ဖမ်းဆီးလိုသူများမတွေ့ချိန်တွင် မိသားစုဝင်နှင့်မိတ်ဆွေများဖမ်းဆီးခံရခြင်းမျိုးရှိနေကြောင်း HRW အဖွဲ့ပြော

 556

ဂျန်ဇက် (NP News) - ဇွန် ၁၄
စစ်ကောင်စီအနေဖြင့် အတိုက်ခံအဖွဲ့များ၊ ဆန္ဒပြသူများ၊ တက်ကြွလှုပ်ရှားသူများ၏ မိသားစုများ၊ မိတ် ဆွေသူငယ်ချင်များကို ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်းမျိုးပြုလုပ်နေကြောင်း လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch)က ဇွန်လ ၁၄ ရက်တွင် ပြောကြားလိုက်ကြောင်း miragenews သတင်း ဖော်ပြချက်အရသိရသည်။

HRW သည် အစိုးရမဟုတ်သော အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး နယူးယောက်တွင် ရုံးချုပ် တည်ရှိကြောင်း သိရသည်။ ယင်းကဲ့သို့ ဖမ်းဆီးခြင်းသည် မှားယွင်းကြောင်း၊ မှားယွင်းဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပေးစေလိုကြောင်းတောင်းဆိုထားသည်။

လူအခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့၏ အာရှရေးရာဒါရိုက်တာ ဖီလ်ရောဘတ်ဆန်က "လုံခြုံရေးတပ်ဖွဲ့တွေဟာ ဖမ်း ဆီးလိုသူကိုမတွေ့ချိန်မှာ ဓါးစာခံအဖြစ်သူတို့ရဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေကို ဖမ်းဆီးတာမျိုးတွေရှိတယ်။ အာဏာပိုင်တွေအနေနဲ့ဓါးစာခံပုံစံမျိုး ဖမ်းဆီးထားသူအားလုံးကို ဖမ်ဆီးတာတွေအဆုံးသတ်သင့်တယ်။ ဒါ့အပြင်အဲဒီသူအားလုံးကိုပြန်လွှတ်ပေးစေလိုတယ်"ဟု ပြောသည်။

အာဏာသိမ်းမှုဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်းကတည်းက စစ်ကောင်စီအနေဖြင့် ဖမ်းဆီးလိုသူ များအားမတွေ့ချိန်တွင် ကလေးငယ်များအပါအဝင် အနည်းဆုံး လူ ၇၆ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း AAPP ကထုတ်ပြန်ထားသည်။ ယင်းတို့အနက် ၄၈ ဦးကို ဆက်လက်ထိန်းသိမ်းထားပြီး အချို့သည် သုံးလကျော်ရှိနေပြီဖြစ်ကြောင်းသိရသည်။
#NPNews

Related news

© 2021. All rights reserved.