တရုတ်တွင် ဂတ်စ်လိုင်းပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံး

 365

ရောင်နီ (NP News) - ဇွန် ၁၄
တရုတ်နိုင်ငံ၊ ဟူဘေးခရိုင်၊ Shiyan မြို့တွင် ဇွန်လ ၁၃ရက်က အများပြည်သူ သွားလာနေထိုင်ရာ အဝန်းအဝိုင်းအတွင်း ဂတ်စ်လိုင်းမတော်တဆပေါက်ကွဲမှုကြောင့် လူအနည်းဆုံး ၁၂ ဦး သေဆုံးပြီး လူပေါင်း ၁၄ဝနီးပါးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောသည်။

ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သော်လည်း အပျက်အစီးများကြားထဲ လူမည်မျှပိတ်မိနေကြောင်းကို မသိရသေးကြောင်း ၊ ပေါက်ကွဲမှု၏ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း Shiyan မြို့၏ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနမှ ထုတ်ပြန်ထားသည်။

ဒေသခံများရိုက်ကူးခဲ့သည့် ဗီဒီယိုဖိုင်များနှင့် ပေကျင်းသတင်းဌာနများ၏ ဖော်ပြခဲ့သည့် ဗီဒီယိုဖိုင်များတွင် ပြိုကျခဲ့သည့်အဆောက်အဦးများစွာ၏ ကျောက်တုံး၊ ကျောက်ခဲ၊ အုတ်ခဲကျိုးများစွာကြား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်းတွေ့ရသည်။ ပေါက်ကွဲမှုသည် ဈေးဆိုင်များ၊ ဒေသခံ ပြည်သူများ ၊ နံနက်စာ စားသုံးလေ့ရှိသူများဖြင့် ပြည့်နှက်နေတတ်ရာ ဟင်းရွက်ဈေးကွက်ရှိ နှစ်ထပ်တိုက်အဆောက်အဦးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

၂ဝ၂ဝ ခုနှစ်အစပိုင်းက တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်သည့် ကိုဗစ် - ၁၉ ဗိုင်းရပ်စ် စတင်တွေ့ရှိခဲ့ရာ တရုတ်နိုင်ငံသည် ယခု ၂ဝ၂၁ ခုနှစ်တွင် ဗိုင်းရပ်စ်ကူးစက်မှုများလျော့နည်းသွားသော်လည်း ဆိုးရွားသည့် သဘာဝဘေး အန္တရာယ်၊ မတော်တဆမှုများနှင့် ရင်ဆိုင်နေရကြောင်းသိရသည်။
#NPNews

Related news

© 2021. All rights reserved.