မြောင်မြို့နယ်တွင် ပရဟိတ အဖွဲ့ဝင် (၃) ဦး အသတ်ခံရမှုဖြစ်ပွားခဲ့

 1258

(NPNews) ဇွန် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်တွင် ပရဟိတ ဆောင်ရွက်နေသည့် စံပြ ပရဟိတ အဖွဲ့မှ လူငယ် (၃) ဦး ဇွန်လ ၁၉ ရက် ညနေ ၅ နာရီ ၃၀ မိနစ် အချိန်က အသတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

စံပြ ပရဟိတ အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ သာဂေါင် ကျေးရွာမှ ဖြစ်ပြီး အဆိုပါ ပရဟိတ အဖွဲ့မှ လူငယ် (၃) ဦးသည် လူမှုကူညီရေး ကူညီဆောင်ရွက်မှုအပြီး အပြန်ခရီး၌ မြောင်မြို့နယ်၊ သနပ်ကုန်း ကျေးရွာ အနီးတွင် အသတ်ခံခဲ့ရခြင်း ဖြစ်သည်ဟုလည်း သိရသည်။

ပရဟိတ အဖွဲ့မှ လူငယ် (၃) ဦး အသတ်ခံရသည့် မြောင်မြို့နယ်၊ သနပ်ကုန်းကျေးရွာသည် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း အစပ်ရှိ ကျေးရွာဖြစ်ပြီး မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်သည်ကို မသိရသေးဘဲ မည်သည့်အဖွဲ့ကမှလည်း ယင်းတို့၏ လက်ချက်ဖြစ်ကြောင်း ဝန်မခံကြခြင်းမျိုးမရှိသေးပေ။

Related news

© 2021. All rights reserved.