ကားဖြင့်လူအုပ်ကြီးတိုက်သတ်ရန်ကြိုးပမ်းမှုဖြစ်လာခဲ့ပြီးနောက် ဗြိတိန်နိုင်ငံတွင် လုံခြုံရေးကိုအမြင့်ဆုံးတပ်လှန့်ထား

 719

ဂျန်ဇက်(NP News)အောက်တိုဘာ ၃

ဗြိတိန်နိုင်ငံ၏ ဂျူးလူမျိုးအားလပ်ရက် ကာလအတွင်း မန်ချက်စတာမြို့အပြင်ဘက်ရှိ ဂျူးလူမျိုးတရားဟောနေရာတွင် အောက်တိုဘာ ၂ရက်နေ့ကအကြမ်းဖက်တိုက်ခိုက်မှုဖြစ်လာ ခဲ့ပြီးနောက် ဂျူးလူမျိုးများဘေးကင်းလုံခြုံစေရန် လုံခြုံရေးကိုအမြင့်ဆုံးတပ်လှန့်ထားလိုက်ကြောင်းသိရသည်။
ဆီးရီးယားနိုင်ငံဖွား ဗြိတိန်နိုင်ငံသားတစ်ဦးသည်မန်ချက်စတာမြို့တွင် အကြမ်းဖက်တိုက်ခိုက်ရန် လုပ်ဆောင်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့ရကြောင်းသိရသည်။ ဆီးရီးယားနိုင်ငံတွင်မွေးဖွားသော ဗြိတိန်နိုင်ငံသားသည် ကားဖြင့် လူအများကို လိုက်လံတိုက်ရန် ကြိုးပမ်းလာခဲ့ခြင်းကြောင့် ပစ်သတ်ခဲ့ရခြင်းဖြစ်သည်ဟုဗြိတိန် ရဲတပ်ဖွဲ့ကပြောသည်။ ဗြိတိန်ရဲတပ်ဖွဲ့က လူအများကို ကားဖြင့်လိုက်တိုက်ရန်ကြိုးပမ်းသောလုပ်ရပ်က အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး အခြားသူသုံးဦးကိုလည်း ဖမ်းဆီး
နိုင်ခဲ့ကြောင်းသတင်းထုတ်ပြန်ခဲ့သည်။ဗြိတိန်ပြည်ထဲရေးဝန်ကြီးမာမွတ်က လက်ရှိအချိန်တွင် နိုင်ငံတဝှမ်းမှာ လုံခြုံရေးကိုအမြင့်ဆုံးတပ်လှန့်လိုက်ရကြောင်းအတည်ပြုထားသည်။ဗြိတိန် ပြည်ထဲရေးဝန်ကြီးက '' အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားတဲ့ မန်ချက်စတာမြို့သာမက နိုင်ငံတဝှမ်းမှာ ရဲတပ်ဖွဲ့ဝင်တွေကိုပိုမိုဖြန့်ကြတ်ချထားလိုက်တယ်။ ကျွန်တော်တို့ရဲ့အဓိက ဦးစားပေးက နိုင်ငံသားတွေဘေးကင်းဖို့နဲ့လုပ်ငန်းတွေ ဘေးကင်းစွာလုပ်ဖို့ဖြစ်တယ်။ ဂျူးလူမျိုးအသိုင်းအဝိုင်းအတွင်း ဘေးကင်းစွာနေထိုင်နိုင်ဖို့ဖြစ်တယ်။ '' ဟုပြောသည်။ မန်ချက်စတာရဲတပ်ဖွဲ့အကြီးအကဲက လူအများကို ကားဖြင့်တိုက်သတ်ရန်ကြိုးပမ်းသောလုပ်ရပ်နှင့်ပတ်သက်ပြီးကြံရာပါတွေဖြစ်သော အသက် ၃၀အရွယ် နှစ်ဦးနှင့် အသက် ၆၀အရွယ်အမျိုးသမီးကို ဖမ်းဆီးခဲ့ကြောင်းသိရသည်။ လူအများကို ကားဖြင့်တိုက်သတ်ရန် ကြိုးပမ်းမှုကြောင့် ပစ်သတ်ခံလိုက်ရသော ဗြိတိန်နိုင်ငံသားသည် အသက် ၃၅နှစ်အရွယ်ရှိ ဂျီဟတ် အယ်ရှာမီဆိုသူဖြစ်ကြောင်းဗြိတိန်ရဲတပ်ဖွဲ့ကပြောသည်။ အယ်ရှာမီ၏ကားဖြင့်တိုက်သတ်ရန် ကြိုးပမ်းမှုကြောင့် ဂျူးလူမျိုးနှစ်ဦးသေဆုံးခဲ့ပြီး အခြားသုံးဦးက စိုးရိမ်ရသောဒဏ်ရာဖြင့်ဆေးရုံတင်ထားရကြောင်းသိရသည်။

Zawgyi Version:
ကားျဖင့္လူအုပ္ႀကီးတိုက္သတ္ရန္ႀကိဳးပမ္းမႈျဖစ္လာခဲ့ၿပီးေနာက္ ၿဗိတိန္ႏိုင္ငံတြင္ လုံၿခဳံေရးကိုအျမင့္ဆုံးတပ္လွန႔္ထား
ဂ်န္ဇက္(NP News)ေအာက္တိုဘာ ၃

