NUG ၏ Cabinet အစည်းအဝေး ဆွေးနွေးပွဲမှ ကောက်နုတ်ချက်များ

 748

အိဖြူ (NP News) - ဇွန် ၂၂

NUG ၏ ဝန်ကြီးဌာနစုံညီစွာဖြင့် ပြုလုပ်ခဲ့သည့် Cabinet အစည်းအဝေးကြီးကို ယနေ့ ဇွန်လ ၂၂ ရက်နေ့က အွန်လိုင်း ပေါ်ကတဆင့် ပြုလုပ်ခဲ့ကြပြီး ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း နှင့် ဝန်ကြီး များ၊ ဒုဝန်ကြီးများ တက်ရောက်ခဲ့ကြကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါအစည်းအဝေးတွင် ဝန်ကြီးဌာနအဖွဲ့ဝင်များသည် နောက်ခံအတွေ့အကြုံမျိုးစုံမှ စုရုံးရောက်ရှိလာသူများ ဖြစ်သည်ဟု နားလည်ယုံကြည်ကြောင်း၊ လုပ်ငန်းတာဝန်များကို စီမံခန့်ခွဲရာတွင် တိကျမှန်ကန်စွာ မြန်မြန်ဆန်ဆန် ဝိုင်းဝန်းအဖြေရှာကြရန် လိုအပ်ကြောင်း NUG ၏ ယာယီသမ္မတက ပြောကြားခဲ့သည်။

(၇၅) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ မဲခွဲ ဆုံးဖြတ်မှုရလဒ်သည် အလုံးစုံကျေနပ်စရာ မဟုတ်သော်လည်း ကန့်ကွက်မဲ ၁ မဲသာရှိပြီး၊ ကန့်ကွက်မဲဖြစ်သည့် တရုတ်၊ ရုရှားနိုင်ငံ အပါအဝင် အိမ်နီးချင်း ၅ နိုင်ငံလုံး ကြားနေအဖြစ် ရပ်တည်ခဲ့ခြင်းသည် တိုးတက်မှုရှိလာကြောင်း NUG ၏ ပြည်ထောင်စု ဝန်ကြီးချုပ်က ပြောသည်။

NUG အနေဖြင့် နိုင်ငံတကာရေးရာနှင့်ပတ်သတ်အိ၍ အိမ်နီးချင်းနိုင်ငံများနှင့်ဆက်ဆံရေးတွင် ခိုင်မာသောမူဝါဒ များ စနစ်တကျထားရှိရန်လိုအပ်ကာ နိုင်ငံတကာမှ NUG ကို ထောက်ခံပေးရန် လိုအပ်ပြီး၊ စစ်ကောင်စီကို အသိအမှတ်မပြုရန် မလိုကြောင်း NUG ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့နောက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဝန်ကြီးများသည် ကဏ္ဍာအသီးသီးအတွက် ဆက်လက်ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

#NPNews

Related news

© 2021. All rights reserved.