မီတာခ လာရောက်ပေးသွင်းမှုများ မရှိသည့်အတွက် မလွှဲမရှောင်သာ၍ မီးဖြတ်တောက်ခြင်းကို ပြုလုပ်နေရဟု စစ်ကောင်စီပြော

 696

NP News - ဇွန် ၁၇

၂၀၂၀ ခုနှစ် ၁၂ လပိုင်း နှင့် ၂၀၂၁ ခုနှစ် ၁ လပိုင်းများ၏ ကျသင့်ငွေကို ဧပြီလ ၂၇ ရက်နေ့အထိ လာရောက်ပေးသွင်းမှုများ မရှိသောကြောင့် လျှပ်စစ်ဥပဒေအရ မလွှဲမရှောင်သာ လျှပ်စစ်မီးဖြတ်တောက်ခြင်းကို မေလကုန်မှစ၍ ပြုလုပ်လျက်ရှိသည်ဟု နစက သတင်းမှန်ပြန်ကြားရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ဇွန်လ ၁၇ ရက်နေ့တွင်ပြောသည်။

တစ်နိုင်ငံလုံးတွင် မီးသုံးစွဲသူ ၆ သန်းကျော်ရှိသည့်အနက် ၉၈၈၀ ကျော်ကိုသာ မီးဖြတ်တောက်မှုများပြုလုပ်ခဲ့ကြောင်းပြောသည်။

နိုင်ငံရေးအခြေအနေအရ မီတာဖတ်ခြင်း၊ မီတာဘေလ်ဝေခြင်း၊ မီတာခကောက်ခံခြင်းများ ပြုလုပ်နိုင်မှုမရှိသော ကြောင့် မီတာဖတ်ချက်များကို ၂၀၂၁ ခုနှစ်၊ မတ်လတွင် စတင်ဖတ်ရှုကာ မီတာဘေလ်ဝေခြင်း၊ မီတာခကောက်ခံ ခြင်းများကို ပြုလုပ်ခဲ့ကြောင်းနှင့် ရရှိလာမည့် မီတာခငွေများသည်လည်း နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေများဖြစ်ပြီး ပြည်သူလူထုလိုအပ်သော လျှပ်စစ်မီးကို ပြည့်ဝစွာပေးနိုင်ရန် ပုဂ္ဂလိကပိုင်စက်ရုံများမှ ဓာတ်အားပြန်လည် ဝယ်ယူရမည် ဖြစ်သည့်အတွက် အချိန်မှီပေးသွင်းကြရန်ကိုလည်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ မေတ္တာရပ်ခံ ထားကြောင်း ၎င်းကပြောသည်။

မီတာစာရေးများ၊ ဘဏ္ဍာရေးတာဝန်ခံအချို့နှင့် မီတာဘေလ်ထုတ်ခြင်းများအတွက် ဝန်ထမ်းအသစ်များခန့်ထားပြီး ဆောင်ရွက်ခဲ့ရခြင်းကြောင့် လုပ်ငန်းကျွမ်းကျင်မှုအားနည်း၍ အချိန်နှောင့်နှေးမှုများ ရှိသကဲ့သို့ နယ်မြေအခြေ အနေလုံခြုံရေးအရ နှောက်ယှက်မှုများလည်းရှိသည့်အတွက် မီတာဖတ်ခြင်း၊ ဘေလ်ဝေခြင်းများကို ဆောင်ရွက်ရာ၌ အချိန်နှောင့်နှေးခြင်းများ ရှိခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။

#NPNews

Related news

© 2021. All rights reserved.