တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်

 142

ပြည့်ဖြိုး(NP News)- မတ် ၂၉
ပြည်တွင်းဈေးကွက်အတွင်း၌ စံချိန်တင်မြင့်မား နေသောရွှေဈေးသည် အရောင်းအဝယ်အနည်းငယ် အေးသွား ခြင်းကြောင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာကြောင်း ရွှေဈေးကွက်အတွင်းမှသိရသည်။
ယခင်တစ်ပတ်က အခေါက်ရွှေတစ်ကျပ်သားလျှင် (၁၀၈)သိန်းဝန်းကျင်အထိမြင့်တက်ခဲ့ရာမှ လက်ရှိ မတ်လ (၂၄)ရက်တွင် သိန်း(၁၀ဝ)ကျပ်ဝန်းကျင်သို့ ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။ ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးနှုန်းများ လိုက်ပါမြင့်တက်ခဲ့ခြင်းဖြစ်ပြီး ယခင်တစ်ပတ်အတွင်း အရောင်းအဝယ်ပြန်လည် အေးလာ ခြင်းကြောင့် ပြည် တွင်းရွှေဈေးများ အနည်းငယ်ကျဆင်းလာခြင်းဖြစ် သည်။ သို့သော်လည်း ကမ္ဘာ့ရွှေဈေးမှာ လက်ရှိတွင် တစ်အောင်စလျှင် (၄၃၅၄)ဒေါ်လာဝန်းကျင်တွင် ရပ်တည်နေပြီး ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက ဒေါ်လာ(၁၀ဝ) ဝန်းကျင်ဈေးနှုန်းများမြင့်တက်နေကြောင်း သိရသည်။
လက်ရှိကမ္ဘာ့နိုင်ငံရေးနှင့် စစ်ရေးအခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေးမှာ ဆက်လက်ကျဆင်းနိုင် ခြေမရှိ ကြောင်း နိုင်ငံတကာရွှေဈေးကွက်ကျွမ်းကျင်သူများကခန့်မှန်းထားကြသည်။ ပြည်တွင်းငွေလဲဈေး နှုန်းများမှာ တည်ငြိမ် နေပြီး အပြောင်းအလဲအနည်း ငယ်သာရှိကြောင်းသိရသည်။ ပြင်ပငွေလဲဈေးကွက် အတွင်း အမေရိကန်ဒေါ်လာဈေးမှာ တစ်ဒေါ်လာလျှင်(၄၃၈၅)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အတက်အကျ (၂၂၀)ကျပ်ဝန်းကျင်သာဖြစ်ပေါ်ခဲ့ ကြောင်းသိရသည်။ ပြည်တွင်းငွေလဲနှုန်းများတည်ငြိမ်နေသည့်အတွက် ပြည်တွင်းအခေါက်ရွှေဈေးနှုန်းများမှာ ကမ္ဘာ့ရွှေ ဈေးအပြောင်းအလဲပေါ်တွင်မူတည်ကာ အတက်အကျဖြစ်ပေါ်နေကြောင်းသိရသည်။
ပြည်ပမှတင်သွင်းနေသည့်စက်သုံးဆီဈေးမှာ အမြင့်ပိုင်းတွင်ဆက်လက်ရပ်တည်နေပြီး အပြောင်း အလဲနည်းပါး နိုင်ကြောင်းသိရသည်။ စက်သုံးဆီဈေးသည် ပြင်ပမှောင်ခိုဈေးကွက်တွင် တစ်လီတာလျှင် တစ်သောင်းကျပ် ဝန်းကျင်အထိ ပေါက်ဈေးမြင့်တက် နေသည်။ ရန်ကုန်-မန္တလေး အဝေးပြေးယာဉ် စီးနင်း ခများမှာ ယခုအခါ ရုတ်တရက် မြင့်တက်ခဲ့ပြီး လတ်တလောကာလတွင် ခရီးထွက်ရန်အဆင်မပြေမှုများရှိ နေသည်။ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ အပတ်စဉ် ဆက်တိုက်မြင့်တက်နေသောကြောင့် အဝေးပြေး ကားလက်မှတ်ခများမှာလည်း ရက်ပိုင်းအတွင်း (၅၀) ရာခိုင်နှုန်းခန့်အထိ ချက်ချင်းမြင့်တက်လာခဲ့ပြီး ကြိုတင်လက်မှတ်ဝယ်ယူထားသူများအနေဖြင့်လည်း မြင့်တက်သွား သောနှုန်းထားများအရ တိုးမြှင့်ပမာဏငွေကို အပိုဆောင်း ထပ်မံ၍ပေးရခြင်းများလည်းရှိကာ သင်္ကြန်ပိတ်ရက် နေအိမ် ပြန်မည့်သူများအတွက် အခက်အခဲများဖြစ်လာကြောင်းသိရသည်။ ပြည်တွင်းစီးပွားရေးဈေးကွက်သည် နိုင်ငံတကာ အခြေအနေများအရ အပြောင်းအလဲများမြန်ဆန်နေသည်။
