ကနေဒါအနောက်ပိုင်းမှာ တောမီးလောင်မြိုက်မှုမျာဖြစ်ပွားခဲ့ပြီး နေထိုင်သူ ၁၀၀၀ ကျော်ကို နေရပ်ရွှေ့ပြောင်းကယ်ဆယ်မှုတွေ ပြုလုပ်ခဲ့ရ

 581

ရောင်နီ (NP News) - ဇူလိုင် ၂

ကနေဒါနိုင်ငံ၊ အနောက်ပိုင်းမှာ သုံးရက်ကြာ စံချိန်တင်အပူချိန်မြင့်တက်လာပြီးနောက် အပူပိုင်းတောမီး လောင်ကျွမ်းမှုများ ဖြစ်ပေါ်လာခဲ့ပြီး ကြာသပတေးနေ့မှာတော့ တာဝန်ရှိသူတွေက နေထိုင်သူတွေကို နေရပ်ရွှေ့ပြောင်းကာ ဘေးလွတ်ရာမှာ ပြန်လည်နေရာချထားဖို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

ဗြိတိသျှ ကိုလံဘီယာပြည်နယ်( British Columbia ) အလယ်ပိုင်းရှိ Lytton ကျေးရွာမှာ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းက တောမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ကျေးရွာအနီးတစ်ဝိုက်မှာ နေထိုင်ကြတဲ့ လူပေါင်း ၁၀၀၀ ကျော်ကို နေရပ်စွန့်ခွာ ရှောင်နေကြဖို့ သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း B.C ဝန်ကြီးချုပ် John Horgan ကသ တင်းထောက်များကို ပြောကြားခဲ့ပါတယ်။ အသက် (၆၀) အရွယ်ရှိ စုံတွဲတစ်တွဲ မီးလောင်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ Post Media က ဆိုပါတယ်။ သို့ပေမယ့် လူဘယ်လောက်များများ သေဆုံးခဲ့တယ်ဆိုတာကိုတော့ ရိုက်တာသတင်းဌာနက သီးခြားအတည်ပြုခြင်း မရှိသေးပါဘူး။ တောမီးကြောင့် Lytton ရှိ နေအိမ်များနဲ့ အဆောက်အအုံအများစု ပျက်စီးဆုံးရှုံးခဲ့ရပြီး ကျေးရွာရဲ့ ၉၀ ရာခိုင်နှုန်းခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ တာဝန်ရှိသူများက ဆိုပါတယ်။ တောမီးဟာ BC Hydro ဘူတာများနဲ့ အဝေးပြေးလမ်းများကို အကြီးအကျယ်ပျက်စီးစေခဲ့ပြီး Lytton ကိုသွားတဲ့ လမ်းကိုပါ ကန့်သတ်ထားတယ်လို့ Canyon မှ ပါလီမန်အမတ် Brad Vis က ပြောဆိုပါတယ်။ ဒေသတွင်း မီးလောင်မှုနေရာ စုစုပေါင်း ၆၂ နေရာရှိကာ ကာရစ်ဘီယံဒေသရှိ နေထိုင်သူ ၇၀၀ ခန့်ကို သက်ရောက်စေနိုင်တာကြောင့် အာဏာပိုင်များက ကယ်ဆယ်ရေး အမိန့်သစ်များ အားချင်းထုတ်ပြန်ခဲ့ရတယ်လို့ သိရပါတယ်။ အပျော်တမ်း ဗွီဒီယိုဖိုင်တစ်ခုမှာဆိုရင် Lytton ဒေသခံတွေဟာ သစ်ပင်များနဲ့ အချို့သော အဆောက်အ ဦ များ မီးလောင်ကျွမ်းမှုကြောင့် မော်တော်ကားများနဲ့ မြို့မှထွက်ခွာဖို့ ကြိုးပမ်းနေတာကို ပြသနေပါတယ်။

ဗုဒ္ဓဟူးနေ့က တစ်နာရီကို ၇၁ ကီလိုမီတာ (၄၄ မိုင်) အထိ တိုက်ခတ်တဲ့ လေကြောင့် ယင်းဒေသရှိ တောမီးလောင်ကျွမ်းမှုကို အရှိန်မြင့်ခဲ့ပါတယ်။ အဆိုပါပြည်နယ်ဟာ လွန်ခဲ့တဲ့ ငါးရက်အတွင်း ရုတ်တရက် သေဆုံးသူ အနည်းဆုံး ၄၈၆ ဦးထိရှိခဲ့ပြီး ယခင်သေဆုံးမှုနှုန်းတွေထက် ၃ ဆ ပိုများလာတယ်လို့ Coroners Service က ပြောကြားခဲ့ပါတယ်။

Related news

© 2021. All rights reserved.