ငွေကျပ်သိန်း ၁ဝဝဝအထိကို ဝင်ငွေခွန် ၃ ရာခိုင်နှုန်းသာပေးဆောင်ရမည်

 834

ဖူးပြည့် (NP News)- ဇွန် ၁၈
Covid-19 ကြောင့် နှောင့်နှေးလျက်ရှိသည့် စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်တိုးတက်မှုရှိလာစေရေးအတွက်၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ၂ဝ၂ဝ ပြည့်နှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ပြဋ္ဌာန်းလိုက်ကြောင်း နစက က ဇွန်လ ၁၇ ရက်တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါ ပြင်ဆင်သည့် ဥပဒေအရ ဝင်ငွေ ၁ကျပ်မှ သိန်း ၁ဝဝဝ အထိကို ၃ရာခိုင်နှုန်း၊ ၁ဝဝ၁ သိန်းမှ သိန်း ၃ဝဝဝ အထိကို ၅ရာခိုင်နှုန်း၊ ၃ဝဝ၁ သိန်းမှ သိန်း ၁ဝဝဝဝ အထိကို ၁ဝ ရာခိုင်နှုန်း၊ ၁ဝဝဝ၁သိန်း မှ သိန်း ၃ဝဝဝဝ အထိကို ၁၅ ရာခိုင်နှုန်း နှင့် ၃ဝဝဝ၁သိန်းနှင့်အထက်ကို ၃ဝ ရာခိုင်နှုန်းသာ ဝင်ငွေခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းလိုက်သည်။ အဆိုပါဥပဒေသည် ၂ဝ၂၁ ခုနှစ် ဇူလိုင်လ ၁ ရက်မှ စက်တင်ဘာလ ၃ဝရက်အထိ အကျိုးသက်ရောက်မည်ဖြစ်ကြောင်းသိရသည်။ထို့ပြင် အခြားသောအခွန်နှုန်းများကိုပါ လျော့ချမည်ဖြစ်ကြောင်းလည်း သတင်းများထွက်ပေါ်လျက်ရှိသည်။

၂ဝ၂ဝပြည့်နှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၂၅၊ ပုဒ်မခွဲ(က)တွင် ၁ကျပ်မှ သိန်း ၁ဝဝဝ အထိကို ၆ရာခိုင်နှုန်း၊ ၁ဝဝ၁ သိန်းမှ သိန်း ၃ဝဝဝ အထိကို ၁ဝ ရာခိုင်နှုန်း၊ ၃ဝဝ၁သိန်းမှ သိန်း ၃ဝဝဝဝ အထိကို ၂ဝ ရာခိုင် နှုန်း နှင့် ၃ဝဝဝ၁ သိန်းနှင့်အထက်ကို ၃ဝ ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန်ပေးဆောင်ရမည်ဖြစ်ဟု ပြဋ္ဌာန်းထားသည်။
#NPNews

Related news

© 2021. All rights reserved.