စက်သုံးဆီပြဿနာ ဒေါ်လာဈေးမြင့်တက်မှု
ပြည်တွင်းစက်သုံးဆီဈေးသည် နိုင်ငံတကာ ပေါက်ဈေးများအရ ဆက်တိုက်မြင့်တက်ခဲ့ရာ စက်သုံးဆီ တစ်လီတာလျှင် ငါးထောင်ကျပ်နီးပါး တရားဝင်ပေါက်ဈေးများအရသိရသည်။ ပြင်ပမှောင်ခိုဈေး ကွက်တွင်မူ (၉၅) တစ်လီတာလျှင် တစ်သောင်းကျပ် ဝန်းကျင်အထိ ပေါက်‌ဈေးဖြစ်ပေါ်နေကြောင်းသိရသည်။ စက်သုံးဆီပြဿနာသည် အရှေ့တောင်အာရှ နိုင်ငံများအတွင်း အဓိကပြသနာအဖြစ်ပေါ်ထွက်လာ ပြီဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ကြိုတင် ပြင်ဆင်မူများ ပြုလုပ်ချိန်တန်ပြီဖြစ်သည်။ သက်ဆိုင်ရာအနေဖြင့် စက်သုံးဆီပြဿနာအပေါ် တတ်နိုင်သမျှ ကြိုးစားဖြေ ရှင်းနေသော်လည်း ကမ္ဘာလုံးဆိုင်ရာပြဿနာဖြစ်သောကြောင့် အလွယ်တကူဖြေရှင်းနိုင်မည်မဟုတ် ချေ။ ပြည်တွင်း ငွေလဲနှုန်းမှာ ဆက်တိုက်မြင့်တက်နေရာ လက်ရှိတွင် အမေရိကန်တစ်ဒေါ်လာလျှင် (၄၃၈၅)ကျပ်အထိမြင့် တက်နေ သည်။
ဆက်တိုက်မြင့်မားနေဆဲ အိမ်သုံးဆေးဝါးဈေးကွက်
ပြည်တွင်းထုတ်လုပ်မှုနည်းပါးသော ကျန်းမာရေးဆိုင်ရာ အိမ်သုံးဆေးဝါးဈေးကွက်သည် ဈေးနှုန်း ကျဆင်းခြင်း မရှိဘဲ ဆက်တိုက်ဈေးမြင့်တက်နေ ကြောင်းသိရသည်။ ဈေးကွက်အတွင်း ရောင်းချနေကြသည့်ဆေးဝါးအများစုမှာ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင် ငံတို့မှတင်သွင်းရောင်းချနေခြင်းဖြစ်ပြီး လတ်တ လောတွင် ယခင် (၂၀၂၅) ခုနှစ်ကထက် နှစ်ဆကျော် ဈေးမြင့်တက်နေဆဲဖြစ်ကြောင်းသိရသည်။ ဆေးဝါးဈေးကွက်အတွင်း ထိုးဆေးနှင့်သောက်ဆေး နှစ်ခုစ လုံးဈေးမြင့်တက်လာခြင်းဖြစ်ရာ သုံးစွဲသူများအတွက် အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ‌ဆေးဝါးပြတ်လပ်မှုမကြုံတွေ့ရ သော်လည်း ဈေးဝါးဈေးမြင့်တက်မှုကြောင့် နာတာ ရှည်ရောဂါ သည်များအတွက်သာမက သာမန်အိမ် သုံးဆေးဝါးသုံးစွဲသူများအတွက်ပါ အခက်အခဲဖြစ်ပေါ် နေကြောင်းသိရသည်။ ယခင်ကာလများတွင် ဆေးဝါး ဈေးမြင့်တက်သော်လည်း အရည်အသွေးတူ အခြား ရွေးချယ်စရာဆေးဝါးများ ဈေးကွက် အတွင်း အလွယ်တကူဝယ်ယူနိုင်သည်။ လက်ရှိတွင် ‌ရွေးချယ်စရာ ဆေးဝါးနည်းပါးသွားသည့်အပြင် ပြည်တွင်းထုတ် ဆေးဝါးဈေးအချို့လည်း ဈေးမြင့်တက်လာကြောင်း သိရသည်။ ဆေးဝါးဈေးများ မြင့်တက်လာခြင်းကြောင့် ဆေးစွဲ သောက်နေရသည့် နာတာရှည်ရောဂါသည်များလည်း အခက်အခဲ ဖြစ်နေကြောင်းသိရသည်။ ပြည်တွင်းဆေးဝါး ဈေး ကွက်ရှိ (၈၅)ရာခိုင်နှုန်းသည် ပြည်ပမှတင်သွင်းရခြင်းဖြစ်ပြီး ကျန် (၁၅) ရာခိုင်နှုန်း မှာ ပြည်တွင်း ထုတ်များဖြစ် ကြောင်း၊ အများစုသည် တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့်ထိုင်းနိုင်ငံတို့မှတင် သွင်းခြင်းဖြစ်ကြောင်းသိရသည်။ ပြည်တွင်း၌ ဆေး ဝါးတိုက်ရိုက်‌ရောင်းချသော ဈေးပွဲတော်များကျင်းပ ပေးနေသော်လည်း သာမန်အိမ်သုံးဆေးဝါးဈေးကွက် အတွင်းလို အပ်ချက်အရ ဈေးနှုန်းမြင့်တက်နေမည် ဖြစ်သည်။
