ဂျပန်နိုင်ငံတွင်ခိုလှုံခွင့်ရရန် မြန်မာဂိုးသမား ပြည့်လျှံအောင် ဒုက္ခသည်အဖြစ် တရားဝင်လျှောက်ထား
1065
ဂျန်ဇက် (NP News) - ဇွန် ၂၁
မြန်မာဂိုးသမားပြည့်လျှံအောင်သည့် ဂျပန်နိုင်ငံအတွင်းခိုလှုံခွင့်ရရန် ဒုက္ခသည်အဖြစ်တရားဝင်လျှောက်ထားလိုက်ပြီဖြစ်ကြောင်း ဇွန်လ ၂၁ ရက် ဂျပန်သတင်းဌာနများ၏ဖော်ပြချက်အရသိရသည်။
ဂိုးသမားပြည့်လျှံအောင်သည် ပြီးခဲ့သည့် မေလကကစားခဲ့သည့် ဂျပန်နှင့်မြန်မာတို့ ၏ ကမ္ဘာဖလားခြေစစ်ပွဲစဉ်အတွင်း စစ်ကောင်စီကို ဆန့်ကျင်ရေးအမှတ်အမှတ်အ သား "WE NEED JUSTICE" စာသားကို ရေးသားကာ လက်သုံးချောင်ထောင်ဆန္ဒပြခဲ့သူဖြစ်သည်။
၎င်းသည် အိုဆာကာဒေသဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုဗျူရိုတွင် ဒုက္ခ သည်အဖြစ် တရားဝင်လျှောက်ထားလိုက်ပြီဖြစ်ကြောင်း ၎င်း၏ရှေ့နေဖြစ်သူကပြောသည်။
စစ်ကောင်စီကိုဆန့်ကျင်ဆန္ဒပြခဲ့ပြီးနောက် မြန်မာနိုင်ငံကိုပြန်လာချိန်တွင်၎င်း၏ ဘဝအတွက်တစ်စုံတစ်ခု ဖြစ်မည်စိုးရိမ်သည့်အတွက် မိခင်နိုင်ငံကို အသင်းဖော်များနှင့်အတူ ပြန်လာရန်ငြင်းဆန်ခဲ့ပြီး ဂျပန်နိုင်ငံတွင် နေခဲ့ခြင်းဖြစ်သည်။အသက်၂၇နှစ် အရွယ်ရှိ ဂိုးသမားပြည့်လျှံအောင်သည် ဂျပန်နိုင်ငံတွင် ဒုက္ခသည်အဖြစ်နေထိုင်ခွင့်ရရန် မလျှောက်ထား မီအိုဆာကာ ဒေသအိုကီဒါမြို့ဗုဒ္ဓဘာသာဘုရားကျောင်းကိုသွားရောက်လည်ပတ်ခဲ့ပြီး မိခင်နိုင်ငံတွင် ငြိမ်းချမ်းမှုများဖြစ်စေရန်ဆုတောင်းခဲ့ကြောင်းသိရသည်။
ဂိုးသမားပြည့်လျှံအောင်က"ကျွန်တော်ရဲ့မိသားစုနဲ့တွေ့ဆုံလိုတယ်။ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ ဂျပန်ပြည်သူတွေအကူညီပေးစေလိုတယ်"ဟု ပြောသည်။
ဂျပန်တရားရေးဝန်ကြီး ယူကိုကာမီကာဝါက ဂျပန်နိုင်ငံအနေဖြင့်ဂျပန်နိုင်ငံတွင်ကျန်ရှိနေသည့် မြန်မာနိုင်ငံသားများကိုနိုင်ငံအတွင်းနေထိုင်ခွင့်သက်တမ်းတိုးခွင့်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဂိုးသမားပြည့်လျှံအောင်ကို အားပေးသည့်ပရိ သတ်များက ဂျပန်အစိုးရအနေဖြင့် ဂိုးသမားပြည့်လျှံအောင်ကို ဂျပန်နိုင်ငံတွင် နေ ထိုင်ခွင့်ပေးသွားမည်ဟု ယုံကြည်ကြသည်။
#NPNews