မြန်မာနိုင်ငံတွင် ဥပဒေမဲ့လုပ်ရပ်များနှင့် ပရမ်းပတာဖြစ်ရပ်များ မြင့်တက်လာနေကြောင်း ICG အဖွဲ့ပြော

 519

photo: Milk Tea MM_MTAM


ဂျန်ဇက်(NP News)- ဇွန် ၂၈
မြန်မာနိုင်ငံတွင် ဥပဒေမဲ့လုပ်ရပ်နှင့် ပရမ်းပတာဖြစ်ရပ်များ မြင့်တက်လာနေကြောင်း နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် International Crisis Group(ICG)၏ နောက်ဆုံးအစီအရင်ခံစာအသစ်တွင် ဖော်ပြထားသည်။ အစီရင် ခံစာတွင် ဖေဖေါ်ဝါရီ ၁ရက် အာဏာသိမ်းချိန်မှစ၍ နိုင်ငံအတွင်း ပဋိပက္ခများပျံ့နှံ့လာပြီး ပြည်သူ့ကာကွယ်ရေးတပ်များ ကျေးလက်ဒေသနှင့် မြို့ပြနေရာ နှစ်ခုစလုံးတွင် တိုးများလာနေကြောင်း ဖော်ပြထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်များသည် လက်လုပ်သေနတ်များ၊ တူမီးသေနတ်များ နှင့် ဘက်ထရီသုံးလက်နက်များ အ သုံးပြုကာ စစ်ကောင်စီ တပ်ဖွဲ့များကိုပျက်စီးဆုံးရှုံးမှုဖြစ်အောင်လုပ်ဆောင်လျက်ရှိနေကြောင်း ၊ စစ်ကောင်စီ၏ တပ်ဖွဲ့များကလည်း ပြည်သူ့ကာကွယ်ရေးတပ်များ၏ တိုက်ခိုက်မှုများကို လူထူထပ်သည့်နေရာများတွင် ပြန်လည်တုံ့ပြန်တိုက်ခိုက်သည့်အပြင် အမြှောက်များ၊ လေကြောင်းတိုက်ခိုက်မှုများနှင့် ရဟတ်ယာဉ်ပေါ်မှ စစ်သေနတ်များပစ်ကာ တုံ့ပြန်တိုက်ခိုက်ခဲ့မှုများလည်းရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် ICG အဖွဲ့၏ အကြံပေးအဖြစ်တာဝန်ယူနေသည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ်ဟောင်းရစ်ချက်ဟိုဆေးက “မြို့ပြဒေသတွေရဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့လှုပ်ရှားမှုအားကောင်းလာတယ်။ ဒါပေမယ့်မြို့ပြဒေသက ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ အမဲလိုက်ရိုင်ဖယ်သေနတ်တွေနဲ့ရင်းနှီးကျွမ်းဝင်တဲ့ကျေး ရွာကလူတွေနဲ့ကြီးမားတဲ့ကွဲပြားမှုတွေရှိနေတယ်။ မြို့ပြပြည်သူ့ကာကွယ်ရေးတပ်နဲ့ ကျေးလက်ဒေသပြည်သူ့ကာ ကွယ်ရေးတပ်တွေကြား အဲဒီလိုမျိုးကွဲပြားမှုတွေရှိနေတဲ့အတွက် ရည်မှန်းချက်တွေနဲ့ဖြစ်လာတဲ့အန္တရာယ်လည်းတူ ညီမှုမရှိပါဘူး။ မြို့ပြပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ စစ်ကောင်စီရဲ့တပ်တွေကိုလူအများအပြားနဲ့တိုက်ခိုက်ခြင်းထက် ပြောက်ကျားပုံစံတိုက်ခိုက်နည်း၊ ဖောက်ခွဲလုပ်ကြံတိုက်ခိုက်နည်းတွေကို အသုံးပြုနေတာလည်းဖြစ်ပါတယ်”ဟု ပြောသည်။

အဆိုပါ တုံ့ပြန်တိုက်ခိုက်မှုများကြောင့် အမျိုးသမီးများ၊ ကလေးငယ်များအပါအဝင်လူထောင်ချီ နေရပ်စွန့်ခွာထွက် ပြေးရခြင်းများရှိနေပြီး ဒေသခံအဖွဲ့အစည်းများနှင့် လူသားချင်းဆိုင်ရာအကူညီပေးရေးအဖွဲ့များသည် လုံခြုံရေးကန့်သတ်ခံရသည့်အတွက် အခက်အခဲဖြစ်နေသူများနှင့် နေရပ်စွန့်ခွာထွက်ပြေးသူများကို ကူညီထောက်ပံ့ပေးခြင်းများ မလုပ်ဆောင်နိုင်ဘဲဖြစ်နေကြောင်း ICG က ပြောသည်။
#NPNews

Related news

© 2021. All rights reserved.