စီးပွားရေး ဈေးကွက် ကွင်းဆက်ချိတ်ဆက်မှု (Supply Chain) ကျဆင်းနေပြီလား
ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုအပေါ် အဓိကထား သုံးစွဲခြင်းကို ဈေးကွက်ဟူ၍နာမည်ခေါ်ယူခဲ့ပြီး လတ် တလော ကာလ ရောင်းလိုအားနှင့်ဝယ်လိုအားပေါ်မူတည်ကာ ဈေးနှုန်းများသတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။ (၂၀၂၁)ခုနှစ် နိုင်ငံရေး အပြောင်းအလဲမှစတင်ကာ အထွေထွေကုန်ဈေးနှုန်း ဆက်တိုက်မြင့်တက်ခဲ့ခြင်းကြောင့် လတ်တလော အခြေခံ ကုန် စည်များ၏ဈေးနှုန်းမှာ အမြင့်ဆုံးနှုန်းထားများဖြင့်ရောင်းချနေကြသည်။ ဈေးကွက်အတွင်း၌ ကုန်ဈေးနှုန်းများမြင့်တက် နေသော်လည်း ဝယ်ယူသုံးစွဲသူဝယ်လိုအားဘက်တွင် တောက်လျှောက်ကျဆင်းနေရာ ကုန်စည်နှင့်ဝန် ဆောင်မှု နှစ်ခုစလုံး အရောင်းအဝယ်အေးနေကြောင်းသိရသည်။ ဝယ်ယူသုံးစွဲသူများ၏အဓိကပြဿနာမှာ လွန်ခဲ့သော သုံးလေး နှစ်ဝန်းကျင်ကဝင်ငွေအတိုင်း ရပ်တန့်နေပြီး ကုန်စည်နှင့်ဝန်ဆောင်မှုဈေးနှုန်းများသာ မြင့်တက် လာခြင်း ကြောင့်ဖြစ် သည်။
အထွေထွေကုန်ဈေးနှုန်းတွင် အိမ်ခြံမြေ၊ ရွှေ၊ ငွေကြေးနှင့် ကားလုပ်ငန်းများအပေါ်မူတည်ကာ တွက်ချက်ခြင်း သည် ယခင်ဈေးကွက်စီးပွားရေးလွတ် လပ်စွာစီးဆင်းချိန်တွင်သာ မှန်ကန်နိုင်သည်။ လက်ရှိ ကာလကဲ့သို့ ပို့ကုန်/ သွင်းကုန်များကို သက်ဆိုင်ရာမှ တင်ပို့/တင်သွင်းခွင့်များကန့်သတ်ထားချိန်တွင် အထွေထွေကုန်ဈေးနှုန်းသည် တရားသေသတ်မှတ် ရန်ခက်ခဲသွားသည်။ ဥပမာအားဖြင့် အိမ်သုံးဆေးဝါး နှင့် မော်တော်ယာဉ် အပိုပစ္စည်းတင်သွင်း သူများမှာ ဈေးကွက်သတ်မှတ်ဈေးအစား ကုန်စည်လက်ကျန် ပမာဏကိုမူတည်ကာ ဈေးနှုန်းသတ်မှတ်ခြင်းများဖြစ် ပေါ်လာသည်။ လက်ကျန်နည်းသောကုန်စည်များမှာ ရောင်းသူစိတ်ကြိုက် ခေါ်ဈေးဖြင့် ရောင်းချခြင်းများ ဖြစ်ပေါ်လာပြီး စီးပွား‌ရေးဈေးကွက်ကွင်းဆက်တစ်ခု လုံးထိခိုက်လာလေသည်။ အသစ်ထွက်ရှိသောကုန် စည်များသာမက လက်ကျန် ကုန်စည်များလည်း ဈေးကွက်သက်ရောက်မှုရှိနေရာ အခြေခံစားသောက် ကုန်အထိ ကုန်ဈေးနှုန်းမြင့်တက်မှု ကြုံတွေ့နေရ လေသည်။
ထို့ပြင် ယခင်က နယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းများကိုအားထားရသောကုန်စည်များမှာ ဈေးကွက် အတွင်း ပစ္စည်းပြတ်တောက်မှုဆက်လက်ကြုံတွေ့လာသည်။ မြန်မာနိုင်ငံအတွက် ပုံမှန်ရေ ကြောင်းကုန်သွယ် ရေးကိုသာ ဆက်လက်အားပြုနေ ရခြင်းကြောင့် အခြေခံကုန်ဈေးနှုန်းများ ကျဆင်းရန် ခက်ခဲစွာဖြင့် ကျားကန်ပုံဖေါ်ကာ ဈေးကွက်ကို လည်ပတ်နေရဆဲဖြစ်သည်။ စီးပွားရေးဈေးကွက်အတွင်း ကုန်စည်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုနှစ်ခုစလုံး သည် လက်ရှိတွင် အကန့်အသတ်နှင့်ပုံဖော်နေခြင်းဖြစ်ရာ ဝယ်ယူသူဘက်မှ တစ်ဦးချင်းဝင်ငွေအရ ကုန်စည် ဝယ်နိုင်စွမ်း အားများကျဆင်းသွားလေသည်။ ကျဆင်း သွားသော ကုန်စည်ဝယ်ယူနိုင်စွမ်းအားကို နိုင်ငံတော် ပိုင်းမှ ပြန်လည်မဖြည့် ဆည်းနိုင်ခြင်းကြောင့် ဈေးကွက်အတွင်း ကုန်ဈေးနှုန်းမြင့်တက်သော်လည်း အရောင်းအဝယ်အေးနေခြင်းဖြစ်သည်။ လာမည့် ရက်ပိုင်း သင်္ကြန်ကာလနှစ်သစ်ကူးမတိုင်ခင်အထိ လူသုံးကုန်၊ စားသောက်ကုန်အပါအဝင် အခြေခံကုန် စည်များ ဆက်လက်အရောင်းအဝယ်အေးနေမည်ဖြစ်သည်။
