အနောက်အုပ်စုက စီးပွားရေးပိတ်ဆို့ခဲ့ပေမယ့် တရုတ်နဲ့မြန်မာဆက်ဆံရေး ပုံမှန်အတိုင်းဆက်ရှိနေ

 729

ဂျန်ဇက် (NP News) - ဇွန် ၂၄
နိုင်ငံတကာက ဖေဖော်ဝါရီအာဏသိမ်းမှုလုပ်ခဲ့တဲ့ စစ်အစိုးရအပေါ် ပြစ်တင်ရှုတ်ချမှုတွေရှိနေခဲ့ပေမယ့် အင်အားကြီးတစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ မြန်မာနိုင်ငံကြား ကုန်သွယ်ရေးနဲ့ သံတမန်ဆက်ဆံရေးဟာ
ပုံမှန်အတိုင်းရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းခဲ့ပြီးနောက်ပိုင်းဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲများအတွင်း တရုတ်စီးပွားရေးအကျိုးစီးပွားများ တိုက်ခိုက်ပျက်စီးခံရပေမယ့် တရုတ်အစိုးရနဲ့မြန်မာစစ်အစိုးရခေါင်းဆောင်တွေရဲ့
ဆက်ဆံရေးပိုမိုကောင်းမွန်နေဆဲဖြစ်ပါတယ်။ အမေရိကန်အခြေစိုက် ThinkTank အဖွဲ့ တစ်ခုဖြစ်တဲ့ Stimson Center ရဲ့တရုတ်-မြန်မာဆက်ဆံရေးလေ့လာသူ Yun Sun က တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံဟာ စစ်အစိုးရအုပ်ချုပ်ရေးကာလကို နောက်ထပ်
ဦးတည်လာနိုင်မှုရှိမရှိဆိုတာကို ချင့်ချိန်အကဲဖြတ်နေကြောင်း ဆိုပါတယ်။ ၎င်းက " တရုတ်အစိုးရဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု အောင်မြင်တယ်လို့ ရှုမြင်နေပြီး စစ်အစိုးရနဲ့ဆက်ဆံရေး ဆက်လုပ်သွားလိမ့်မယ် " လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။ အာဏာ
သိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် မြန်မာနိုင်ငံဟာ စီးပွားရေးနဲ့နိုင်ငံရေးအဆင့် စေ့စပ်ဆွေးနွေးမှုပိုင်းမှာ တရုတ်အစိုးရအပေါ် မှီခိုအားထားရတဲ့ အခြေအနေကို ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရပါ
တယ်။ ပြည်တွင်းမှာလုပ်ကိုင်နေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ လုပ်ကိုင်ဖို့စီစဉ်ထားတဲ့ စီမံကိန်းတွေ ပြန်ရုတ်သိမ်းမှုနဲ့
နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုများကြောင့် တွေ့ကြုံရတဲ့အခက်အခဲ
ဖိအားတွေကို လျော့ပါးစေဖို့မြန်မာစစ်အစိုးရဟာ တရုတ်ကိုကြားခံအဖြစ် အသုံးပြုဖို့လိုလားနေပါတယ်။ အာဏသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း သုံးလကျော်ကာလအတွင်းဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေကြောင့်
နိုင်ငံစီးပွားရေးနဲ့ အများအပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေဟာ အခက်အခဲ အဟန့်အတားများနဲ့ရင်ဆိုင်ခဲ့ရပြီး လက်ရှိမှာပုံမှန်အတိုင်းအနည်းငယ် ပြန်ရရှိနေပြီဖြစ်ပါတယ်။ တရုတ်နဲ့ မြန်မာနိုင်ငံကြား အပြန်အလှန်ကုန်သွယ်ရေးပြန်လုပ်ကိုင်နေခြင်းဟာ စစ်အစိုးရ အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့အုပ်စုတွေကြားမှာတော့ သံသယကို မီးလောင်ရာလေပင့်သလိုဖြစ်လာစေခဲ့ပါတယ်။

တရုတ်အစိုးရဟာ အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်အစိုးရအပေါ် ကူညီပံ့ပိုးပေးမှုတွေ လုပ်ဆောင်ဖို့ စီစဉ်နေပြီလည်းဖြစ်ပါတယ်။၂၀၂၁ ခုနှစ်ပထမငါးလအတွင်း မြန်မာနိုင်ငံက တရုတ်နိုင်ငံထံ တင်ပို့တဲ့ ကုန်ပစ္စည်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၃ဒသမ၃၈ ဘီလျံအထိရှိခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့နှစ်တွေနဲ့နှိုင်းယှဉ်ရင် မြင့်တက်နေပါတယ်။ မြန်မာနိုင်ငံဟာ၂၀၂၀ ခုနှစ်အတွင်းက တရုတ်နိုင်ငံထံ ကုန်ပစ္စည်းတင်ပို့မှု အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၃ ဘီလျံ၊၂၀၁၉ ခုနှစ်က တရုတ်ဘက်ကို မြန်မာတင်ပို့တဲ့ ကုန်ပစ္စည်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၆ ဘီလျံသာရှိခဲ့ကြောင်း တရုတ်အကောက်ခွန်ဌာန အချက်လက်များအရ သိရပါတယ်။ ဒါ့အပြင် တရုတ်ဘက်က မြန်မာနိုင်ငံကို ဒီနှစ်ငါးလအတွင်း ပြန်ပို့တင်တဲ့ကုန်ပစ္စည်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၂၈ ဘီလျံ ရှိခဲ့ပြီး ဒါဟာပြီးခဲ့တဲ့နှစ်တွေနဲ့နှိုင်းယှဉ်ရင် အနည်းငယ် နည်းပါးနေပါတယ်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး မစ္စတာ ချန်ဟိုင်းက ဇွန်လအတွင်း စစ်အစိုးရခေါင်းဆောင်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီး တရုတ်နဲ့ မြန်မာနိုင်ငံကြား ဆက်ဆံရေးပိုမိုတိုးတက်ကောင်းမွန်အောင်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

Related news

© 2021. All rights reserved.