ၿဗိတိန္ႏိုင္ငံ၏ ဂ်ဴးလူမ်ိဳးအားလပ္ရက် ကာလအတြင္း မန္ခ်က္စတာၿမိဳ႕အျပင္ဘက္ရွိ ဂ်ဴးလူမ်ိဳးတရားေဟာေနရာတြင္ ေအာက္တိုဘာ ၂ရက္ေန႔ကအၾကမ္းဖက္တိုက္ခိုက္မႈျဖစ္လာ ခဲ့ၿပီးေနာက္ ဂ်ဴးလူမ်ိဳးမ်ားေဘးကင္းလုံၿခဳံေစရန္ လုံၿခဳံေရးကိုအျမင့္ဆုံးတပ္လွန႔္ထားလိုက္ေၾကာင္းသိရသည္။
ဆီးရီးယားႏိုင္ငံဖြား ၿဗိတိန္ႏိုင္ငံသားတစ္ဦးသည္မန္ခ်က္စတာၿမိဳ႕တြင္ အၾကမ္းဖက္တိုက္ခိုက္ရန္ လုပ္ေဆာင္ခဲ့ၿပီးေနာက္ ရဲတပ္ဖြဲ႕က ပစ္သတ္ခဲ့ရေၾကာင္းသိရသည္။ ဆီးရီးယားႏိုင္ငံတြင္ေမြးဖြားေသာ ၿဗိတိန္ႏိုင္ငံသားသည္ ကားျဖင့္ လူအမ်ားကို လိုက္လံတိုက္ရန္ ႀကိဳးပမ္းလာခဲ့ျခင္းေၾကာင့္ ပစ္သတ္ခဲ့ရျခင္းျဖစ္သည္ဟုၿဗိတိန္ ရဲတပ္ဖြဲ႕ကေျပာသည္။ ၿဗိတိန္ရဲတပ္ဖြဲ႕က လူအမ်ားကို ကားျဖင့္လိုက္တိုက္ရန္ႀကိဳးပမ္းေသာလုပ္ရပ္က အၾကမ္းဖက္လုပ္ရပ္ျဖစ္ၿပီး အျခားသူသုံးဦးကိုလည္း ဖမ္းဆီး
ႏိုင္ခဲ့ေၾကာင္းသတင္းထုတ္ျပန္ခဲ့သည္။ၿဗိတိန္ျပည္ထဲေရးဝန္ႀကီးမာမြတ္က လက္ရွိအခ်ိန္တြင္ ႏိုင္ငံတဝွမ္းမွာ လုံၿခဳံေရးကိုအျမင့္ဆုံးတပ္လွန႔္လိုက္ရေၾကာင္းအတည္ျပဳထားသည္။ၿဗိတိန္ ျပည္ထဲေရးဝန္ႀကီးက '' အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္ပြားတဲ့ မန္ခ်က္စတာၿမိဳ႕သာမက ႏိုင္ငံတဝွမ္းမွာ ရဲတပ္ဖြဲ႕ဝင္ေတြကိုပိုမိုျဖန႔္ၾကတ္ခ်ထားလိုက္တယ္။ ကြၽန္ေတာ္တို႔ရဲ႕အဓိက ဦးစားေပးက ႏိုင္ငံသားေတြေဘးကင္းဖို႔နဲ႔လုပ္ငန္းေတြ ေဘးကင္းစြာလုပ္ဖို႔ျဖစ္တယ္။ ဂ်ဴးလူမ်ိဳးအသိုင္းအဝိုင္းအတြင္း ေဘးကင္းစြာေနထိုင္ႏိုင္ဖို႔ျဖစ္တယ္။ '' ဟုေျပာသည္။ မန္ခ်က္စတာရဲတပ္ဖြဲ႕အႀကီးအကဲက လူအမ်ားကို ကားျဖင့္တိုက္သတ္ရန္ႀကိဳးပမ္းေသာလုပ္ရပ္ႏွင့္ပတ္သက္ၿပီးႀကံရာပါေတြျဖစ္ေသာ အသက္ ၃၀အ႐ြယ္ ႏွစ္ဦးႏွင့္ အသက္ ၆၀အ႐ြယ္အမ်ိဳးသမီးကို ဖမ္းဆီးခဲ့ေၾကာင္းသိရသည္။ လူအမ်ားကို ကားျဖင့္တိုက္သတ္ရန္ ႀကိဳးပမ္းမႈေၾကာင့္ ပစ္သတ္ခံလိုက္ရေသာ ၿဗိတိန္ႏိုင္ငံသားသည္ အသက္ ၃၅ႏွစ္အ႐ြယ္ရွိ ဂ်ီဟတ္ အယ္ရွာမီဆိုသူျဖစ္ေၾကာင္းၿဗိတိန္ရဲတပ္ဖြဲ႕ကေျပာသည္။ အယ္ရွာမီ၏ကားျဖင့္တိုက္သတ္ရန္ ႀကိဳးပမ္းမႈေၾကာင့္ ဂ်ဴးလူမ်ိဳးႏွစ္ဦးေသဆုံးခဲ့ၿပီး အျခားသုံးဦးက စိုးရိမ္ရေသာဒဏ္ရာျဖင့္ေဆး႐ုံတင္ထားရေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.