဟာ ခင္ဗ်ားတို႔ကို ေထာက္ခံအားေပး ေနမွာပါ၊ ကြၽန္ေတာ္ဟာ ႏိုင္ငံသမၼတတစ္ဦးျဖစ္တဲ့အတြက္ ခင္ဗ်ားတို႔ကို ရာႏႈန္းျပည့္ေထာက္ခံေနမွာပါ}ဟုေျပာသည္။
ထို႔ျပင္ အေမရိကန္ကာကြယ္ေရးဝန္ႀကီး ဟတ္ဆီကလည္းခႏၶာကိုယ္ဝေနေသာ စစ္ဗိုလ္ခ်ဳပ္ ႀကီးမ်ားကို ေဝဖန္ျပစ္တင္ခဲ့ေၾကာင္း ႐ိုက္တာသတင္း တစ္ရပ္တြင္ထပ္မံေဖာ္ျပထားသည္။ အေမရိကန္ကာ ကြယ္ေရးဝန္ႀကီးက ‘အေမရိကန္စစ္ဌာနခ်ဳပ္ ပင္တဂြန္အေနနဲ႔ ရာဇဝတ္မႈေတြနဲ႔ပတ္သက္ၿပီး တိုင္တန္းမႈမ်ားကို ကိုင္တြယ္ေျဖရွင္းတဲ့ ပုံစံတျဖည္းျဖည္းေျပာင္းလဲသြားမယ္။ အမွားယြင္းလုပ္ခဲ့တယ္လို႔ စြပ္စြဲခံရသူေတြကို စုံစမ္းစစ္ေဆးမယ္။ လက္ရွိ စနစ္အရ အေမရိကန္စစ္ဗိုလ္ခ်ဳပ္ေတြဟာ ၾကက္ဥခြံပုံစံမ်ိဳးလမ္းေတြေလွ်ာက္ေနရတယ္။ ပင္တဂြန္ စစ္ဌာနခ်ဳပ္ခန္းမ ထဲမွာ ခႏၶာကိုယ္ဝေနတဲ့ ဗိုလ္ခ်ဳပ္ေတြနဲ႔ ျပည့္ႏွက္ေနတာမ်ိဳးကို လက္မခံႏိုင္ဘူး၊ ခႏၶာ ကိုယ္ႀကံ့ခိုင္မႈပုံစံကို စစ္ေဆး သတ္မွတ္မွာျဖစ္တယ္။ သန႔္စင္မႈ စံႏႈန္းေတြကိုအေလးေပးေတာ့မွာျဖစ္တယ္။ ပေရာ္ဖက္ရွင္နယ္မပီသတဲ့ေနထိုင္ လုပ္ပိုင္ခြင့္ေပးတဲ့ ေခတ္က ကုန္သြားၿပီလည္းျဖစ္ပါတယ္’ ဟုေျပာသည္။ ဒီမိုကရက္တစ္ပါတီကေတာ့ ကမာၻတစ္ဝန္းရွိ အေမရိကန္စစ္ဗိုလ္ခ်ဳပ္မ်ားကိုေခၚယူေတြ႕ဆုံသည့္အေမရိကန္သမၼတႏွင့္ ကာကြယ္ေရးဝန္ႀကီး၏ လုပ္ရပ္မ်ားကို ေဝဖန္ျပစ္တင္ထားၿပီး အေမရိကန္ စစ္တပ္အတြင္း ပါတီႏိုင္ငံေရးကို သြတ္သြင္းတဲ့လႈပ္ ရွားမႈျဖစ္ေၾကာင္း ေဝဖန္ ထားသည္။