ဘဏ္ဍာရေးနှစ်ကို ပြန်လည်ပြောင်းလဲသတ်မှတ်မည်
1565
NP News - ဇွန် ၁၂
မြန်မာ့ဘဏ္ဍာရေးနှစ်ကို ယခင်က သတ်မှတ်ခဲ့သည့် ဧပြီလ ၁ရက်မှ မတ်လ ၃၁ ရက်အထိ ပြန်လည်ပြောင်းလဲ သတ်မှတ်ရန် လျာထားကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက မေလ ၁၂ ရက်ကကျင်းပသည့် နစက သတင်းမှန်ပြန် ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
မြန်မာ့ဘဏ္ဍာရေးနှစ်ကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်မှစတင်ကာ အောက်တိုဘာလ ၁ ရက်နေ့မှ စက်တင်ဘာလ ၃ဝ ရက်ကို ပြောင်းလဲသတ်မှတ်ခဲ့သော်လည်း မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကိုအဓိကထားသည့်နိုင်ငံဖြစ် သည့်အတွက် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအမီ ဘတ်ဂျက်များချထားပေးနိုင်ရန် ယခုကဲ့သို့ဘဏ္ဍာ ရေးနှစ်ကို ပြောင်းလဲရန်စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
“အဓိကတော့ မြန်မာနိုင်ငံက လယ်ယာစိုက်ပျိုးရေးကို အဓိကထားဆောင်ရွက်တဲ့နိုင်ငံဖြစ်တဲ့အတွက် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းတွေစတင်ဆောင်ရွက်မယ့် ကာလအမီ ဘတ်ဂျက်ခွဲဝေချပေးပြီး တောင်သူလယ်သမားတွေ ကို စိုက်ပျိုးစရိတ်ထုတ်ချေးပေးနိုင်ဖို့ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
တောင်သူများအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေလမှ စက်တင်ဘာလအထိ ထုတ်ချေးပေးခြင်း အားဖြင့် ၎င်းတို့သည်စိုက်ပျိုးရေးလုပ်ငန်းများတွင်အသုံးပြုကာ စိုက်ပျိုးရေးသီးနှံများကို ဇန်နဝါရီလ၊ ဖေဖော်ဝါရီ လတွင် ရိတ်သိမ်းပြီး မတ်လတွင်ပြန်လည်ပေးဆပ်စေခြင်းဖြင့် ချေးငွေများကို နှစ်ချင်းပြန်လည်ကောက်ခံနိုင်မည် ဖြစ်ကြောင်းသိရသည်။
အခွန်အခပိုင်းတွင်လည်း အခွန်ထမ်းများသည် ဘဏ္ဍာရေးနှစ်၏ နောက်ဆုံးသုံးလပတ်မှသာ အခွန်ပေးဆောင် လေ့ရှိသည့်အတွက် လက်ရှိဘဏ္ဍာရေးနှစ်သည် မြန်မာနိုင်ငံ၏ငွေကြေးစီးဆင်းမှုအခက်အခဲဖြစ်သည့် မိုးရာသီ တွင် နောက်ဆုံးရောက်နေမည့်အစား ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လများတွင် ပေးဆောင်ရပါက အခက်အခဲများ လျော့နည်းစေမည်ဖြစ်ကြောင်း သိရသည်။
#NPNews