လူတစ်ဦးချင်းစီကို ကာကွယ်စောင့်ရှောက်ပေးနိုင်မှု မလုပ်နိုင်သေးကြောင်း စစ်ကောင်စီ ဝန်ခံ

 524

Iris (NP News) - ဇွန် ၁၇

လူတစ်ဦးချင်းစီအတွက် ကာကွယ်စောင့်ရှောက်ပေးနိုင်မှု မလုပ်နိုင်သေးကြောင်း စစ်ကောင်စီပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံပြောကြားလိုက်သည်။

လက်ရှိအချိန်တွင် စစ်ကောင်စီနှင့် NUG တပ်သားများအကြား ရှောင်တခင်တိုက်ပွဲများဖြစ်ပေါ်နေပြီး ရန်ကုန်အပါအဝင် ဒေသအသီးသီး၌ လုပ်ကြံသတ်ဖြတ်မှု၊ ဖေါက်ခွဲမှုဖြစ်ရပ်များစွာတို့ကြောင်း သာမန်အခြေခံလူတန်းစားများက စိုးရိမ်လျှက်ရှိနေကြသည်။ အထူးသဖြင့် နှစ်ဖက်တိုက်ကြရမယ့်တိုက်ပွဲအကြားတွင် သာမန်ပြည်သူများက ကြားညပ်၍ အသက်သေဆုံးသွားနိုင်သည်အထိဖြစ်နေခြင်းကြောင့် မီဒီယာအချို့က စစ်ကောင်စီထံ မေးခွန်းထုတ်ခဲ့ခြင်းလည်း ဖြစ်သည်။ “ ကျွန်တော်တို့ ဝန်ခံပါတယ်။ ကျွန်တော်တို့ ကာကွယ်စောင့်ရှောက်ပေးနိုင်တာသည် ကွက်ပြီးတော့မဟုတ်ဘူး။ လူတစ်ဦးချင်း၊ တစ်ဦးချင်းကိုတော့ ကာကွယ်စောင့်ရှောက်ပေးနိုင်ခြင်း မရှိသေးပါဘူး ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ သို့သော်လည်း သာမန်ပြည်သူများဘက်က ၎င်းတို့ အသက်အန္တရာယ်စိုးရိမ်ရကြောင်း ဆက်သွယ်အကြောင်းကြားလာပါက အမြန်ဆုံးနည်းဖြင့် သွားရောက်ကူညီပေးမှုများ လုပ်နေကြောင်းလည်း ဆိုသည်။ “ တစ်ခုပြောချင်တာကတော့ လုံခြုံရေးနဲ့ပတ်သက်ပြီး ပိုမိုတိုးမြင့်ဆောင်ရွက်ပေးသွားဖို့ လုပ်နေပါတယ်။ ကျောင်းတွေနဲ့ပတ်သက်ပြီး ပြည်သူလူထုနဲ့ပတ်သက်ပြီး လုံခြုံရေးအခြေအနေ တိုးမြှင့်ဆောင်ရွက်ပေးသွားဖို့တော့ ရှိနေပါတယ် ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လတ်တလောတွင် PDF နှင့်ဆက်စပ်အဖွဲ့များက စစ်ကောင်စီ၏ဒေါက်တိုင်များဟု ၎င်းတို့ဘက်က သီးသန့်ရည်ရွယ်သတ်မှတ်လိုက်သည့် အုပ်ချုပ်ရေးမှူးများ၊ ကျောင်းဆရာ/ဆရာမများ၊ အဆောက်အအုံများကို အကြမ်းဖက်ဖောက်ခွဲသတ်ဖြတ်မှုများ လုပ်ဆောင်နေကြောင်းလည်း ကြားသိနေရသည်။

Related news

© 2021. All rights reserved.