မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့မှုတွေချမှတ်ဖို့ သြစတြေးလျအစိုးရ ဖိအားပေးတောင်းဆို ခံနေရ
540
ဂျန်ဇက် (NP News) - ဇွန် ၂၄
သြစတြေးလျအစိုးရဟာ လက်ရှိအချိန်မှာ မြန်မာစစ်ဘက်ခေါင်းဆောင် တွေကို ပိတ်ဆို့မှု ထပ်မံချမှတ်ရေးနဲ့သြစတြေးလျနိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို အမြဲတမ်းနေထိုင်ခွင့်ပေးရေးဆိုတဲ့ ဖိအားပေးမှုမျိုးနဲ့ ရင်ဆိုင်နေရကြောင်း သိရပါတယ်။
ဖေဖော်ဝါရီ(၁)ရက်နေ့က မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ဖြိုခွင်းမှုကြောင့် လူရာချီသေဆုံးခဲ့ပေမယ့်
သြစတြေးလျအစိုးရဟာ မြန်မာစစ်ဘက်ထိပ်တန်းခေါင်းဆောင်တွေအပေါ် ပိတ်ဆို့မှု ချမှတ်တာမျိုးမရှိသလို ပိတ်ဆို့မှုချမှတ်ဖို့တောင်းဆိုနေတဲ့ နိုင်ငံတကာဖိအားတွေကို မတုံ့ပြန်ဘဲရှိနေခဲ့ပါတယ်။ သြစတြေးလျရှိ Liberal ပါတီ၊ Nationals ပါတီ၊ Labor ပါတီနဲ့ Greens ပါတီတို့ရဲ့လွှတ်တော် အမတ်တွေဟာ မြန်မာစစ်ဘက်ထိပ်တန်းခေါင်းဆောင်တွေနဲ့
စစ်တပ်နဲ့ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်းများကို ပိတ်ဆို့မှုချမှတ်ဖို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ပါတီတွေရဲ့လွှတ်တော် ကိုယ်စားလှယ်တွေပါဝင်တဲ့ သြစတြေးလျနိုင်ငံခြားရေး၊ ကာကွယ်ရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာလွှတ်တော် ပူးပေါင်းကော်မတီရဲ့
ထုတ်ပြန်တဲ့ကြေညာချက်တွေထဲမှာစီးပွားရေးဦးပိုင်လီမိတက်၊မြန်မာစီးပွားရေးကော်ပရေးရှင်း အစရှိ မြန်မာစစ်တပ်နဲ့ဆက်နွယ်မှုရှိနေတဲ့လုပ်ငန်းများကို စီးပွားရေး ပိတ်ဆို့မှုချမှတ်ဖို့ တောင်းဆိုထားလည်းဖြစ်ပါတယ်။ သြစတြေးလျအစိုးရဟာ၂၀၁၈ ခုနှစ်နောက်ပိုင်းမှာ မြန်မာ
စစ်ဘက်ထိပ်တန်းခေါင်းဆောင်ငါးဦးကို ပိတ်ဆို့မှုချမှတ်ထားဆဲဖြစ်ပေမယ့် အဲဒီ ပိတ်ဆို့မှုချမှတ်ခံရတဲ့စာရင်းထဲမှာ စစ်အစိုးရအဖွဲ့ခေါင်းဆောင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ ပါဝင်ခြင်းမရှိပါဘူး။
သြစတြေးလျအစိုးရဟာပြီးခဲ့တဲ့ ဧပြီလက ကုလသမဂ္ဂထိပ်တန်း သံတမန်နဲ့တွေ့ဆုံပြီး မြန်မာစစ်အစိုးရအပေါ်စီးပွားရေးပိတ်ဆို့မှုချမှတ်ဖို့ တိုက်ရိုက်ဆွေးနွေးခဲ့ဖူးပေမယ့် မြန်မာနိုင်ငံအပေါ်နောက်ထပ် စီးပွားရေးပိတ်ဆို့မှုက လက်ရှိ အခြေအနေကို အပေါင်းလက္ခဆောင်တဲ့ သက်ရောက်မှုမျိုးဖြစ်လာစေမှာ မဟုတ်ဘဲ မြန်မာစစ်အစိုးရအပေါ်ရှိနေတဲ့ သြဇာလွှမ်းမိုးမှုတွေ ကန့်သတ်လိုက်သလိုဖြစ်လာဖွယ်
ရှိတယ်လို့ တုံ့ပြန်ခဲ့ဖူးပါတယ်။