ဂျပန်အစိုးရအဖွဲ့ဝန်ကြီးဟောင်းဦးဆောင်သည့်ကုမ္ပဏီက မြန်မာစစ်တပ်နှင့်ဆက်နွယ်မှုရှိသည့် လုပ်ငန်းများနှင့်ချိတ်ဆက်လုပ်ကိုင်နေ

 785

ဂျန်ဇက် (NP News)- ဇွန် ၂၉
ဂျပန်အစိုးရအဖွဲ့ဝန်ကြီးဟောင်းဦးဆောင်သည့် စီးပွားရေးလုပ်ငန်းစုသည် မြန်မာစစ်တပ်နှင့်ဆက်နွယ်မှုရှိသည့် စီးပွားရေးလုပ်ငန်းစုနှင့်ပူပေါင်းပြီး ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေယာပေါ်တွင် ဖွံ့ဖြိုးရေးစီမံကိန်းများလုပ်ဆောင်နေကြောင်း အဆိုပါစီမံကိန်းနှင့် နီးစပ်သည့်သတင်းအရင်းမြစ်များကပြောသည်ဟု kyodo news ဖော်ပြချက်အရ သိရသည်။

စစ်ကောင်စီအတွက် ဝင်ငွေရစေမည့်စီးပွားရေးစီမံကိန်းများအပေါ်နိုင်ငံတကာကစိုးရိမ်မှုဖြစ်နေပြီး ဂျပန်-မြန်မာအ ဖွဲ့ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေသည့် ဂျပန်ဆက်သွယ်ရေးနှင့်စာတိုက်ဝန်ကြီးဟောင်း Hideo Watanabe ဦးဆောင်သည့် Japan Myanmar Development Institution Inc က အဆိုပါဖွံ့ဖြိုးရေးစီမံကိန်းကိုစိတ်ဝင်စားသည့် ဂျပန်ကုမ္ပဏီများကို ကူညီထောက်ပံပေးနေကြောင်းသိရသည်။

ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေပေါ်တွင်လုပ်ဆောင်မည့် စီမံကိန်းတွင်ပါဝင်လုပ်ကိုင်ရန် ဂျပန်ကုမ္ပဏီများအပြီး သတ်ဆုံးဖြတ်ထားခြင်းမျိုးမရှိကြောင်းသတင်းများတွင်ဖော်ပြထားသည်။ အဆိုပါ Japan Myanmar Development Institution Inc သည် မြေငှားစာချုပ်လက်မှတ်ရေးထိုးထားသော်လည်း မြေငှားခမပေးရသေးသည့် အတွက်စစ်ကောင်စီအတွက်အထောက်ပံဖြစ်စေမည့် ငွေကြေးများမရောက်ရှိသေးကြောင်း၊ အဆိုပါမြေယာငှားရမ်းမှုနှင့်ပတ်သက်ပြီး မည်သည့်အခြေနေမျိုးအထိ ရောက်ရှိနေသည်ကို မသိရသေးကြောင်းဂျပန်သတင်းဌာနကဖော်ပြထားသည်။ အဆိုပါအကျိူးတူပူးပေါင်းရေးစာချုပ်သည် ရန်ကုန်မြို့ရှိကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေပေါ်တွင် အိမ်ယာဆောက်အဦးဆောက်ရန် အစီအစဉ်များပါဝင်နေပြီး ဧပြီလတွင် မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်ကခွင့်ပြုချက်ထုတ်ပေးခဲ့ပြီးဖြစ်ကာ စီမံကိန်းတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၄၂သန်း တန်ဖိုးရှိကြောင်း သိရသည်။

Hideo Watanabe ဦးဆောင်သည့် Japan Myanmar Development Institution Inc သည် ၂ဝ၁၆ ခုနှစ်ကလည်း မြန်မာစစ်အစိုးရနှင့် ဆက်နွယ်မှုရှိသည့် ကုမ္ပဏီနှင့်အကျိုးတူပူးပေါင်းဆောင်ရွက်ရေး စာချုပ်လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။ ဂျပန်စီးပွားရေးလုပ်ငန်းရှင်ပေါင်း ၁ဝဝကျော်ပါဝင်ဖွဲ့စည်းထားသည့် Japan Myanmar Association သည် မြန်မာအစိုးရအတွက်ဂျပန်အစိုးရ၏ ကူညီထောက်ပံ့မှုနှင့် မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဂျပန်ကုမ္ပ ဏီများ ရင်းနှီးမြှုပ်နှံမှု တိုးမြင့်စေရန် ကူညီပေးနေသည့်အဖွဲ့အစည်းဖြစ်သည်။အဆိုပါအဖွဲ့အစည်းသည် ဂျပန်ဒုတိ ယဝန်ကြီးချုပ်နှင့် ဘဏ္ဍရေးဝန်ကြီး တာရာအာဆိုအပါအဝင် ဂျပန်အာဏာရပါတီများနှင့် အတိုက်ခံပါတီများမှ သြဇာကြီးသည့်လူများ ပါဝင်ကြောင်းသိရသည်။
#NPNews

Related news

© 2021. All rights reserved.