အငှားအိမ်ရာဈေးကွက်နှင့် ရန်ကုန်
ရန်ကုန်မြို့တွင် အိမ်ငှားဈေးကွက်ဆက်တိုက် အိမ်ငှားခများ ဈေးမြင့်တက်လာခြင်းကြုံတွေ့နေရကြောင်း ဈေးကွက်အတွင်းမှသိရသည်။ ရန်ကုန်မြို့ တစ်ခုတည်းသာမက နယ်မြို့များတွင်လည်း အိမ်ငှား ခဈေးနှုန်း မြင့်တက် ခြင်းကြုံတွေ့နေရသော်လည်း လူဦး‌ရေအထူထပ်ဆုံးနှင့် စီးပွားရေးအရ အကြီးမား ဆုံးရန်ကုန် မြို့ကိုသာ ဦးတည် ဖော်ပြရခြင်းဖြစ်သည်။
ရန်ကုန်မြို့တွင်း တိုက်ခန်းငှားခဈေးနှုန်းမှာ တည်နေရာအလိုက်ကွဲပြားသော်လည်း အနိမ့်ဆုံး တစ်သိန်းခွဲမှ စတင်ကာ ဈေးအမျိုးမျိုးဖြင့် ငှားရမ်းကြ သည်။ နယ်စပ်‌ဒေသအပါအဝင် တိုင်းရင်းသားဒေသ များမှ နေထိုင် သူများသည် လက်နက်ကိုင်တိုက်ပွဲများ ကြောင့်ရန်ကုန်မြို့သို့ ဦးတည်ပြောင်းလဲနေထိုင်မှု များဖြစ်ပေါ်လာချိန်တွင် အိမ်ငှားရမ်းခ များမှာ ဆက်တိုက်မြင့်တက်လျှက်ရှိသည်။ အစိုးရမှ အကောင် အထည်ဖော်သည့် တန်ဖိုးနည်းအိမ်ရာ ရောင်းချမှုများ နှင့် တန်ဖိုးသင့်အငှားအိမ်ရာများသို့ ဝယ်ယူသူနှင့် ငှားရမ်းသူများလည်းမြင့်တက်လာကြောင်းသိရသည်။
လတ်တလော ရန်ကုန်မြို့၌ လူအများအာရုံစိုက်ခံရသော အိမ်ရာများမှာ သုခဒဂုံအိမ်ရာနှင့် ရိုးမရိပ်သာ အိမ်ရာများဖြစ်ကြသည်။ ရိုးမရိပ်သာ တန်ဖိုးနည်း အိမ်ရာရှိ အခန်း (၈၇၄)ခန်းကို ရန်ကုန်တိုင်းဒေသ ကြီးအစိုးရ အဖွဲ့၏ကြီးကြပ်မှုဖြင့် ဝင်ငွေနည်းပြီး နေရေးအခက်အခဲရှိသော ပြည်သူ့အငြိမ်းစားဝန်ထမ်းများနှင့် တာဝန် ထမ်းဆောင်ဆဲ ဝန်ထမ်းငယ်များကို ရောင်းချသွားမည်ဟု နိုင်ငံပိုင်သတင်းစာ များမှတစ်ဆင့်ကြေ ညာခဲ့ခြင်း ဖြစ်သည်။ ယင်းကြေညာပြီးနောက် ပိုင်း လျှောက်လွာဝယ်ယူသူ သုံးသောင်းကျော်ရှိပြီး လာရောက်လျှေက်ထားသူ (၂၈၀ဝဝ) ကျော်အထိရှိ ကြောင်း သိရသည်။ တန်ဖိုးနည်းအိမ်ရာ ငှားရမ်းမှု တွင်လည်း သုခဒဂုံပြည်သူ့အငှားအိမ်ရာအခန်းများ ၌ မြေညီထပ်တွင်တစ်လငှားရမ်းခ (၆၇၀ဝဝ)ကျပ်၊ ပထမထပ်တွင် (၆၀ဝဝဝ)ကျပ်၊ တတိယထပ်တွင် (၅၅၀ဝဝ)ကျပ်နှင့် စတုတ္ထထပ်တွင် (၄၆၀ဝဝ)ကျပ် အသီးသီးဖြင့် သက်ဆိုင်ရာက ငှားရမ်းပေးနေသည်။
ထို့ကြောင့် အစိုးရအငှားအိမ်ရာနှင့်တိုက်ခန်း များကိုဝယ်ယူရန်သို့မဟုတ် ငှားရမ်းနေထိုင်ရန် ပြည် သူလူထု အကြား‌ရေပန်းစားနေခြင်းဖြစ်သည်။ ပြင်ပ ပုဂ္ဂလိကပိုင်ဆိုင်သော အိမ်ခန်းတိုက်ခန်းများ၏ ငှားရမ်းခဈေးနှုန်းမှာ မြေညီထပ်တွင်အနိမ့်ဆုံး (၅)သိန်း မှ(၁၀)သိန်းအကြား နေရာအလိုက် ပေါက်ဈေးမြင့် တက်နေခြင်းကြောင့်ဖြစ်သည်။ အထက်ပါအခြေအ နေများကိုလေ့လာခြင်းအားဖြင့် ရန်ကုန်မြို့တွင် နေစရာအိမ်ခန်းလိုအပ်ချက် ဆက်တိုက်မြင့် တက်နေ ကြောင်းသိရှိနိုင်သည်။ နေထိုင်ရာရှားပါးမှု တစ်နှစ် ထက်တစ်နှစ် မြင့်တက်လာနိုင်သော ရန်ကုန်မြို့တွင် အိမ်ငှားရမ်းခမှာ ဆက်လက်မြင့်တက်နေမည်ဖြစ်သည်။

