မြန်မာနိုင်ငံသည် အာရှ-ပစိဖိတ်ဒေသအတွင်းတွင် ရုရှားနိုင်ငံအတွက်ယုံကြည်စိတ်ချရသည့် မဟာမိတ်နိုင်ငံဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဆို

 1065

ဂျန်ဇက် (NP News)- ဇွန် ၂၃
စစ်ရေးနှင့်စစ်ဘက်နည်းပညာပိုင်း ပူပေါင်းဆောင်ရွက်ခြင်းသည် ရုရှားနှင့်မြန်မာနိုင်ငံကြားဆက်ဆံ ရေးများထဲတွင် အရေးကြီးဆုံးဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဆာဂေးရှိုဂူကထုတ်ဖော်ပြော ဆိုလိုက်ကြောင်း anadolu agency ၏ သတင်းဖော်ပြချက်အရသိရသည်။

ရုရှားကာကွယ်ရေးဝန်ကြီးသည် (၉)ကြိမ်နိုင်ငံတကာလုံခြုံရေးညီလာခံတက်ရောက်ရန် ရုရှားနိုင်ငံကိုရောက်ရှိနေသည့် စစ်ကောင်စီဥက္ကဋ္ဌ နှင့်တွေ့ဆုံဆွေးနွေးချိန်အတွင်း ယခုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီဥက္ကဋ္ဌအတွက်ယခုခရီးစဉ်သည် အာဏာသိမ်းပြီးနောက်ပိုင်းသွားသည့် ဒုတိယမြောက်ပြည်ပခရီးစဉ်လည်းဖြစ်သည်။

ရုရှားကာကွယ်ရေးဝန်ကြီးက"မြန်မာနိုင်ငံဟာအရှေ့တောင်အာရှနဲ့အာရှပစိဖိတ်ဒေသရှိနိုင်ငံတွေထဲမှာယုံကြည်စိတ်ချရတဲ့ မဟာမိတ်နိုင်ငံဖြစ်တဲ့အတွက်ဒီနေ့တွေဆုံဆွေးနွေးမှုကအထူးအရေးကြီးတဲ့အစည်းအဝေးဖြစ်တယ်။ မြန်မာနိုင်ငံနဲ့အပြန်အလှန်နာလည်းမှု၊ လေးစားမှုနဲ့ယုံကြည်မှုကိုအခြေ ခံပြီး ပိုမိုကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ဖို့ဆုံးဖြတ်ထားတယ်။ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နဲ့တွေ့ဆုံဆွေးနွေးမှုဟာ ရုရှားနဲ့မြန်မာနိုင်ငံကြားစစ်ရေး၊ စစ်ဘက်နည်းပညာအပြင်နှစ်နိုင် ငံကြားပူးပေါင်းဆောင်ရွက်ရေးတို့ဖွံ့ဖြိုးတိုးတက်ရေးအလားလာတွေအတွက်အခွင့်ရေးကောင်းတစ်ခုဖြစ်တယ်" ဟု ပြောသည်။

စစ်ကောင်စီဥက္ကဋ္ဌက မြန်မာတပ်မတော်ကို ဒေသအတွင်းတွင် အတောင့်တင်းဆုံးဖြစ်လာစေရန်အားပေးကူညီခဲ့သည့် ရုရှားနိုင်ငံကိုကျေးဇူးတင်ကြောင်း၊ မြန်မာတပ်မတော်ပိုမိုတိုးတက်ကောင်း မွန်စေရန်ကူညီအားပေးခဲ့သည့် ရုရှားကာကွယ်ရေးဝန်ကြီးကိုလည်းကျေးဇူးတင်ကြောင်းပြောခဲ့သည်ဟု အဆိုပါသတင်းတွင်ဖော် ပြထားသည်။ ထို့ပြင် နှစ်နိုင်ငံကြားဆက်ဆံရေးကိုပိုမိုတောင့် တင်းခိုင်မာမှုရှိအောင်ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်းပြောခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ကျင်းပခဲ့သည့် ကုလသမဂ္ဂညီလာခံသည်မြန်မာနိုင်ငံတွင်ဖြစ်ခဲ့သည့် အာ ဏာသိမ်းမှုအပေါ် ပြစ်တင်ရှုတ်ချမှုနှင့် မြန်မာနိုင်ငံအပေါ်စစ်လက်နက်ပစ္စည်းများမရောင်းချရေးအပါအဝင် ပိတ်ပင်မှုများချမှတ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် စစ်ကောင်စီဥက္ကဋ္ဌနှင့် ရုရှားကာ ကွယ်ရေးဝန်ကြီးတို့တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
#NPNews

Related news

© 2021. All rights reserved.