တာချီလိတ်မြိ့နယ်တွင် (၉)ရက်အတွင်း ကိုဗစ်ကူးစက်ခံရသူ ၁၄ဝ ခန့်ရှိလာ

219

ရဲပြည့် (NP News) - ဇူလိုင် ၆
တာချီလိတ်မြို့နယ်တွင် ဇွန်လ(၂၈)ရက်နေ့မှ ဇူလိုင်လ(၆)ရက်အထိ ကိုဗစ်ကူးစက်ခံရသူ (၁၃၈) ဦး ရှိလာသဖြင့် ပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်ပြင်မထွက်ကြရန် ခရိုင်(COVID-19)ရောဂါကာကွယ်၊ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၊ တာချီလိတ်မြို့မှ ဇူလိုင်လ ၅ရက်က သတိပေးချက်ထုတ်ပြန်ထားသည်။
ဇွန်လ(၂၈)ရက်နေ့တွင် အတည်ပြုလူနာ(၁)ဦးထံမှ ကိုဗစ်ရောဂါ စတင်တွေ့ရှိခဲ့ရာမှ ၎င်းနှင့်ထိတွေ့ခဲ့သူများ၊သွားလာခဲ့သည့်နေရာများအား စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်ပြီး ကိုးရက်အတွင်း ကိုဗစ်အတည်ပြုလူနာ (၁၃၈)ဦးအထိ ရှိလာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
တာချီလိတ်မြို့နယ် ကိုဗစ်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ခရိုင်ကော်မတီ၏ ထုတ်ပြန်ချက်တွင် ပြည်သူများအနေဖြင့် တတ်နိုင်သမျှ မိမိတို့နေအိမ်တွင်သာ နေထိုင်ကြရန်၊ လူစုလူဝေးရှိသည့်နေရာများအား လုံးဝမသွားရောက်ရန်၊ လူတိုင်း Mask တပ်ထားကြရန်နှင့် လက်ကိုမကြာခဏဆေးကြရန် တိုက်တွန်နှိုးဆော်ထားသည်။
ထို့ပြင် ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့ခဲ့မိသူများ၊ ရောဂါရှိမရှိ စစ်ဆေးလိုသူများနှင့် ရောဂါလက္ခာဏာများဖြစ်သည့် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အနံ့ပျောက်ခြင်း၊ အသက်ရှုရခက်ခဲခြင်းများ ခံစားလာရပါက နီးစပ်ရာ ကျန်းမာ ရေးဌာနများနှင့် အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်သတင်းပေးပိုခြင့်ဖြင့် ပူး ပေါင်းပါဝင်ကြရန် ထုတ်ပြန်ထားသည်။
တာချီလိတ်မြို့တွင် ကိုဗစ်သံသယရှိသူများအနေဖြင့် ဆေးရုံဟောင်းအတွင်းရှိ Fever Clinic သို့ လာရောက်ပြီး ငွေကျပ် ၁ဝဝဝဝ ပေး၍ စစ်ဆေးနိုင်ကြောင်း သိရသည်။
#NPNews