ဖမ်းဆီးထိန်းသိမ်းခံရသူများအား ဥပဒေနှင့်အညီ စစ်ဆေးကြောင်း စစ်ကောင်စီပြော
677
ပုံစာ- ဖမ်းဆီးထိန်းသိမ်းခံရပြီး ဇွန်လ ၃ဝရက်က ပြန်လည်လွတ်မြောက်လာသူများ
ရဲပြည့်(NP News) - ဇူလိုင် ၁
ဖမ်းဆီးထိန်းသိမ်းခံရသူများအား ဥပဒေနှင့်အညီ စစ်ဆေးနေခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သို့သော်လည်း အဖမ်းခံထားရသူများအနေဖြင့် စစ်ကြောရေးတွင် ရိုက်နှက်ကန်ကြောက်နှိပ်စက်ခြင်းများခံနေရ ကြောင်းသိရသည်။
“ဖေဖော်ဝါရီလ(၁)ရက်နေ့နောက်ပိုင်း အကြမ်းဖက်လှုပ်ရှားသူတွေကို ဖမ်းဆီးဖော်ထုတ်ထားတာတွေရှိပါတယ်။ ၎င်းတို့ကိုစစ်ဆေးတဲ့အခါမှာလည်း ဥပဒေနှင့်အညီစစ်ဆေးနေတာ ဖြစ်ပါတယ်။ ဥပဒေနဲ့အညီစစ်ဆေးသွားရန်လည်း ညွှန်ကြားကြပ်မတ်လျက်ရှိပါတယ်”ဟု ၎င်းကပြောသည်။
အင်းစိန်အကျဉ်းထောင်တွင် သုံလကြာဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် အမေရိကန်နိုင်ငံသို့ ပြန်ပို့ခံခဲ့ရသည့် ဦးနေသန်မောင်က စစ်ကောင်စီသည်စစ်ကြောရေးတွင် ဖမ်းဆီးထိန်းသိမ်းခံရသူများအား ညှင်းပန်းနှိပ်စက်ခဲ့ကြောင်း၊ ၎င်းအနေဖြင့်လည်းလျိုဝှက်စစ်ကြောရေးစခန်းသို့ပို့ဆောင်ခြင်းခံခဲ့ရပြီး ရိုက်နှက်ခြင်းခံခဲ့ရကြောင်း ၊ ရေ(၂) ရက် ကြာ မသောက်ရဘဲ အစာကိုလည်း (၃)ရက်ကြာ မစားဘဲနေထိုင်ခဲ့ရကြောင်း၊ လက်ထိပ်ခတ်ထားပြီး မျက်နှာကို သီတင်းပတ်(၂)ပတ်ကြာ အဝတ်စည်းထားပြီး စစ်ဆေးမေးမြန်းခံခဲ့ရကြောင်း CNN သတင်းဌာနသို့ ဖြေကြားခဲ့သည်။
ထို့ပြင် စစ်ကြောရေးတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသည့် GZ တစ်ဦး၏ ပြောပြချက်အရ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းတို့လိုချင်သည့်အဖြေမရမချင်းရိုက်နှက်ခံရကြောင်း သိရသည်။
#NPNews