ဗဟိုဘဏ်က ၄လခန့်အတွင်း ဈေးကွက်အတွင်းထုတ်ရောင်းထားသည့် ဒေါ်လာ ၅၁ သန်းကျော်ရှိ

 630

ဖူးပြည့် (NP News)- ဇွန် ၂၅
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖေဖော်ဝါရီလမှ ဇွန်လနောက်ဆုံးပတ်အထိ ဈေးကွက်အတွင်း အမေရိကန်ဒေါ် ၅၁ ဒသမ ၈ သန်းထုတ်ရေ င်းထားကြောင်း ဗဟိုဘဏ်၏ စာရင်းများအရသိရသည်။ ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေလဲလှယ်နှုန်းအတက်အကျကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ဒေါ်လာများ ထုတ်ရောင်းခဲ့ခြင်းဖြစ်သည်။

ဗဟိုဘဏ်က ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်တွင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ သန်း၊ ဧပြီ ၂၂ ရက်နှင့် ၂၇ ရက်တို့တွင် အမေရိကန်ဒေါ်လာ ၆သန်းစီ၊ မေလ ၁၂ ရက်နှင့် ၁၃ ရက်တွင် တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၆ သန်းစီနှင့် မေလ ၁၇ရက်၊ ၁၈ ရက်၊ ၂ဝ ရက် နှင့် ၂၈ ရက်တွင် အမေရိကန်ဒေါ်လာ ၃သန်းစီ၊ ဇွန်လ ၇ ရက်တွင် အမေရိကန်ဒေါ်လာ ၃သန်း၊ ဇွန်လ ၂၄ ရက်တွင် အမေရိကန်ဒေါ်လာ ၆ သန်း ထုတ်ရောင်းပေးခဲ့ကြောင်း သိရသည်။

၂ဝ၂၁ ခုနှစ်အတွင်းဖြစ်ပေါ်ခဲ့သည့် ငွေလဲနှုန်းများသည် တစ်ဒေါ်လာလျှင် ဇန်နဝါရီလ၌ ၁၃၂၇ ကျပ် နှင့် ၁၃၄၅ ကျပ်ကြား ၊ ဖေဖော်ဝါရီလ၌ ၁၃၃၅ကျပ် နှင့် ၁၄၆၅ ကျပ်ကြား၊ မတ်လ၌ ၁၄၂ဝ ကျပ်နှင့် ၁၅၅ဝကျပ်ကြား၊ ဧပြီလ ၌ ၁၅၅ဝကျပ် နှင့် ၁၆၁ဝကျပ်ကြားရှိခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့်နှစ် ၂ဝ၂ဝ ပြည့်နှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ငွေလဲနှုန်းများသည် တစ်ဒေါ်လာလျှင် ဇန်နဝါရီလ၌ ၁၄၆၅ကျပ် နှင့် ၁၄၉၃ကျပ်ကြား၊ ဖေဖော်ဝါရီလ၌ ၁၄၃၆ကျပ် နှင့် ၁၄၆၅ ကျပ်ကြား၊ မတ်လ၌ ၁၃၂ဝ ကျပ် နှင့် ၁၄၄၅ကျပ်ကြား၊ ဧပြီလ၌ ၁၃၉၅ ကျပ်နှင့် ၁၄၄ဝကြားရှိခဲ့ကြောင်း သိရသည်။
#NPNews

Related news

© 2021. All rights reserved.