ပျူစောထီးအဖွဲ့ ဖွဲ့စည်းထားခြင်းမရှိဟု စစ်ကောင်စီပြော

 1511

NP News - ဇွန် ၂၉

စစ်ကောင်စီက ပျူစောထီး အဖွဲ့ ဖွဲ့စည်းထားသည်ဆိုသော စကားသည် အခြေအမြစ်မရှိသော စွပ်စွဲချက်တာ သာဖြစ်သည်ဟု ပြောသည်။

စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း လူမှုကွန်ရက်စာမျက်နှာတွင် ပျူစောထီးအဖွဲ့ ဟူသော အသုံး အနှုန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး အဆိုပါနာမ်စားကို NLD ထောက်ခံသူများနှင့် ထင်ရှားသည့် လူမှုကွန်ရက် အကောင့်ပိုင်ရှင်များမှ စတင်၍ ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်ကို တွေ့ရှိရသည်။

“ပျူစောထီး အဖွဲ့ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ဖွဲ့စည်းထားတယ်ဆိုတာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ပါ။ နစက အနေနဲ့ ပြည်ထောင်စုဝန်ကြီးဌာနတွေ၊ ကော်မတီ ကော်မရှင်နဲ့ အခြားအဖွဲ့အစည်းတွေ ပြင်ဆင်ဖွဲ့စည်းမှုရှိရင် နိုင်ငံပိုင်သတင်းမီဒီယာတွေကနေ ထုတ်ပြန်ကြေညာလျက်ရှိပါတယ်” ဟု စစ်ကောင်စီ ဘက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပျူစောထီးအဖွဲ့ ကို စစ်ကောင်စီ၏ လက်ဝေခံဖြစ်သော ပြည်ခိုင်ဖြိုးပါတီနှင့် အေးနေဝင်း တို့ ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်ပြီး ၎င်းတို့သည် နောက်ကွယ်မှနေ၍ ထိန်းချုပ်ကိုင်တွယ်နေကြသည်ဟု သတ်မှတ်ထားကြသည်။

ယင်းအဖွဲ့သည် စစ်အာဏာရှင် ဆန္ဒပြပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများရှိခဲ့သည့်အပြင်
စစ်တပ်နှင့်ပတ်သက်သော သတင်းများနှင့် ဝါဒ ဖြန့်ရေးသားရန်နှင့် သီးသန့် ဖွဲ့စည်းထားသော အဖွဲ့တစ်ခုဖြစ်သည်ဟု ပြည်သူအများစုက ယုံကြည်ထားကြသည်။

#NPNews

Related news

© 2021. All rights reserved.