Zawgyi Version:
တစ္ပတ္အတြင္း ျမန္မာ့စီးပြားေရး ေဈးကြက္သုံးသပ္ခ်က္
ျပည့္ၿဖိဳး(NP News)- မတ္ ၂၉
ျပည္တြင္းေဈးကြက္အတြင္း၌ စံခ်ိန္တင္ျမင့္မား ေနေသာေ႐ႊေဈးသည္ အေရာင္းအဝယ္အနည္းငယ္ ေအးသြား ျခင္းေၾကာင့္ ေဈးႏႈန္းအနည္းငယ္က်ဆင္းလာေၾကာင္း ေ႐ႊေဈးကြက္အတြင္းမွသိရသည္။
ယခင္တစ္ပတ္က အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ (၁၀၈)သိန္းဝန္းက်င္အထိျမင့္တက္ခဲ့ရာမွ လက္ရွိ မတ္လ (၂၄)ရက္တြင္ သိန္း(၁၀ဝ)က်ပ္ဝန္းက်င္သို႔ ျပန္လည္က်ဆင္းလာျခင္းျဖစ္သည္။ ကမာၻ႔ေ႐ႊေဈးျမင့္တက္မႈေၾကာင့္ ျပည္တြင္းေ႐ႊေဈးႏႈန္းမ်ား လိုက္ပါျမင့္တက္ခဲ့ျခင္းျဖစ္ၿပီး ယခင္တစ္ပတ္အတြင္း အေရာင္းအဝယ္ျပန္လည္ ေအးလာ ျခင္းေၾကာင့္ ျပည္ တြင္းေ႐ႊေဈးမ်ား အနည္းငယ္က်ဆင္းလာျခင္းျဖစ္ သည္။ သို႔ေသာ္လည္း ကမာၻ႔ေ႐ႊေဈးမွာ လက္ရွိတြင္ တစ္ေအာင္စလွ်င္ (၄၃၅၄)ေဒၚလာဝန္းက်င္တြင္ ရပ္တည္ေနၿပီး ယခင္တစ္ပတ္ႏွင့္ႏႈိင္းယွဥ္ပါက ေဒၚလာ(၁၀ဝ) ဝန္းက်င္ေဈးႏႈန္းမ်ားျမင့္တက္ေနေၾကာင္း သိရသည္။
လက္ရွိကမာၻ႔ႏိုင္ငံေရးႏွင့္ စစ္ေရးအေျခအေနမ်ားေၾကာင့္ ကမာၻ႔ေ႐ႊေဈးမွာ ဆက္လက္က်ဆင္းႏိုင္ ေျခမရွိ ေၾကာင္း ႏိုင္ငံတကာေ႐ႊေဈးကြက္ကြၽမ္းက်င္သူမ်ားကခန႔္မွန္းထားၾကသည္။ ျပည္တြင္းေငြလဲေဈး ႏႈန္းမ်ားမွာ တည္ၿငိမ္ ေနၿပီး အေျပာင္းအလဲအနည္း ငယ္သာရွိေၾကာင္းသိရသည္။ ျပင္ပေငြလဲေဈးကြက္ အတြင္း အေမရိကန္ေဒၚလာေဈးမွာ တစ္ေဒၚလာလွ်င္(၄၃၈၅)က်ပ္ေပါက္ေဈးရွိၿပီး တစ္ပတ္အတြင္း အတက္အက် (၂၂၀)က်ပ္ဝန္းက်င္သာျဖစ္ေပၚခဲ့ ေၾကာင္းသိရသည္။ ျပည္တြင္းေငြလဲႏႈန္းမ်ားတည္ၿငိမ္ေနသည့္အတြက္ ျပည္တြင္းအေခါက္ေ႐ႊေဈးႏႈန္းမ်ားမွာ ကမာၻ႔ေ႐ႊ ေဈးအေျပာင္းအလဲေပၚတြင္မူတည္ကာ အတက္အက်ျဖစ္ေပၚေနေၾကာင္းသိရသည္။
ျပည္ပမွတင္သြင္းေနသည့္စက္သုံးဆီေဈးမွာ အျမင့္ပိုင္းတြင္ဆက္လက္ရပ္တည္ေနၿပီး အေျပာင္း အလဲနည္းပါး ႏိုင္ေၾကာင္းသိရသည္။ စက္သုံးဆီေဈးသည္ ျပင္ပေမွာင္ခိုေဈးကြက္တြင္ တစ္လီတာလွ်င္ တစ္ေသာင္းက်ပ္ ဝန္းက်င္အထိ ေပါက္ေဈးျမင့္တက္ ေနသည္။ ရန္ကုန္-မႏၲေလး အေဝးေျပးယာဥ္ စီးနင္း ခမ်ားမွာ ယခုအခါ ႐ုတ္တရက္ ျမင့္တက္ခဲ့ၿပီး လတ္တေလာကာလတြင္ ခရီးထြက္ရန္အဆင္မေျပမႈမ်ားရွိ ေနသည္။ ျပည္တြင္းစက္သုံးဆီေဈးႏႈန္းမ်ား အပတ္စဥ္ ဆက္တိုက္ျမင့္တက္ေနေသာေၾကာင့္ အေဝးေျပး ကားလက္မွတ္ခမ်ားမွာလည္း ရက္ပိုင္းအတြင္း (၅၀) ရာခိုင္ႏႈန္းခန႔္အထိ ခ်က္ခ်င္းျမင့္တက္လာခဲ့ၿပီး ႀကိဳတင္လက္မွတ္ဝယ္ယူထားသူမ်ားအေနျဖင့္လည္း ျမင့္တက္သြား ေသာႏႈန္းထားမ်ားအရ တိုးျမႇင့္ပမာဏေငြကို အပိုေဆာင္း ထပ္မံ၍ေပးရျခင္းမ်ားလည္းရွိကာ သၾကၤန္ပိတ္ရက္ ေနအိမ္ ျပန္မည့္သူမ်ားအတြက္ အခက္အခဲမ်ားျဖစ္လာေၾကာင္းသိရသည္။ ျပည္တြင္းစီးပြားေရးေဈးကြက္သည္ ႏိုင္ငံတကာ အေျခအေနမ်ားအရ အေျပာင္းအလဲမ်ားျမန္ဆန္ေနသည္။
