ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ့များတင်သွင်းသည့် ရာဇဝတ်ပြင်ဆင်မှုကို ခရိုင်တရားရုံးက ပလပ်ခဲ့သည့်အတွက် တိုင်းတရားလွှတ်တော်အထိ ဆက်တက်မည်
399
NP News - ဇူလိုင် ၆
ဒေါ်အောင်ဆန်းကြည်၊ ဦးဝင်းမြင့် နှင့် ဒေါက်တာမျိုးအောင် တို့ကို စွဲဆိုထားတဲ့ပုဒ်မ ၅ဝ၅(ခ) အမှုအတွက် တရားလိုသက်သေအဖြစ်တင်သွင်းခဲ့တဲ့ သက်သေခံတင်သွင်းသည့် စာရွက်စာတမ်း နှစ်စောင်ကို ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဘက်က ရာဇဝတ်ကျင့်ထုံးဥပဒေအရ ဇူလိုင် ၅ရက် တွင် ဒက္ခိဏခရိုင် တရားရုံး၌ ရာဇဝတ်ပြင်ဆင်မှုတင်သွင်းခဲ့ရာ ပလပ်ခဲ့ကြောင်းသိရသည်။
အဆိုပါပလပ်သည့်အမိန့်ကို ထပ်ကူးပြီးတိုင်းတရားလွှတ်တော်အထိဆက်တက်သွားမည်ဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကပြောသည်။ အဆိုပါ သက်သေခံတင်သွင်းသည့် စာရွက်စာ တမ်းနှစ်စောင်ကို မြို့နယ်အဆင့်တရားရုံးက ဇွန်လ ၂၉ ရက်တွင် ကြားဖြတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ၅ဝ၅ (ခ) အမှုသည် စစ်တပ်အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ၃ ဦးလုံး ထိန်း သိမ်းခံထားရချိန်တွင် ထပ်တိုးလာတဲ့အမှုတစ်ခုဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ လူမှုကွန် ရက်စာမျက်နှာတွင် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဖေဖော်ဝါရီ ၇ ရက်တွင် နိုင်ငံခြား သံရုံးများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို ပေးပို့ခဲ့သည့်စာကို တရားလိုဘက်က သက်သေခံအဖြစ်တင်သွင်းလာသည့်စာတွင် စစ်အာဏာသိမ်းအစိုးရနှင့် မပူးပေါင်းရန် ဦးဝင်းမြင့် သာလျှင် သမ္မတ ဖြစ်သည်ဆိုသည့် အကြောင်းအရာများပါဝင်ကြောင်း သိရသည်။
#NPNews