ဖားကန့်တွင် ကျောက်စိမ်းလုပ်ကွက်မြေစာပုံပြိုကျမှုကြောင့် အမျိုးသားတစ်ဦးသေဆုံး

 120

သက်ပိုင်( NP News) - အောက်တိုဘာ ၃
အချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊မှော်စီစာကျေးရွာအုပ်စု ၊သာယာကုန်းကျေးရွာတွင် ယနေ့(အောက်တိုဘာလ ၃ ရက်) နံနက် ကိုးနာရီခွဲခန့်က ကျောက်စိမ်းလုပ်ကွက်မြေစာပုံပြိုကျမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း ဖြစ်စဉ်ကိုသိရှိသူ ဒေသခံတစ်ဦးက NP News သို့ ပြောသည်။
သေဆုံးသူမှာ အသက်(၅၀) ဝန်းကျင်ခန့်ရှိပြီး ကျောက်စိမ်းလုပ်ကွက်အတွင်း လက်ကျင်းတူးနေစဉ် မြေစာပုံပြိုကျခဲ့ခြင်းဖြစ်ကြောင်းနှင့် လက်ရှိတွင် ဒဏ်ရာရရှိသူကို ဆေးရုံသို့ ပို့ဆောင်ထားပြီဖြစ်ကြောင်း ၎င်းကဆိုသည်။
“ရုတ်တရက် မြေစာပုံပြိုကျတော့ တစ်ယောက်က မြေစာပိပြီး နေရာမှာတင်ဆုံးသွားတာ။ ဒဏ်ရာရတဲ့သူကတော့ ကျိုးတာပဲ့တာတွေ မရှိပေမယ့် အတွင်းကြေသွားလောက်တယ်။ သတိမရတစ်ချက်၊ ရတချက်ဖြစ်နေတယ်။သူ့ကို လူနာတင်ယာဉ်မစောင့်ပဲ ရှိတဲ့ လောပန်းတစ်ယောက်ရဲ့ကားနဲ့ပဲ ဆေးရုံကိုပို့လိုက်ရတာ” ဟု အဆိုပါဒေသခံကဆိုသည်။
လက်ရှိတွင် လုပ်ကွက်ပိုင်ရှင်ဖြစ်သူထံ ဆက်သွယ်အကြောင်းကြားမှုများ လုပ်ဆောင်ထားပြီး သေဆုံးသူကို နာရေးကူညီမှုအသင်းများ၏ အကူအညီဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဖားကန့်ဒေသတွင် နှစ်စဉ် လုပ်ကွက်မြေစာပုံပြိုကျမှုများကြောင့် ထိခိုက်သေဆုံးမှုများ ရှိနေပြီး ပြီးခဲ့သည့် ဇူလိုင်လ (၂၁) ရက်ကလည်း ဖားကန့်မြို့နယ်၊မှော်စီစာ ကျေးရွာအနီးရှိ လုပ်ကွက်ဟောင်းတစ်ခုတွင် မြေစာပုံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ (၅) ဦးသေဆုံးမှုဖြစ်ပွားခဲ့သည်။

Zawgyi Version:
ဖားကန႔္တြင္ ေက်ာက္စိမ္းလုပ္ကြက္ေျမစာပုံၿပိဳက်မႈေၾကာင့္ အမ်ိဳးသားတစ္ဦးေသဆုံး
သက္ပိုင္( NP News) - ေအာက္တိုဘာ ၃
အခ်င္ျပည္နယ္၊ဖားကန႔္ၿမိဳ႕နယ္၊ေမွာ္စီစာေက်း႐ြာအုပ္စု ၊သာယာကုန္းေက်း႐ြာတြင္ ယေန႔(ေအာက္တိုဘာလ ၃ ရက္) နံနက္ ကိုးနာရီခြဲခန႔္က ေက်ာက္စိမ္းလုပ္ကြက္ေျမစာပုံၿပိဳက်မႈေၾကာင့္ အမ်ိဳးသားတစ္ဦးေသဆုံးကာ တစ္ဦးဒဏ္ရာအျပင္းအထန္ ရရွိခဲ့ေၾကာင္း ျဖစ္စဥ္ကိုသိရွိသူ ေဒသခံတစ္ဦးက NP News သို႔ ေျပာသည္။
ေသဆုံးသူမွာ အသက္(၅၀) ဝန္းက်င္ခန႔္ရွိၿပီး ေက်ာက္စိမ္းလုပ္ကြက္အတြင္း လက္က်င္းတူးေနစဥ္ ေျမစာပုံၿပိဳက်ခဲ့ျခင္းျဖစ္ေၾကာင္းႏွင့္ လက္ရွိတြင္ ဒဏ္ရာရရွိသူကို ေဆး႐ုံသို႔ ပို႔ေဆာင္ထားၿပီျဖစ္ေၾကာင္း ၎ကဆိုသည္။
“႐ုတ္တရက္ ေျမစာပုံၿပိဳက်ေတာ့ တစ္ေယာက္က ေျမစာပိၿပီး ေနရာမွာတင္ဆုံးသြားတာ။ ဒဏ္ရာရတဲ့သူကေတာ့ က်ိဳးတာပဲ့တာေတြ မရွိေပမယ့္ အတြင္းေၾကသြားေလာက္တယ္။ သတိမရတစ္ခ်က္၊ ရတခ်က္ျဖစ္ေနတယ္။သူ႔ကို လူနာတင္ယာဥ္မေစာင့္ပဲ ရွိတဲ့ ေလာပန္းတစ္ေယာက္ရဲ႕ကားနဲ႔ပဲ ေဆး႐ုံကိုပို႔လိုက္ရတာ” ဟု အဆိုပါေဒသခံကဆိုသည္။
လက္ရွိတြင္ လုပ္ကြက္ပိုင္ရွင္ျဖစ္သူထံ ဆက္သြယ္အေၾကာင္းၾကားမႈမ်ား လုပ္ေဆာင္ထားၿပီး ေသဆုံးသူကို နာေရးကူညီမႈအသင္းမ်ား၏ အကူအညီျဖင့္ ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။
ဖားကန႔္ေဒသတြင္ ႏွစ္စဥ္ လုပ္ကြက္ေျမစာပုံၿပိဳက်မႈမ်ားေၾကာင့္ ထိခိုက္ေသဆုံးမႈမ်ား ရွိေနၿပီး ၿပီးခဲ့သည့္ ဇူလိုင္လ (၂၁) ရက္ကလည္း ဖားကန႔္ၿမိဳ႕နယ္၊ေမွာ္စီစာ ေက်း႐ြာအနီးရွိ လုပ္ကြက္ေဟာင္းတစ္ခုတြင္ ေျမစာပုံၿပိဳက်မႈေၾကာင့္ ေရမေဆးေက်ာက္ရွာေဖြသူ (၅) ဦးေသဆုံးမႈျဖစ္ပြားခဲ့သည္။

Related news

© 2021. All rights reserved.