စက္သုံးဆီျပႆနာ ေဒၚလာေဈးျမင့္တက္မႈ
ျပည္တြင္းစက္သုံးဆီေဈးသည္ ႏိုင္ငံတကာ ေပါက္ေဈးမ်ားအရ ဆက္တိုက္ျမင့္တက္ခဲ့ရာ စက္သုံးဆီ တစ္လီတာလွ်င္ ငါးေထာင္က်ပ္နီးပါး တရားဝင္ေပါက္ေဈးမ်ားအရသိရသည္။ ျပင္ပေမွာင္ခိုေဈး ကြက္တြင္မူ (၉၅) တစ္လီတာလွ်င္ တစ္ေသာင္းက်ပ္ ဝန္းက်င္အထိ ေပါက္‌ေဈးျဖစ္ေပၚေနေၾကာင္းသိရသည္။ စက္သုံးဆီျပႆနာသည္ အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားအတြင္း အဓိကျပသနာအျဖစ္ေပၚထြက္လာ ၿပီျဖစ္ရာ ျမန္မာႏိုင္ငံအေနျဖင့္ ႀကိဳတင္ ျပင္ဆင္မူမ်ား ျပဳလုပ္ခ်ိန္တန္ၿပီျဖစ္သည္။ သက္ဆိုင္ရာအေနျဖင့္ စက္သုံးဆီျပႆနာအေပၚ တတ္ႏိုင္သမွ် ႀကိဳးစားေျဖ ရွင္းေနေသာ္လည္း ကမာၻလုံးဆိုင္ရာျပႆနာျဖစ္ေသာေၾကာင့္ အလြယ္တကူေျဖရွင္းႏိုင္မည္မဟုတ္ ေခ်။ ျပည္တြင္း ေငြလဲႏႈန္းမွာ ဆက္တိုက္ျမင့္တက္ေနရာ လက္ရွိတြင္ အေမရိကန္တစ္ေဒၚလာလွ်င္ (၄၃၈၅)က်ပ္အထိျမင့္ တက္ေန သည္။
ဆက္တိုက္ျမင့္မားေနဆဲ အိမ္သုံးေဆးဝါးေဈးကြက္
ျပည္တြင္းထုတ္လုပ္မႈနည္းပါးေသာ က်န္းမာေရးဆိုင္ရာ အိမ္သုံးေဆးဝါးေဈးကြက္သည္ ေဈးႏႈန္း က်ဆင္းျခင္း မရွိဘဲ ဆက္တိုက္ေဈးျမင့္တက္ေန ေၾကာင္းသိရသည္။ ေဈးကြက္အတြင္း ေရာင္းခ်ေနၾကသည့္ေဆးဝါးအမ်ားစုမွာ တ႐ုတ္ႏိုင္ငံႏွင့္ အိႏၵိယႏိုင္ ငံတို႔မွတင္သြင္းေရာင္းခ်ေနျခင္းျဖစ္ၿပီး လတ္တ ေလာတြင္ ယခင္ (၂၀၂၅) ခုႏွစ္ကထက္ ႏွစ္ဆေက်ာ္ ေဈးျမင့္တက္ေနဆဲျဖစ္ေၾကာင္းသိရသည္။ ေဆးဝါးေဈးကြက္အတြင္း ထိုးေဆးႏွင့္ေသာက္ေဆး ႏွစ္ခုစ လုံးေဈးျမင့္တက္လာျခင္းျဖစ္ရာ သုံးစြဲသူမ်ားအတြက္ အခက္အခဲျဖစ္ေပၚေနေၾကာင္း သိရသည္။
ရန္ကုန္ၿမိဳ႕တြင္ ‌ေဆးဝါးျပတ္လပ္မႈမႀကဳံေတြ႕ရ ေသာ္လည္း ေဈးဝါးေဈးျမင့္တက္မႈေၾကာင့္ နာတာ ရွည္ေရာဂါ သည္မ်ားအတြက္သာမက သာမန္အိမ္ သုံးေဆးဝါးသုံးစြဲသူမ်ားအတြက္ပါ အခက္အခဲျဖစ္ေပၚ ေနေၾကာင္းသိရသည္။ ယခင္ကာလမ်ားတြင္ ေဆးဝါး ေဈးျမင့္တက္ေသာ္လည္း အရည္အေသြးတူ အျခား ေ႐ြးခ်ယ္စရာေဆးဝါးမ်ား ေဈးကြက္ အတြင္း အလြယ္တကူဝယ္ယူႏိုင္သည္။ လက္ရွိတြင္ ‌ေ႐ြးခ်ယ္စရာ ေဆးဝါးနည္းပါးသြားသည့္အျပင္ ျပည္တြင္းထုတ္ ေဆးဝါးေဈးအခ်ိဳ႕လည္း ေဈးျမင့္တက္လာေၾကာင္း သိရသည္။ ေဆးဝါးေဈးမ်ား ျမင့္တက္လာျခင္းေၾကာင့္ ေဆးစြဲ ေသာက္ေနရသည့္ နာတာရွည္ေရာဂါသည္မ်ားလည္း အခက္အခဲ ျဖစ္ေနေၾကာင္းသိရသည္။ ျပည္တြင္းေဆးဝါး ေဈး ကြက္ရွိ (၈၅)ရာခိုင္ႏႈန္းသည္ ျပည္ပမွတင္သြင္းရျခင္းျဖစ္ၿပီး က်န္ (၁၅) ရာခိုင္ႏႈန္း မွာ ျပည္တြင္း ထုတ္မ်ားျဖစ္ ေၾကာင္း၊ အမ်ားစုသည္ တ႐ုတ္၊ အိႏၵိယ၊ ပါကစၥတန္ႏွင့္ထိုင္းႏိုင္ငံတို႔မွတင္ သြင္းျခင္းျဖစ္ေၾကာင္းသိရသည္။ ျပည္တြင္း၌ ေဆး ဝါးတိုက္႐ိုက္‌ေရာင္းခ်ေသာ ေဈးပြဲေတာ္မ်ားက်င္းပ ေပးေနေသာ္လည္း သာမန္အိမ္သုံးေဆးဝါးေဈးကြက္ အတြင္းလို အပ္ခ်က္အရ ေဈးႏႈန္းျမင့္တက္ေနမည္ ျဖစ္သည္။
စီးပြားေရး ေဈးကြက္ ကြင္းဆက္ခ်ိတ္ဆက္မႈ (Supply Chain) က်ဆင္းေနၿပီလား
