မြန်မာ- တရုတ် နယ်စပ် ကုန်စည်စီးဆင်းမှု ၈ဝ ရာခိုင်နှုန်းကျော် ကျဆင်း

 527

NP News - ဇူလိုင် ၇

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးလုပ်ဆောင်နေသည့် နယ်စပ်မြို့များကို ကိုဗစ်ရောဂါ အကြောင်းပြချက်ဖြင့် ပိတ်လိုက်သည့်အတွက် ကုန်စည် စီးဆင်းမှု ၈ဝ ရာခိုင်နှုန်းကျော်ကျဆင်းသွားကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒု ဥက္ကဋ္ဌ ဦးမင်းသိန်းကပြောသည်။

“ရွှေလီ၊ ကျယ်ခေါင်ကို lock down ချလိုက်တယ်။ ဝမ်တိန်-ကျင့်စန်းကျော့၊ ကျင့်စန်းကျော့- ဝမ်တိန်ဂိတ်ကို ပဲဖွင့်ထားတယ်။ တရုတ်နဲ့ ကုန်သွယ်မှုတော့ ဝမ်တိန်- ကျင့်စန်းကျော့တစ်ပေါက်ပဲရှိတော့တယ်။ အဲဒီအပေါက်ကလည်း နေ့ပိတ်မလား ညပိတ်မလားမသိဘူး။ စောင့်ကြည့်နေရတယ်။ အရင်နှစ် ဒီအချိန်နဲ့နှိုင်းယှဉ်ရင် ၈ဝ ရာခိုင်နှုန်းကျော်ကျသွားတယ်” ဟု ၎င်းကပြောသည်။

ယခင်က အဆိုပါ ဝမ်တိန်-ကျင့်စန်းကျော့ ဂိတ်ပေါက်မှ ကုန်ကားအစီး ၃ဝဝ ခန့်ကုန်သွယ်မှုလုပ်နိုင်ပြီး လက်ရှိအချိန်တွင် အစီးရေ ၄ဝ ခန့်သာကုန်သွယ်နိုင်တော့ကြောင်း သိရသည်။

အဆိုပါ ဂိတ်မှဝင်ရောက်ချိန်တွင်လည်း အစားထိုးယာဉ်မောင်းစနစ်ဖြင့်သာသွားနေရကြောင်း၊ ကုန်ကား တန်ဆာခအနေဖြင့် ကုန်စည် တစ်ပိဿလျှင် ၂၄ဝကျပ်ပေးဆောင်နေရကြောင်း သိရသည်။
#NPNews

Related news

© 2021. All rights reserved.