စစ်ကိုင်းတိုင်းအတွင်းရှိ ဥပဒေအရာရှိများအနေဖြင့် ဥပဒေနှင့်အညီ မှန်ကန်စွာမလုပ်ဆောင်ပါက အရေးယူမည်ဟု CRSH ထုတ်ပြန်

 799

ရဲပြည့် (NP News) -ဇွန် ၂၈
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ တိုင်း‌ဒေသကြီးတရားလွှတ်တော်နှင့် တိုင်းတရားသူကြီးချုပ်၊ တိုင်းဒေသကြီးတ ရားသူကြီးများနှင့် ခရိုင်၊ မြို့နယ်များရှိ တရားသူကြီးများအနေဖြင့် ဥပဒေနှင့်အညီ တည့်မတ်မှန်ကန်စွာ မလုပ် ဆောင်ပါက တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ (CRSH) က ဇွန်လ ၂၈ရက်တွင် ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီ၏လက်အောက်ခံများဖြစ်သည့် တိုင်းဒေသကြီးကောင်စီ၊ ခရိုင်ကောင်စီနှင့် မြို့ကောင်စီတို့သည် ပြည်သူများက တရားဝင်ရွေးချယ်တင်မြှောက်ထားသည့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ နိုင်ငံရေးသမားများ၊ CDMပြည်သူ့ဝန်ထမ်း၊ ရဟန်းသံဃာတော်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ သမဂ္ဂများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊သတင်းမီဒီယာများ၊ လူမှုရေးအဖွဲ့အစည်းများ နှင့် ပြည်သူပြည်သားများကို နိုင်ငံသားများ၏ မူလရပိုင်ခွင့်များကို ဥပေက္ခာပြုလျက် အလုပ်ကြမ်းနှင့်ထောင်ဒဏ်များချမှတ်ဆောင်ရွက်နေကြောင်း သိမြင်ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် သတိပေးချက်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိပါက တာဝန်ရှိပုဂ္ဂိုလ်များက တာဝန်ခံရမည်ဖြစ်ပြီး လိုအပ်သလို အဖွဲ့အစည်းများနှင့်ချိတ်ဆက်ပြီးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
#NPNews

Related news

© 2021. All rights reserved.