ထုတ္လုပ္မႈႏွင့္ဝန္ေဆာင္မႈအေပၚ အဓိကထား သုံးစြဲျခင္းကို ေဈးကြက္ဟူ၍နာမည္ေခၚယူခဲ့ၿပီး လတ္ တေလာ ကာလ ေရာင္းလိုအားႏွင့္ဝယ္လိုအားေပၚမူတည္ကာ ေဈးႏႈန္းမ်ားသတ္မွတ္ခဲ့ၾကျခင္းျဖစ္သည္။ (၂၀၂၁)ခုႏွစ္ ႏိုင္ငံေရး အေျပာင္းအလဲမွစတင္ကာ အေထြေထြကုန္ေဈးႏႈန္း ဆက္တိုက္ျမင့္တက္ခဲ့ျခင္းေၾကာင့္ လတ္တေလာ အေျခခံ ကုန္ စည္မ်ား၏ေဈးႏႈန္းမွာ အျမင့္ဆုံးႏႈန္းထားမ်ားျဖင့္ေရာင္းခ်ေနၾကသည္။ ေဈးကြက္အတြင္း၌ ကုန္ေဈးႏႈန္းမ်ားျမင့္တက္ ေနေသာ္လည္း ဝယ္ယူသုံးစြဲသူဝယ္လိုအားဘက္တြင္ ေတာက္ေလွ်ာက္က်ဆင္းေနရာ ကုန္စည္ႏွင့္ဝန္ ေဆာင္မႈ ႏွစ္ခုစလုံး အေရာင္းအဝယ္ေအးေနေၾကာင္းသိရသည္။ ဝယ္ယူသုံးစြဲသူမ်ား၏အဓိကျပႆနာမွာ လြန္ခဲ့ေသာ သုံးေလး ႏွစ္ဝန္းက်င္ကဝင္ေငြအတိုင္း ရပ္တန႔္ေနၿပီး ကုန္စည္ႏွင့္ဝန္ေဆာင္မႈေဈးႏႈန္းမ်ားသာ ျမင့္တက္ လာျခင္း ေၾကာင့္ျဖစ္ သည္။
အေထြေထြကုန္ေဈးႏႈန္းတြင္ အိမ္ၿခံေျမ၊ ေ႐ႊ၊ ေငြေၾကးႏွင့္ ကားလုပ္ငန္းမ်ားအေပၚမူတည္ကာ တြက္ခ်က္ျခင္း သည္ ယခင္ေဈးကြက္စီးပြားေရးလြတ္ လပ္စြာစီးဆင္းခ်ိန္တြင္သာ မွန္ကန္ႏိုင္သည္။ လက္ရွိ ကာလကဲ့သို႔ ပို႔ကုန္/ သြင္းကုန္မ်ားကို သက္ဆိုင္ရာမွ တင္ပို႔/တင္သြင္းခြင့္မ်ားကန႔္သတ္ထားခ်ိန္တြင္ အေထြေထြကုန္ေဈးႏႈန္းသည္ တရားေသသတ္မွတ္ ရန္ခက္ခဲသြားသည္။ ဥပမာအားျဖင့္ အိမ္သုံးေဆးဝါး ႏွင့္ ေမာ္ေတာ္ယာဥ္ အပိုပစၥည္းတင္သြင္း သူမ်ားမွာ ေဈးကြက္သတ္မွတ္ေဈးအစား ကုန္စည္လက္က်န္ ပမာဏကိုမူတည္ကာ ေဈးႏႈန္းသတ္မွတ္ျခင္းမ်ားျဖစ္ ေပၚလာသည္။ လက္က်န္နည္းေသာကုန္စည္မ်ားမွာ ေရာင္းသူစိတ္ႀကိဳက္ ေခၚေဈးျဖင့္ ေရာင္းခ်ျခင္းမ်ား ျဖစ္ေပၚလာၿပီး စီးပြား‌ေရးေဈးကြက္ကြင္းဆက္တစ္ခု လုံးထိခိုက္လာေလသည္။ အသစ္ထြက္ရွိေသာကုန္ စည္မ်ားသာမက လက္က်န္ ကုန္စည္မ်ားလည္း ေဈးကြက္သက္ေရာက္မႈရွိေနရာ အေျခခံစားေသာက္ ကုန္အထိ ကုန္ေဈးႏႈန္းျမင့္တက္မႈ ႀကဳံေတြ႕ေနရ ေလသည္။
ထို႔ျပင္ ယခင္က နယ္စပ္ကုန္သြယ္ေရးလမ္း ေၾကာင္းမ်ားကိုအားထားရေသာကုန္စည္မ်ားမွာ ေဈးကြက္ အတြင္း ပစၥည္းျပတ္ေတာက္မႈဆက္လက္ႀကဳံေတြ႕လာသည္။ ျမန္မာႏိုင္ငံအတြက္ ပုံမွန္ေရ ေၾကာင္းကုန္သြယ္ ေရးကိုသာ ဆက္လက္အားျပဳေန ရျခင္းေၾကာင့္ အေျခခံကုန္ေဈးႏႈန္းမ်ား က်ဆင္းရန္ ခက္ခဲစြာျဖင့္ က်ားကန္ပုံေဖၚကာ ေဈးကြက္ကို လည္ပတ္ေနရဆဲျဖစ္သည္။ စီးပြားေရးေဈးကြက္အတြင္း ကုန္စည္ထုတ္လုပ္မႈႏွင့္ ဝန္ေဆာင္မႈႏွစ္ခုစလုံး သည္ လက္ရွိတြင္ အကန႔္အသတ္ႏွင့္ပုံေဖာ္ေနျခင္းျဖစ္ရာ ဝယ္ယူသူဘက္မွ တစ္ဦးခ်င္းဝင္ေငြအရ ကုန္စည္ ဝယ္ႏိုင္စြမ္း အားမ်ားက်ဆင္းသြားေလသည္။ က်ဆင္း သြားေသာ ကုန္စည္ဝယ္ယူႏိုင္စြမ္းအားကို ႏိုင္ငံေတာ္ ပိုင္းမွ ျပန္လည္မျဖည့္ ဆည္းႏိုင္ျခင္းေၾကာင့္ ေဈးကြက္အတြင္း ကုန္ေဈးႏႈန္းျမင့္တက္ေသာ္လည္း အေရာင္းအဝယ္ေအးေနျခင္းျဖစ္သည္။ လာမည့္ ရက္ပိုင္း သၾကၤန္ကာလႏွစ္သစ္ကူးမတိုင္ခင္အထိ လူသုံးကုန္၊ စားေသာက္ကုန္အပါအဝင္ အေျခခံကုန္ စည္မ်ား ဆက္လက္အေရာင္းအဝယ္ေအးေနမည္ျဖစ္သည္။
