စင်ကာပူတွင် Karambit ဓားကိုင်ဆောင်ကာ အကြမ်းဖက်အနိုင်ကျင့်ခဲ့သည့် လူငယ် ၇ ဦး အဖမ်းခံရ

 935

ရောင်နီ ( NP News ) - ဇွန် ၁၄

စင်ကာပူတွင် အသက် ၁၅ နှစ်မှ ၂၉ နှစ်အတွင်းရှိ လူငယ် (၇) ဦးကို သေစေနိုင်လောက်သည့် လက်နက်များ ကိုင်ဆောင်ကာ အနိုင်ကျင့် အကြမ်းဖက်ခဲ့ခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း စင်ကာပူရဲတပ်ဖွဲ့ (SPF) က ဇွန်လ ၁၃ရက်တွင်ပြောသည်။

Jalan Bukit Merah ဧရိယာရှိ ဆယ် ကျော်သက် လူငယ်သုံးဦးကို လူငယ်အဖွဲ့တစ်ဖွဲ့က အကြမ်းဖက် ရန်စတိုက်ခိုက်ခဲ့သည်ဟုဇွန်လ ၁၁ရက် ညက တိုင်ကြားချက် ရရှိခဲ့ကြောင်း SPF က ပြောသည်။ ယင်းအဖွဲ့မှ အမျိုးသားတစ်ဦးသည် အနိုင်ကျင့် တိုက်ခိုက်ရန် Karambit ဓားကို အသုံးပြုခဲ့ပြီး ၎င်းတို့ကြောင့် ထိခိုက်ဒဏ်ရာ ရသွားသူ အသက် ၁၄ နှစ်နှင့် ၁၅ နှစ်ကြား အရွယ်ရှိ ဆယ်ကျော် သက် လူငယ် ၂ ဦးသည် ဆေးရုံတွင် ကုသမှုခံယူနေရကြောင်းသိရသည်။

"ရဲတပ်ဖွဲ့အနေနဲ့ ယခုလို အကြမ်းဖက်မှုမျိုးကို သည်းမခံနိုင်ပါ"ဟု SPF က ပြောသည်။
ရဲအရာရှိများက စုံစမ်းစစ်ဆေးမှုများနှင့် မြေပြင်စုံစမ်းမှုများမှတဆင့် ပြစ်မှုကျူးလွန်သူတို့၏ အထောက်အထားများကို နောက်ယောင်ခံလိုက်ကာ ဖမ်းဆီးနိုင်ခဲ့ပြီး အနိုင်ကျင့်ရာတွင် အသုံးပြုခဲ့သည့် karambit ဓားကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ဖမ်းဆီးထားရမိသူများထဲမှ အသက် ၁၅ နှစ်မှ ၂၉ နှစ်အတွင်းရှိ သံသယရှိသူ ၅ ဦးကို လက်နက်ကိုင်အနိုင်ကျင့် တိုက်ခိုက်မှုနှင့်တရားစွဲသွားမည်ဖြစ်ပြီး ၎င်းတို့သည် ပြစ်မှုထင်ရှားပါကထောင် ဒဏ် ၁၀ နှစ်ထိ ကျခံရနိုင်ကြောင်းသိရ သည်။
#NPNews

Related news

© 2021. All rights reserved.