အငွားအိမ္ရာေဈးကြက္ႏွင့္ ရန္ကုန္
ရန္ကုန္ၿမိဳ႕တြင္ အိမ္ငွားေဈးကြက္ဆက္တိုက္ အိမ္ငွားခမ်ား ေဈးျမင့္တက္လာျခင္းႀကဳံေတြ႕ေနရေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။ ရန္ကုန္ၿမိဳ႕ တစ္ခုတည္းသာမက နယ္ၿမိဳ႕မ်ားတြင္လည္း အိမ္ငွား ခေဈးႏႈန္း ျမင့္တက္ ျခင္းႀကဳံေတြ႕ေနရေသာ္လည္း လူဦး‌ေရအထူထပ္ဆုံးႏွင့္ စီးပြားေရးအရ အႀကီးမား ဆုံးရန္ကုန္ ၿမိဳ႕ကိုသာ ဦးတည္ ေဖာ္ျပရျခင္းျဖစ္သည္။
ရန္ကုန္ၿမိဳ႕တြင္း တိုက္ခန္းငွားခေဈးႏႈန္းမွာ တည္ေနရာအလိုက္ကြဲျပားေသာ္လည္း အနိမ့္ဆုံး တစ္သိန္းခြဲမွ စတင္ကာ ေဈးအမ်ိဳးမ်ိဳးျဖင့္ ငွားရမ္းၾက သည္။ နယ္စပ္‌ေဒသအပါအဝင္ တိုင္းရင္းသားေဒသ မ်ားမွ ေနထိုင္ သူမ်ားသည္ လက္နက္ကိုင္တိုက္ပြဲမ်ား ေၾကာင့္ရန္ကုန္ၿမိဳ႕သို႔ ဦးတည္ေျပာင္းလဲေနထိုင္မႈ မ်ားျဖစ္ေပၚလာခ်ိန္တြင္ အိမ္ငွားရမ္းခ မ်ားမွာ ဆက္တိုက္ျမင့္တက္လွ်က္ရွိသည္။ အစိုးရမွ အေကာင္ အထည္ေဖာ္သည့္ တန္ဖိုးနည္းအိမ္ရာ ေရာင္းခ်မႈမ်ား ႏွင့္ တန္ဖိုးသင့္အငွားအိမ္ရာမ်ားသို႔ ဝယ္ယူသူႏွင့္ ငွားရမ္းသူမ်ားလည္းျမင့္တက္လာေၾကာင္းသိရသည္။
လတ္တေလာ ရန္ကုန္ၿမိဳ႕၌ လူအမ်ားအာ႐ုံစိုက္ခံရေသာ အိမ္ရာမ်ားမွာ သုခဒဂုံအိမ္ရာႏွင့္ ႐ိုးမရိပ္သာ အိမ္ရာမ်ားျဖစ္ၾကသည္။ ႐ိုးမရိပ္သာ တန္ဖိုးနည္း အိမ္ရာရွိ အခန္း (၈၇၄)ခန္းကို ရန္ကုန္တိုင္းေဒသ ႀကီးအစိုးရ အဖြဲ႕၏ႀကီးၾကပ္မႈျဖင့္ ဝင္ေငြနည္းၿပီး ေနေရးအခက္အခဲရွိေသာ ျပည္သူ႔အၿငိမ္းစားဝန္ထမ္းမ်ားႏွင့္ တာဝန္ ထမ္းေဆာင္ဆဲ ဝန္ထမ္းငယ္မ်ားကို ေရာင္းခ်သြားမည္ဟု ႏိုင္ငံပိုင္သတင္းစာ မ်ားမွတစ္ဆင့္ေၾက ညာခဲ့ျခင္း ျဖစ္သည္။ ယင္းေၾကညာၿပီးေနာက္ ပိုင္း ေလွ်ာက္လြာဝယ္ယူသူ သုံးေသာင္းေက်ာ္ရွိၿပီး လာေရာက္ေလွ်က္ထားသူ (၂၈၀ဝဝ) ေက်ာ္အထိရွိ ေၾကာင္း သိရသည္။ တန္ဖိုးနည္းအိမ္ရာ ငွားရမ္းမႈ တြင္လည္း သုခဒဂုံျပည္သူ႔အငွားအိမ္ရာအခန္းမ်ား ၌ ေျမညီထပ္တြင္တစ္လငွားရမ္းခ (၆၇၀ဝဝ)က်ပ္၊ ပထမထပ္တြင္ (၆၀ဝဝဝ)က်ပ္၊ တတိယထပ္တြင္ (၅၅၀ဝဝ)က်ပ္ႏွင့္ စတုတၳထပ္တြင္ (၄၆၀ဝဝ)က်ပ္ အသီးသီးျဖင့္ သက္ဆိုင္ရာက ငွားရမ္းေပးေနသည္။
ထို႔ေၾကာင့္ အစိုးရအငွားအိမ္ရာႏွင့္တိုက္ခန္း မ်ားကိုဝယ္ယူရန္သို႔မဟုတ္ ငွားရမ္းေနထိုင္ရန္ ျပည္ သူလူထု အၾကား‌ေရပန္းစားေနျခင္းျဖစ္သည္။ ျပင္ပ ပုဂၢလိကပိုင္ဆိုင္ေသာ အိမ္ခန္းတိုက္ခန္းမ်ား၏ ငွားရမ္းခေဈးႏႈန္းမွာ ေျမညီထပ္တြင္အနိမ့္ဆုံး (၅)သိန္း မွ(၁၀)သိန္းအၾကား ေနရာအလိုက္ ေပါက္ေဈးျမင့္ တက္ေနျခင္းေၾကာင့္ျဖစ္သည္။ အထက္ပါအေျခအ ေနမ်ားကိုေလ့လာျခင္းအားျဖင့္ ရန္ကုန္ၿမိဳ႕တြင္ ေနစရာအိမ္ခန္းလိုအပ္ခ်က္ ဆက္တိုက္ျမင့္ တက္ေန ေၾကာင္းသိရွိႏိုင္သည္။ ေနထိုင္ရာရွားပါးမႈ တစ္ႏွစ္ ထက္တစ္ႏွစ္ ျမင့္တက္လာႏိုင္ေသာ ရန္ကုန္ၿမိဳ႕တြင္ အိမ္ငွားရမ္းခမွာ ဆက္လက္ျမင့္တက္ေနမည္ျဖစ္သည္။

Related news

© 2021. All rights reserved.